Thursday, December 25, 2014

အခွန်တံဆိပ်ခေါင်းမကပ်သောဆိုင်များကို အရေးယူတော့မည်ဟုဆို


အခွန်တံဆိပ်ခေါင်း မကပ်သော စားသောက်ဆိုင်များ ကိုပထမအဆင့် ဒဏ်ငွေရိုက် အရေးယူ သွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေအလွဲသုံးစားမှုဖြင့် တရားစွဲဆို သွားမည်ဖြစ် ကြောင်း သတင်းရရှိ သည်။တံဆိပ်ခေါင်းခွန် မကပ် သည့် စားသောက်ဆိုင်များအား ၁၀၀ ရာခိုင်နှုန်း ဒဏ်ငွေတပ်ခြင်း ကို ဒီဇင်ဘာ ၁၅ ရက် စတင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်သန့်လွင်က ပြောသည်။

စားသောက်ဆိုင်အများစု သည် စားသုံးသူထံမှ အခွန် ၅ ရာခိုင်နှုန်းကောက်ယူနေသော် လည်း အခွန်ဌာနသို့ ပေးသွင်းရာ တွင် အချို့ဆိုင်များမှာ ထက်ဝက် ခန့်သာ ပေးသွင်းကြောင်း သိရ သည်။ ပေးသွင်းရန်ကျန်သည့် ငွေများကို ကိုယ်ကျိုးအတွက် အသုံး ပြုနေခြင်းကြောင့် ယခုကဲ့သို့တံ ဆိပ်ခေါင်းခွန်ကပ်ခြင်း ကောက်ခံခြင်းဖြစ်သည်ဟု ဦးကျော်သန့်လွင်က ပြောသည်။

‘‘ဒဏ်ငွေတပ်လည်း အဆင် ပြေမယ်လို့ မထင်ဘူး။ ဒဏ်ငွေ နည်းတာကိုး။ တရားစွဲလည်း မစွဲ ချင်ဘူး။ ဒါပေမဲ့ ၀န်ကြီးဌာနက ညွှန်ကြားလာမယ်ဆိုရင် လုပ်ရ မယ်။ ဒါကနိုင်ငံတော် ဘဏ္ဍာကို အလွဲသုံးစား လုပ်တယ်ဆိုတာ သိ စေချင်တယ်’’ဟု ၎င်းကဆက် ပြောသည်။

တရားစွဲဆိုရန်အတွက် ရှေ့ နေချုပ်ရုံးနှင့် တိုင်ပင်ထားပြီး ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ပြည် ထောင်စုအဆင့် ဆောင်ရွက် နေသည်။ ဦးစီးဌာနအနေဖြင့် ဆိုင်ရှင်များကို တရားမစွဲလို၍ ဆိုင်ရှင်များကို လိုက်နာရန်စည်း ရုံးနေပြီး ပညာပေးကာလနှင့် ဒဏ်ငွေရိုက်သည့်ကာလကို ထား ရှိခြင်း ဖြစ်သည်။ သို့သော် ဆိုင် ရှင်များက မလိုက်နာဘဲ လက်ရှိအ တိုင်းဆက်သွားနေမည်ဆိုပါက သေချာပေါက် တရားစွဲရတော့ မည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး က ပြောသည်။ ဒဏ်ငွေရိုက်ရာ တွင် ထိမ်ချန်ထားသည့် ငွေကြေး၏ ၁၀၀ ရာခိုင်နှုန်းကို အခွန် ဆောင်ခိုင်းခြင်း ဖြစ်သည်။

‘‘စားသောက်တဲ့ သူတွေဆီ က အခွန်မကောက်ချင်လို့ ဆိုင် ကပဲ ဆောင်ပေးနေတာပါ။ ဒဏ် ငွေတွေပါ ဆောင်ခိုင်းမယ်ဆိုရင် တော့ အခွန်ကောက်ပေးမယ်။ တရားစွဲရအောင် ကျွန်တော်တို့ လူဆိုးသူခိုးတွေ မဟုတ်ဘူး’’ဟု တောင်ဥက္ကလာပမြို့နယ်မှ ဘီယာဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

တံဆိပ်ခေါင်းခွန် မကပ်ခြင်း မှာ ယခင်အခွန်ဦးစီးဌာနက အခွန်ကောက်ရန် တံဆိပ်ရိုက်နှိပ်ထားသည့် ဘောင်ချာများဖြင့် ကောက်ယူနေသည့်အတွက်ဖြစ်ပြီး ယင်းဘောင်ချာစာအုပ်များ ကုန် သွားမှသာ တံဆိပ်ခေါင်းခွန် ကပ်သွားမည်ဖြစ်သည်ဟု ကမာ ရွတ်မြို့နယ်မှ စားသောက်ဆိုင် မန်နေဂျာက ပြောသည်။

အခွန်တံဆိပ်ခေါင်းကပ်၍ အခွန်ကောက်ခံခြင်းကို နိုဝင်ဘာ တွင် စတင်လုပ်ဆောင်ခဲ့ပြီး အခွန်ဦးစီးဌာနမှ အခွန်တံဆိပ်ခေါင်း များကို ဆိုင် ၅၃၁ ဆိုင်သို့ ၂၀၁၄ ဒီဇင်ဘာ ၃ ရက်ထိ ကျပ် ငွေသန်း ၂၅၁၅ ဒသမ ၃၂၆ ဖိုး ရောင်းချ ထားသည်။

7Day Daily

No comments:

Post a Comment

My Blog List