Wednesday, December 24, 2014

သူပုန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်မည်ဟု ယူကရိန်းသမ္မတ ပေါ်ရိုရှန်ကို ကြေညာ


Photo: သူပုန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်မည်ဟု ယူကရိန်းသမ္မတ ပေါ်ရိုရှန်ကို ကြေညာ
Wednesday, December 24, 2014

ကိဗ်၊ ဒီဇင်ဘာ ၂၃။ ယူကရိန်းသမ္မတ ပေါ်ရိုရှန်ကိုက ယခုသီတင်းပတ်ထဲတွင် ရုရှလိုလားသူ သူပုန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အသစ်များ စတင်ပြုလုပ်မည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၂ ရက်က ပြောကြားလိုက်သည်။ ခရီးမတွင်ပဲ ဖြစ်နေသော ငြိမ်းချမ်းရေး ဆွေးနွေးမှု များအား ပြန်လည် အရှိန်မြှင့် လုပ်ဆောင်ကြရန် နိုင်ငံတကာ၏ တွန်းအားပေးမှုများ ပေါ်ထွက်လာခဲ့ပြီးနောက် ယူကရိန်း သမ္မတက ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

ဘယ်လာရု(စ်) နိုင်ငံ၏ မြို့တော် မင့်စ်က် မြို့တွင် ဒီဇင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်များ ၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။  ပေါ်ရိုရှန်ကိုသည် ရုရှခေါင်းဆောင်၊ အကြီးအကဲ၊ ပြင်သစ် ခေါင်းဆောင်၊ ဂျာမန် ခေါင်းဆောင်တို့နှင့် တယ်လီဖုန်း ပြော ဆို ဆွေးနွေးခဲ့ပြီးနောက် ယခုကြေညာချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

“နောက်ထပ် သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွေကို မင့်စ်က် မြို့မှာ ဒီအပတ်ထဲမှာ ပြုလုပ်ဖို့ နိုင်ငံ့ ခေါင်းဆောင်တွေက သဘောတူထားကြပါတယ်” ဟု သမ္မတ ပေါ်ရိုရှန်ကို ၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော ကြေညာချက်တစ်ခုက ဆိုသည်။

စက်တင်ဘာလအတွင်းက မင့်စ်က်မြို့တွင် ရရှိခဲ့သော ခိုင်မာမှုကင်းမဲ့နေသည့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ခိုင်မာအားကောင်း လာစေရန် ရည်ရွယ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ကိယက်ဗ် နှင့် မော်စကို တို့အပြင်၊ ဥရောပနိုင်ငံများ၏ လုံခြုံရေး အဖွဲ့များမှ သံတမန်များ ပါဝင် ဆွေးနွေးကြမည် ဖြစ်သည်။

ယူကရိန်း စစ်ပဋိပက္ခ အဆုံးသတ်ရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပမည့် နေ့ရက်များကို သတ်မှတ်နိုင်ပြီဖြစ်ရာ နောက် ထပ်ဆွေးနွေး ညှိနှိုင်းမှုများကို မည်သည့်အချိန်တွင် ပြုလုပ်ရမည်ဖြစ်ကြောင်း နှစ်ပတ်ကျော်ကြာ တွေဝေနေမှု အဆုံးသတ်သွားခဲ့သည်။ ဧပြီလ ကတည်းကဆိုလျှင် ယူကရိန်းစစ်ပဋိပက္ခကြောင့် သေဆုံးရသူပေါင်း ၄၇၀၀ ကျော် ရှိပြီဖြစ်သည်။
 
ဘယ်လာရု(စ်) သမ္မတ အလက်ဇန္ဒား လူကာရှန်ကို သည် စက်တင်ဘာလ ကလည်း ယူကရိန်းကိစ္စ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို သူ၏ နိုင်ငံအတွင်းတွင် လက်ခံကျင်းပပေးခဲ့ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပုံမှန်အနေအထားသို့ ပြန်ရောက်စေရေး ကူညီရန် ကြိုးပမ်းသည့် အနေဖြင့် တနင်္ဂနွေနေ့ကလည်း ယူကရိန်းနိုင်ငံ၏ မြို့တော်သို့ သွားရောက်ခဲ့သည်။

