Monday, December 22, 2014

သမ္မတအကြံပေး ဦးနေဇင်လတ်၏ AMBO အိမ်ရာစီမံကိန်း မြေနေရာနှင့် ပတ်သက်၍ ဆက်လက် မလုပ်ဆောင်ရန် ချောင်းသာကျေးရွာသားများ တားမြစ်ရာမှ လူစုလူဝေး ဖြစ်ပေါ်


Photo: သမ္မတအကြံပေး ဦးနေဇင်လတ်၏ AMBO အိမ်ရာစီမံကိန်း မြေနေရာနှင့် ပတ်သက်၍ ဆက်လက် မလုပ်ဆောင်ရန် ချောင်းသာကျေးရွာသားများ တားမြစ်ရာမှ လူစုလူဝေး ဖြစ်ပေါ်
Monday, December 22, 2014

ပုသိမ်ခရိုင် ရွှေသောင်ယံမြို့နယ်ခွဲ ချောင်းသာကျေးရွာတွင် မူလပိုင်ရှင်များနှင့် ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော သမ္မတအကြံပေး ဦးနေဇင်လတ်၏ AMBO အိမ်ရာစီမံကိန်း မြေနေရာ ကွင်းအမှတ် ၁၉၉ဝ နှင့် ပတ်သက်၍ စီမံကိန်း ဆက်လက်မလုပ်ဆောင်ရန် ဒေသခံများနှင့် မြို့နယ်တာဝန်ရှိသူများ တားမြစ်သည့်ကြားမှ ဆက်လက်လုပ်ဆောင်မှုကြောင့် မူလပိုင်ရှင် ရွာသားများက AMBO အိမ်ရာစီမံကိန်း၏ အုတ်တံတိုင်းများ ကာရံနေမှုကို ဒီဇင်ဘာ ၂ဝ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဝင်ရောက်တားဆီးရာမှ လူစုလူဝေး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ချောင်းသာကမ်းခြေတွင် ၁၉၉၇ ခုနှစ်၌ ဖွံဖြိုးရေးမြေအဖြစ် ဆောင်ရွက်ရန်ဟုဆိုကာ ကျေးရွာနေပြည်သူ လေးဦး ပိုင်ဆိုင်သော ကွင်းအမှတ် ၁၉၉ဝ-ဦးပိုင်အမှတ် N ၁၄/၂ အုန်းခြံဥယျာဉ်မြေကို ယခင် ခ.ဝ.တ ဥက္ကဋ္ဌ ဗိုလ်မှူးရင်စိန်က သိမ်းယူခဲ့ကြောင်း၊ ထိုသို့ သိမ်းယူစဉ်က မြေယာနစ်နာကြေး တစ်စုံတစ်ရာ ပေးအပ်ခဲ့ခြင်း မရှိဘဲ ဥယျာဉ်မြေပေါ်တွင် စိုက်ပျိုးထားသည့် အုန်းပင်များကိုသာ အပင်အရေအတွက်အလိုက် စိုက်ပျိုးခဲ့သည့်ကြေး ပေးချေခဲ့ကြောင်း၊ ယင်းနောက် သိမ်းယူခဲ့သော မြေနေရာများကို ဖွံဖြိုးရေးမြေအဖြစ် ဆောင်ရွက်ခဲ့ခြင်း မရှိဘဲ ဦးနေဇင်လတ်ထံ ရောင်းချခဲ့ပြီး AMBO ဟိုတယ်နှင့် အိမ်ရာစီမံကိန်းများ ဆောက်လုပ်နေသောကြောင့် မူလပိုင်ရှင် ရွာသားများမှ စီမံကိန်း အကောင်အထည်မဖော်သည့် မြေနေရာကို ပြန်လည်ပေးအပ်ရန် ပြည်သူ့လွှတ်တော် လယ်ယာမြေစုံစမ်းရေးကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း၊ သို့သော်လည်း အငြင်းပွားမြေနေရာနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မကျသေးမီ အချိန်အတွင်း သမ္မတအကြံပေး ဦးနေဇင်လတ်မှ မြေဂရန် ရရှိပြီးဖြစ်သောကြောင့် ရေနုတ်မြောင်း ဖောက်လုပ်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ ပလက်ဖောင်း ပြုလုပ်ခြင်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုမှုဖြင့် ဆောင်ရွက်ခဲ့သောကြောင့် ဒေသခံများက တားဆီးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ဦးနေဇင်လတ်၏ ကိုယ်စားလှယ် ဦးသန့်ဇင်အောင်ကို လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခြင်း မပြုရန် အကြောင်းကြားစာများ ပေးပို့ခဲ့သော်လည်း လိုက်နာမှုများ မရှိသဖြင့် မူလပိုင်ရှင် ရွာသားများက AMBO အိမ်ရာစီမံကိန်း၏ အုတ်တံတိုင်းများ ကာရံနေမှုကို ဝင်ရောက်တားဆီးရာမှ လူစုလူဝေးများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ကျွန်မတို့က လုပ်ငန်းဆက်မလုပ်ဖို့ တားတာ အကြိမ်ကြိမ်ပဲ။ သူတို့က ဥပဒေကို မလိုက်နာဘဲ ဆက်လုပ်နေလို့ ကျွန်မတို့လည်း ဝင်ပြီးခြံခတ်တယ်။ ခြံဝင်ခတ်တော့ သူတို့က တရားစွဲတယ်။ ပုဒ်မ ၄၄၇ နဲ့လေးမှု၊ တရားမမှုက တစ်မှု၊ ဝင်ရောက်လုပ်ကိုင်တာက ငါးယောက်ကို သူတို့တရားစွဲတာက ၃ဝ ကျော်လောက် ရှိတယ်။ သမ္မတအကြံပေး ဒေါက်တာနေဇင်လတ်က နိုင်ငံပိုင် သတင်းစာကနေ ကိုယ်စားအဖြစ် လွှဲပေးခဲ့တဲ့ ဦးသန့်ဇင်အောင်က စွဲတာ။ မနေ့ကလည်း တားမြစ်ထားတဲ့ကြားက ဥပဒေကို မလိုက်နာဘဲ ဆက်လုပ်နေလို့ မူလပိုင်ရှင်တွေက ဝင်တားတာ။ သူတို့ဘက်ကလည်း လူ ၅ဝ လောက် ရှိတယ်။ ကျွန်မတို့ဘက်ကလည်း လူ ၅ဝ လောက် ရပ်ကြည့်နေတော့ လူစုလူဝေး ဖြစ်ခဲ့ရတာ။ ရဲနဲ့ တာဝန်ရှိသူတွေ လာရှင်းပေးပါတယ်။ ကျွန်မတို့က ဥပဒေအတိုင်း သမ္မတကြီးနဲ့ လွှတ်တော်က ဆုံးဖြတ်တဲ့အတိုင်း မူလပိုင်ရှင်တွေကို ပြန်ပေးပါလို့ တောင်းဆိုတာပါ” ဟု မူလပိုင်ရှင် တစ်ဦးဖြစ်ပြီး တရားစွဲဆိုခံထားရသူ မအေးအေးအောင်က ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားသည်။

