Friday, December 26, 2014

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များ SNDP ပါတီမှ နုတ်ထွက်လျှင် လျော်ကြေး ၁၀ ဆ ပေးဆောင်ရမည်


Photo: ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များ SNDP ပါတီမှ နုတ်ထွက်လျှင် လျော်ကြေး ၁၀ ဆ ပေးဆောင်ရမည်
Friday, December 26, 2014 

ရှမ်းတိုင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ၂၀၁၅ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များ ရွေးကောက်ပွဲအပြီး ပါတီမှ နုတ်ထွက်လျှင် လျော်ကြေးငွေအဖြစ် ကိုယ်စားလှယ်ကြေး၏ ၁၀ ဆ ပါတီသို့ ပြန်ပေးရမည် ဖြစ်ကြောင်း SNDP ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

ဒီဇင်ဘာလ ၁၉ နှင့် ၂၀ ရက် နှစ်ရက်တိုင် ပြုလုပ်သော SNDP ၏ နဝမအကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးက အထက်ပါအတိုင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

SNDP ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ပြီး ကိုယ်စားလှယ်ဖြစ်ပြီးမှ နုတ်ထွက်သွားမည့်သူများ ရှိလာနိုင်သောကြောင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်ကြေး ငါးသိန်းဖြစ်ပါက ပါတီသို့ သိန်း (၅၀) လျော်ကြေးပေးဆောင်ရမည့် ခံဝန်စာချုပ်ကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်လောင်းများက လက်မှတ်ထိုးရမည် ဖြစ်ကြောင်း ဦးရဲထွန်းက ဆိုသည်။

“၂၀၁၀ တုန်းက SNDP ကနေပြီး ကိုယ်စားလှယ် ဖြစ်ခဲ့ပေမယ့်၊ တခြားပါတီတွေကို ကူးပြောင်းသွားတဲ့ ကိုယ်စားလှယ်တွေ ရှိတယ်၊ အဲဒါမျိုးတွေ ထပ်မဖြစ်အောင် ပါတီက မူဝါဒတစ်ရပ် ချတာပါ” ဟု ၎င်းကဆိုသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးသည် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သို့ ၂၀၁၄ ခုနှစ်အတွင်း ပြောင်းရွှေ့ခဲ့သည်။

ယင်းသို့ ပါတီ ပြောင်းရွှေ့သွားသူများက SNDP ပါတီ၏ မူဝါဒများသည် အများပြည်သူဆန္ဒနှင့် ကိုက်ညီမှု မရှိသောကြောင့် နုတ်ထွက်ခဲ့ရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

ယင်းသို့ လွှတ်တော်ကိုယ်စားလှယ်များ ပါတီပြောင်းရွှေ့ခြင်းသည် ကိုယ်စားလှယ်များ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက် လုပ်ပိုင်ခွင့်သာ ဖြစ်ကြောင်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA ညီလာခံတွင် ပြောကြားခဲ့သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၅၇ နေရာတွင် အနိုင်ရရှိထားသည့် ပြည်ထောင်စုလွှတ်တော် အတွင်း တတိယ မဲအများဆုံး ပါတီဖြစ်သည်။

The Voice Weekly

ရှမ်းတိုင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ၂၀၁၅ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များ ရွေးကောက်ပွဲအပြီး ပါတီမှ နုတ်ထွက်လျှင် လျော်ကြေးငွေအဖြစ် ကိုယ်စားလှယ်ကြေး၏ ၁၀ ဆ ပါတီသို့ ပြန်ပေးရမည် ဖြစ်ကြောင်း SNDP ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

ဒီဇင်ဘာလ ၁၉ နှင့် ၂၀ ရက် နှစ်ရက်တိုင် ပြုလုပ်သော SNDP ၏ နဝမအကြိမ်မြောက် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ အစည်းအဝေးက အထက်ပါအတိုင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

SNDP ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ပြီး ကိုယ်စားလှယ်ဖြစ်ပြီးမှ နုတ်ထွက်သွားမည့်သူများ ရှိလာနိုင် သောကြောင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်ကြေး ငါးသိန်းဖြစ်ပါက ပါတီသို့ သိန်း (၅၀) လျော်ကြေးပေး ဆောင်ရမည့် ခံဝန်စာချုပ်ကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်လောင်းများက လက်မှတ်ထိုးရမည် ဖြစ်ကြောင်း ဦးရဲထွန်းက ဆိုသည်။

“၂၀၁၀ တုန်းက SNDP ကနေပြီး ကိုယ်စားလှယ် ဖြစ်ခဲ့ပေမယ့်၊ တခြားပါတီတွေကို ကူးပြောင်းသွားတဲ့ ကိုယ်စားလှယ်တွေ ရှိတယ်၊ အဲဒါမျိုးတွေ ထပ်မဖြစ်အောင် ပါတီက မူဝါဒတစ်ရပ် ချတာပါ” ဟု ၎င်းကဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးသည် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သို့ ၂၀၁၄ ခုနှစ်အတွင်း ပြောင်းရွှေ့ခဲ့သည်။

ယင်းသို့ ပါတီ ပြောင်းရွှေ့သွားသူများက SNDP ပါတီ၏ မူဝါဒများသည် အများပြည်သူဆန္ဒနှင့် ကိုက်ညီမှု မရှိသောကြောင့် နုတ်ထွက်ခဲ့ရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

ယင်းသို့ လွှတ်တော်ကိုယ်စားလှယ်များ ပါတီပြောင်းရွှေ့ခြင်းသည် ကိုယ်စားလှယ်များ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက် လုပ်ပိုင်ခွင့်သာ ဖြစ်ကြောင်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA ညီလာခံတွင် ပြောကြားခဲ့သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၅၇ နေရာတွင် အနိုင်ရရှိထားသည့် ပြည်ထောင်စု လွှတ်တော် အတွင်း တတိယ မဲအများဆုံး ပါတီဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List