စက်တင်ဘာလ သဘောတူညီချက်ထဲတွင် ယာယီအပစ်အခတ်ရပ်စဲရေးအတွက် အပေးအယူများ ပါရှိကာ၊ ယူကရိန်း အရှေ့ပိုင်းရှိ ရုရှားဘာသာစကားပြောသူများ အများစုနေထိုင်ကြသော ဒေသနှစ်ခုတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ဒေသ ပေးရန် အချက်လည်း ပါဝင်သည်။ ယခုနှစ်ထဲတွင် ယူကရိန်း၏ မူဝါဒများ အနောက်နိုင်ငံများဘက်သို့ ယိမ်းသွားခဲ့ပြီးနောက် ထိုဒေသ နှစ်ခုတွင် ပုန်ကန်မှု များ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ထိုသဘောတူညီချက်များသည် အပြင်းထန်ဆုံးသော တိုက်ပွဲများ ဖြစ်မလာစေရန် တားဆီးပေးနိုင် ခဲ့သော်လည်း တိုက်ပွဲအချို့ ဆက်ဖြစ်ခဲ့ကာ နောက်ထပ် လူ ၁၃၀၀ ကျော် သေဆုံးခဲ့ရပြီ ဖြစ်သည်။

ယူကရိန်း သမ္မတ ပေါ်ရိုရှန်ကို နှင့် ဖုန်းပြောဆို ဆွေးနွေးခဲ့ကြပြီးနောက် ယူကရိန်းကိစ္စ ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုများနှင့် ပတ်သတ်၍ အရေးတကြီး ဆောင်ရွက်ကြရန် နှင့် ထိရောက်သော တိုးတက်မှုများ ရရှိလာအောင် လုပ်ဆောင်ကြရန် ခေါင်းဆောင်များက တိုက်တွန်းထား ကြကြောင်း ဂျာမန်ဝန်ကြီးချုပ် အန်ဂျယ်လာမာကယ်လ် ၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှင့် ပြင်သစ်သမ္မတ ဖရန်ဆွိုက်အော်လန်ဒီ တို့က ဆိုခဲ့ကြသည်။ အပစ်ရပ်ရေး သဘောတူညီချက်အား အပြည့်အဝ လိုက်နာကြရန်လည်း ထိုနိုင်ငံများ၏ ခေါင်းဆောင်များက တိုက်တွန်းခဲ့ ကြကြောင်း ပြင်သစ် သမ္မတရုံးဖြစ်သည့် အယ်လက်စီနန်းတော် ၏ ကြေညာချက်တစ်စောင်ထဲတွင် ဖော်ပြထားသည်။

Mizzima

ကိဗ်၊ ဒီဇင်ဘာ ၂၃။ ယူကရိန်းသမ္မတ ပေါ်ရိုရှန်ကိုက ယခုသီတင်းပတ်ထဲတွင် ရုရှလိုလားသူ သူပုန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အသစ်များ စတင်ပြုလုပ်မည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၂ ရက်က ပြောကြား လိုက်သည်။ ခရီးမတွင်ပဲ ဖြစ်နေသော ငြိမ်းချမ်းရေး ဆွေးနွေးမှု များအား ပြန်လည် အရှိန်မြှင့် လုပ်ဆောင် ကြရန် နိုင်ငံတကာ၏ တွန်းအားပေးမှုများ ပေါ်ထွက်လာခဲ့ပြီးနောက် ယူကရိန်း သမ္မတက ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

ဘယ်လာရု(စ်) နိုင်ငံ၏ မြို့တော် မင့်စ်က် မြို့တွင် ဒီဇင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်များ ၌ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။  ပေါ်ရိုရှန်ကိုသည် ရုရှခေါင်းဆောင်၊ အကြီးအကဲ၊ ပြင်သစ် ခေါင်းဆောင်၊ ဂျာမန် ခေါင်းဆောင်တို့နှင့် တယ်လီဖုန်း ပြောဆို ဆွေးနွေးခဲ့ပြီးနောက် ယခု ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

“နောက်ထပ် သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွေကို မင့်စ်က် မြို့မှာ ဒီအပတ်ထဲမှာ ပြုလုပ်ဖို့ နိုင်ငံ့ ခေါင်းဆောင် တွေက သဘောတူထားကြပါတယ်” ဟု သမ္မတ ပေါ်ရိုရှန်ကို ၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော ကြေညာချက်တစ်ခုက ဆိုသည်။