အငြင်းပွားမြေတွင် AMBO အိမ်ရာစီမံကိန်းဘက်မှ လုပ်ငန်းများ ဆက်လက်မလုပ်ဆောင်ရန် တားမြစ်ထားသည့်ကြားမှ ဆက်လက်လုပ်ဆောင်နေသောကြောင့် မူလပိုင်ရှင်များက ခြံဝင်းခတ်ရန် ဝင်ရောက်ရာတွင် မူလပိုင်ရှင်များသာမက လုပ်ငန်းလုပ်ဆောင်ရာ၌ မပါဝင်သော ပြင်ပရှိ ကျေးရွာသားများကိုပါ သမ္မတအကြံပေး ဦးနေဇင်လတ်၏ ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က တရားစွဲဆိုမှုများ ပြုလုပ်ထားကြောင်း တရားစွဲဆို ခံထားရသူများထံမှ သိရသည်။

“တရားစွဲတဲ့အထဲမှာ ကျွန်တော်ပါနေတယ်ဆိုလို့ တော်တော်အံ့ဩသွားတာ။ တရားစွဲတဲ့ အမှုအခင်းဖြစ်တဲ့နေ့မှာ ကျွန်တော်က ချောင်းသာမှာတောင် မရှိဘူး။ သူတို့က မအေးအေးအောင်ကို မူတည်ပြီးတော့ စွဲတာ၊ တရားစွဲခံရမှ လိုက်လေ့လာတော့ ဒီမူလပိုင်ရှင်တွေမှာ တရားဝင်ပြေစာတွေ ပါရှိတယ်။ ဥပဒေအရ နှစ်ဖက်လုံးကို တရားဝင် ဆက်မလုပ်ဖို့ ကန့်ကွက်ထားတာကို AMBO ဘက်က ဆက်လုပ်နေပြီးမှ မူလပိုင်ရှင်တွေကို တရားစွဲတာ” ဟု အခင်းဖြစ်ပွားရာတွင် မပါဝင်ဘဲ တရားစွဲဆိုခံထားရသည့် ကိုမြင့်စိုးအောင်က ဆိုသည်။

“ဒီဇင်ဘာ ၂ဝ ရက် မွန်းလွဲ ၁ နာရီလောက်မှာ အဲဒီနေရာရဲ့ မူလပိုင်ရှင်တွေက သူတို့ဘက်က တောင်းဆိုထားတာကျတော့ အကြောင်းမပြန်ဘူး။ ဟိုဘက်ကတော့ ဆက်လုပ်နေတယ် ဆိုပြီးတော့ AMBO ဘက်က တူးတဲ့မြောင်းတွေ ဘာတွေကို ပြန်ဖို့တာတွေ ဘာတွေလုပ်တယ်။ လုပ်ငန်းဆက်လုပ်နေလို့ မူလပိုင်သူတွေက တားမြစ်ရင်းကနေ လူစုလူဝေးဖြစ်တာ။ ဒေသအေးချမ်းဖို့အတွက် ရဲတို့ဘာတို့နဲ့ ဝင်ရောက်ဆောင်ရွက် ပေးထားပါတယ်” ဟု ချောင်းသာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောကြားသည်။ 

Eleven Media Group 

ချောင်းသာကျေးရွာမှ မူလပိုင်ရှင်များ ၀င်ရောက်တားဆီးခဲ့သည့် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းအား တွေ့ရစဉ်
ချောင်းသာကျေးရွာမှ မူလပိုင်ရှင်များ ၀င်ရောက်တားဆီးခဲ့သည့် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းအား တွေ့ရစဉ် 

