Monday, December 22, 2014

UPWC နှင့် NCCT တို့၏ ယနေ့ဆွေးနွေးပွဲသို့ တပ်ကိုယ်စားလှယ်များ တက်မည်မဟုတ်


ပြည်ထောင်စုငြိမ်းချမ်း ရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်း ရေးအဖွဲ့ (NCCT) တို့ ယနေ့ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မြန်မာ့တပ်မတော်မှ ကိုယ်စား လှယ်များ တက်ရောက်ဆွေးနွေး မည်မဟုတ်ကြောင်း သတင်းရရှိ သည်။
‘‘ဆွေးနွေးပွဲပုံစံကြောင့်ပါ။ တပ်မတော်ဘက်က အရမ်းတက် ချင်ပါတယ်’’ဟု မြန်မာငြိမ်းချမ်း ရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန အကြီးတန်းအကြံပေး တစ်ဦးက ပြောသည်။

ထို့အပြင် ယခုဆွေးနွေးပွဲသို့ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင် ဟံသာနှင့် KIA ဒုတိယစစ်ဦးစီး ချုပ် ဗိုလ်ချုပ် ဂွန်မော်တို့လည်း တက်ရောက်မည် မဟုတ်ပေ။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းနှင့်ပတ် သက်၍ UPWC နှင့် NCCT အဖွဲ့ဆွေးနွေးပွဲကို မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာနတွင် ဒီဇင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး NCCT ဘက်မှ ကိုးဦးတက်ရောက်မည် ဖြစ်သည်။ 

အဆိုပါဆွေးနွေးပွဲသို့ ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အခြားပြည်ထောင်စုဝန်ကြီး များဖြစ်သည့် ဦးခင်ရီ၊ ဦးခင်မောင် စိုးနှင့် ဒုတိယဗိုလ်ချုပ်ကြီး သက် နိုင်ဝင်း၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် လွှတ်တော်ဘက်မှ ဦးသိန်းဇော်တို့ တက်ရောက်ကြမည် ဖြစ်သည်။

NCCT ဘက်မှ ဒုတိယအဖွဲ့ ခေါင်းဆောင် ဖဒိုစောကွယ်ထူး ၀င်းနှင့်အတူ ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်း၊ ဗိုလ်မှူးကြီးခွန်ဥက္ကာအပါအ၀င် စုစုပေါင်း ကိုးဦးတက်ရောက်မည် ဖြစ်သည်။

သို့သော် NCCT အဖွဲ့ခေါင်း ဆောင် ဦးနိုင်ဟံသာနှင့် KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်တို့မှာမူ KIA ဌာနချုပ်အနီးရှိ ဗိုလ်သင်တန်းကျောင်းကို မြန်မာ့တပ်မတော်က လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့သည့် ကိစ္စကြောင့် ယခု ဆွေးနွေးပွဲ မတက်ရောက်ခဲ့ခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းနှင့် ပတ် သက်သော ဆွေးနွေးပွဲများတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော် နှင့် တိုင်းရင်းသားကိုယ်စားလှယ် စသည့် အဖွဲ့ လေးဖွဲ့မှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြပြီး မြန်မာတပ်မတော်ဘက်မှ ဒုတိယ ဗိုလ်ချုပ်ကြီး သုံးဦးခန့် ပုံမှန်တက် ရောက်ဆွေးနွေးခဲ့ကြသည်။

ယနေ့ပြုလုပ်မည့် ဆွေးနွေး ပွဲတွင် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း၌ သ ဘောတူရန် ကျန်ရှိနေသည့် အဓိ ကအချက် ရှစ်ချက်ကို ဆွေးနွေးကြမည် ဖြစ်သည်။

7Day Daily

No comments:

Post a Comment

My Blog List