စက်တင်ဘာလအတွင်းက မင့်စ်က်မြို့တွင် ရရှိခဲ့သော ခိုင်မာမှုကင်းမဲ့နေသည့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ခိုင်မာအားကောင်း လာစေရန် ရည်ရွယ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ကိယက်ဗ် နှင့် မော်စကို တို့အပြင်၊ ဥရောပနိုင်ငံများ၏ လုံခြုံရေး အဖွဲ့များမှ သံတမန်များ ပါဝင် ဆွေးနွေးကြမည် ဖြစ်သည်။

ယူကရိန်း စစ်ပဋိပက္ခ အဆုံးသတ်ရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပမည့် နေ့ရက်များကို သတ်မှတ်နိုင်ပြီဖြစ်ရာ နောက် ထပ်ဆွေးနွေး ညှိနှိုင်းမှုများကို မည်သည့်အချိန်တွင် ပြုလုပ်ရမည်ဖြစ် ကြောင်း နှစ်ပတ်ကျော်ကြာ တွေဝေနေမှု အဆုံးသတ်သွားခဲ့သည်။ ဧပြီလ ကတည်းကဆိုလျှင် ယူကရိန်းစစ်ပဋိပက္ခကြောင့် သေဆုံးရသူပေါင်း ၄၇၀၀ ကျော် ရှိပြီဖြစ်သည်။

ဘယ်လာရု(စ်) သမ္မတ အလက်ဇန္ဒား လူကာရှန်ကို သည် စက်တင်ဘာလ ကလည်း ယူကရိန်းကိစ္စ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို သူ၏ နိုင်ငံအတွင်းတွင် လက်ခံကျင်းပပေးခဲ့ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပုံမှန်အနေအထားသို့ ပြန်ရောက်စေရေး ကူညီရန် ကြိုးပမ်းသည့် အနေဖြင့် တနင်္ဂနွေနေ့ကလည်း ယူကရိန်းနိုင်ငံ၏ မြို့တော်သို့ သွားရောက်ခဲ့သည်။

စက်တင်ဘာလ သဘောတူညီချက်ထဲတွင် ယာယီအပစ်အခတ်ရပ်စဲရေးအတွက် အပေးအယူများ ပါရှိကာ၊ ယူကရိန်း အရှေ့ပိုင်းရှိ ရုရှားဘာသာစကားပြောသူများ အများစုနေထိုင်ကြသော ဒေသနှစ်ခုတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ဒေသ ပေးရန် အချက်လည်း ပါဝင်သည်။ ယခုနှစ်ထဲတွင် ယူကရိန်း၏ မူဝါဒများ အနောက်နိုင်ငံများဘက်သို့ ယိမ်းသွားခဲ့ပြီးနောက် ထိုဒေသ နှစ်ခုတွင် ပုန်ကန်မှု များ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ထိုသဘောတူညီချက်များသည် အပြင်းထန်ဆုံးသော တိုက်ပွဲများ ဖြစ်မလာစေရန် တားဆီးပေးနိုင် ခဲ့သော်လည်း တိုက်ပွဲအချို့ ဆက်ဖြစ်ခဲ့ကာ နောက်ထပ် လူ ၁၃၀၀ ကျော် သေဆုံးခဲ့ရပြီ ဖြစ်သည်။

ယူကရိန်း သမ္မတ ပေါ်ရိုရှန်ကို နှင့် ဖုန်းပြောဆို ဆွေးနွေးခဲ့ကြပြီးနောက် ယူကရိန်းကိစ္စ ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုများနှင့် ပတ်သတ်၍ အရေးတကြီး ဆောင်ရွက်ကြရန် နှင့် ထိရောက်သော တိုးတက်မှုများ ရရှိလာအောင် လုပ်ဆောင်ကြရန် ခေါင်းဆောင်များက တိုက်တွန်းထား ကြကြောင်း ဂျာမန်ဝန်ကြီးချုပ် အန်ဂျယ်လာမာကယ်လ် ၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှင့် ပြင်သစ်သမ္မတ ဖရန်ဆွိုက်အော်လန်ဒီ တို့က ဆိုခဲ့ကြသည်။ အပစ်ရပ်ရေး သဘောတူညီချက်အား အပြည့်အဝ လိုက်နာကြရန်လည်း ထိုနိုင်ငံများ၏ ခေါင်းဆောင်များက တိုက်တွန်းခဲ့ ကြကြောင်း ပြင်သစ် သမ္မတရုံးဖြစ်သည့် အယ်လက်စီနန်းတော် ၏ ကြေညာချက်တစ်စောင်ထဲတွင် ဖော်ပြထားသည်။

Mizzima

No comments:

Post a Comment

My Blog List