ပုသိမ်ခရိုင် ရွှေသောင်ယံမြို့နယ်ခွဲ ချောင်းသာကျေးရွာတွင် မူလပိုင်ရှင်များနှင့် ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော သမ္မတအကြံပေး ဦးနေဇင်လတ်၏ AMBO အိမ်ရာစီမံကိန်း မြေနေရာ ကွင်းအမှတ် ၁၉၉ဝ နှင့် ပတ်သက်၍ စီမံကိန်း ဆက်လက်မလုပ်ဆောင်ရန် ဒေသခံများနှင့် မြို့နယ်တာဝန်ရှိသူများ တားမြစ်သည့်ကြားမှ ဆက်လက်လုပ်ဆောင်မှုကြောင့် မူလပိုင်ရှင် ရွာသားများက AMBO အိမ်ရာစီမံကိန်း၏ အုတ်တံတိုင်းများ ကာရံနေမှုကို ဒီဇင်ဘာ ၂ဝ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဝင်ရောက်တားဆီးရာမှ လူစုလူဝေး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ချောင်းသာကမ်းခြေတွင် ၁၉၉၇ ခုနှစ်၌ ဖွံဖြိုးရေးမြေအဖြစ် ဆောင်ရွက်ရန်ဟုဆိုကာ ကျေးရွာနေပြည်သူ လေးဦး ပိုင်ဆိုင်သော ကွင်းအမှတ် ၁၉၉ဝ-ဦးပိုင်အမှတ် N ၁၄/၂ အုန်းခြံဥယျာဉ်မြေကို ယခင် ခ.ဝ.တ ဥက္ကဋ္ဌ ဗိုလ်မှူးရင်စိန်က သိမ်းယူခဲ့ကြောင်း၊ ထိုသို့ သိမ်းယူစဉ်က မြေယာနစ်နာကြေး တစ်စုံတစ်ရာ ပေးအပ်ခဲ့ခြင်း မရှိဘဲ ဥယျာဉ်မြေပေါ်တွင် စိုက်ပျိုးထားသည့် အုန်းပင်များကိုသာ အပင်အရေ အတွက်အလိုက် စိုက်ပျိုးခဲ့သည့်ကြေး ပေးချေခဲ့ကြောင်း၊ ယင်းနောက် သိမ်းယူခဲ့သော မြေနေရာများကို ဖွံဖြိုးရေးမြေအဖြစ် ဆောင်ရွက်ခဲ့ခြင်း မရှိဘဲ ဦးနေဇင်လတ်ထံ ရောင်းချခဲ့ပြီး AMBO ဟိုတယ်နှင့် အိမ်ရာစီမံကိန်းများ ဆောက်လုပ်နေသောကြောင့် မူလပိုင်ရှင် ရွာသားများမှ စီမံကိန်း အကောင်အထည် မဖော်သည့် မြေနေရာကို ပြန်လည်ပေးအပ်ရန် ပြည်သူ့လွှတ်တော် လယ်ယာမြေစုံစမ်းရေးကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း၊ သို့သော်လည်း အငြင်းပွားမြေနေရာနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မကျသေးမီ အချိန်အတွင်း သမ္မတအကြံပေး ဦးနေဇင်လတ်မှ မြေဂရန် ရရှိပြီးဖြစ်သောကြောင့် ရေနုတ်မြောင်း ဖောက်လုပ်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ ပလက်ဖောင်း ပြုလုပ်ခြင်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုမှုဖြင့် ဆောင်ရွက်ခဲ့သောကြောင့် ဒေသခံများက တားဆီးရာတွင် မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ဦးနေဇင်လတ်၏ ကိုယ်စားလှယ် ဦးသန့်ဇင်အောင်ကို လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခြင်း မပြုရန် အကြောင်းကြား စာများ ပေးပို့ခဲ့သော်လည်း လိုက်နာမှုများ မရှိသဖြင့် မူလပိုင်ရှင် ရွာသားများက AMBO အိမ်ရာစီမံကိန်း၏ အုတ်တံတိုင်းများ ကာရံနေမှုကို ဝင်ရောက်တားဆီးရာမှ လူစုလူဝေးများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ကျွန်မတို့က လုပ်ငန်းဆက်မလုပ်ဖို့ တားတာ အကြိမ်ကြိမ်ပဲ။ သူတို့က ဥပဒေကို မလိုက်နာဘဲ ဆက်လုပ်နေလို့ ကျွန်မတို့လည်း ဝင်ပြီးခြံခတ်တယ်။ ခြံဝင်ခတ်တော့ သူတို့က တရားစွဲတယ်။ ပုဒ်မ ၄၄၇ နဲ့လေးမှု၊ တရားမမှုက တစ်မှု၊ ဝင်ရောက်လုပ်ကိုင်တာက ငါးယောက်ကို သူတို့တရားစွဲတာက ၃ဝ ကျော်လောက် ရှိတယ်။ သမ္မတအကြံပေး ဒေါက်တာနေဇင်လတ်က နိုင်ငံပိုင် သတင်းစာကနေ ကိုယ်စားအဖြစ် လွှဲပေးခဲ့တဲ့ ဦးသန့်ဇင်အောင်က စွဲတာ။ မနေ့ကလည်း တားမြစ်ထားတဲ့ကြားက ဥပဒေကို မလိုက်နာဘဲ ဆက်လုပ်နေလို့ မူလပိုင်ရှင်တွေက ဝင်တားတာ။ သူတို့ဘက်ကလည်း လူ ၅ဝ လောက် ရှိတယ်။ ကျွန်မတို့ဘက်ကလည်း လူ ၅ဝ လောက် ရပ်ကြည့်နေတော့ လူစုလူဝေး ဖြစ်ခဲ့ရတာ။ ရဲနဲ့ တာဝန်ရှိသူတွေ လာရှင်းပေးပါတယ်။ ကျွန်မတို့က ဥပဒေအတိုင်း သမ္မတကြီးနဲ့ လွှတ်တော်က ဆုံးဖြတ်တဲ့အတိုင်း မူလပိုင်ရှင်တွေကို ပြန်ပေးပါလို့ တောင်းဆိုတာပါ” ဟု မူလပိုင်ရှင် တစ်ဦးဖြစ်ပြီး တရားစွဲဆိုခံထားရသူ မအေးအေးအောင်က ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားသည်။

အငြင်းပွားမြေတွင် AMBO အိမ်ရာစီမံကိန်းဘက်မှ လုပ်ငန်းများ ဆက်လက်မလုပ်ဆောင်ရန် တားမြစ်ထားသည့်ကြားမှ ဆက်လက်လုပ်ဆောင်နေသောကြောင့် မူလပိုင်ရှင်များက ခြံဝင်းခတ်ရန် ဝင်ရောက်ရာတွင် မူလပိုင်ရှင်များသာမက လုပ်ငန်းလုပ်ဆောင်ရာ၌ မပါဝင်သော ပြင်ပရှိ ကျေးရွာသား များကိုပါ သမ္မတအကြံပေး ဦးနေဇင်လတ်၏ ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က တရားစွဲဆိုမှုများ ပြုလုပ်ထားကြောင်း တရားစွဲဆို ခံထားရသူများထံမှ သိရသည်။

“တရားစွဲတဲ့အထဲမှာ ကျွန်တော်ပါနေတယ်ဆိုလို့ တော်တော်အံ့ဩသွားတာ။ တရားစွဲတဲ့ အမှုအခင်း ဖြစ်တဲ့နေ့မှာ ကျွန်တော်က ချောင်းသာမှာတောင် မရှိဘူး။ သူတို့က မအေးအေးအောင်ကို မူတည်ပြီးတော့ စွဲတာ၊ တရားစွဲခံရမှ လိုက်လေ့လာတော့ ဒီမူလပိုင်ရှင်တွေမှာ တရားဝင်ပြေစာတွေ ပါရှိတယ်။ ဥပဒေအရ နှစ်ဖက်လုံးကို တရားဝင် ဆက်မလုပ်ဖို့ ကန့်ကွက်ထားတာကို AMBO ဘက်က ဆက်လုပ်နေပြီးမှ မူလပိုင်ရှင်တွေကို တရားစွဲတာ” ဟု အခင်းဖြစ်ပွားရာတွင် မပါဝင်ဘဲ တရားစွဲဆိုခံထားရသည့် ကိုမြင့်စိုးအောင်က ဆိုသည်။

“ဒီဇင်ဘာ ၂ဝ ရက် မွန်းလွဲ ၁ နာရီလောက်မှာ အဲဒီနေရာရဲ့ မူလပိုင်ရှင်တွေက သူတို့ဘက်က တောင်းဆို ထားတာကျတော့ အကြောင်းမပြန်ဘူး။ ဟိုဘက်ကတော့ ဆက်လုပ်နေတယ် ဆိုပြီးတော့ AMBO ဘက်က တူးတဲ့မြောင်းတွေ ဘာတွေကို ပြန်ဖို့တာတွေ ဘာတွေလုပ်တယ်။ လုပ်ငန်းဆက်လုပ်နေလို့ မူလပိုင်သူ တွေက တားမြစ်ရင်းကနေ လူစုလူဝေးဖြစ်တာ။ ဒေသအေးချမ်းဖို့အတွက် ရဲတို့ဘာတို့နဲ့ ဝင်ရောက် ဆောင်ရွက် ပေးထားပါတယ်” ဟု ချောင်းသာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောကြား သည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List