Friday, December 26, 2014

၅၆ ပါတီရေးဆွဲသော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို နှစ်ဆန်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ချပြမည်


နိုင်ငံရေးပါတီ ၅၆ ပါတီ ကို ကိုယ်စားပြုရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် တွေ့ဆုံကာ လာ မည့်ဇန်န၀ါရီအတွင်း ချပြမည် ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘လာမယ့် ဇန်န၀ါရီမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထပ်တွေ့ဖို့ရှိတယ်။ အဲဒီမှာ ကျွန်တော် တို့ရဲ့ မူဘောင်ကိုတိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းတွေကို ချပြမှာဖြစ်ပါတယ်’’ဟု နိုင်ငံရေးပါတီ ၅၆ ပါတီ၏ နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်ရေးဆွဲ ရေးကော်မတီ (PPIC)တွင်ပါဝင် သည့် အမျိုးသား ဒီမိုကရေစီအင် အားစုပါတီ (NDF)မှ ဦးနေမင်း ကျော်က ပြောသည်။

နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ တွင် နိုင်ငံရေးပါတီများဘက်က တင်ပြမည့် နိုင်ငံရေးမူဘောင်အ ပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အမြင်သုံး သပ်ချက်နှင့် အကြံပြုဆွေးနွေး ချက်များကို ရရှိနိုင်ရေးအတွက် ရည်ရွယ်ပြီး တွေ့ဆုံမှုပြုလုပ်မည် ဖြစ်သည်ဟု ဦးနေမင်းကျော်က ဆိုသည်။

လက်ရှိတွင် နိုင်ငံရေးပါတီ ၅၆ ပါတီကိုယ်စားပြုသော ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ရေးဆွဲရေး ကော်မတီ သည် နိုင်ငံရေးမူဘောင်ကို နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ သုံးခုခွဲ၍ ရေးဆွဲ ထားခြင်း ဖြစ် သည်။

နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေးဆွဲရေးကော်မတီကို ၂၀၁၀ ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီ ၁၀ ပါတီခန့်ဖြင့် ဖွဲ့စည်းထား သော ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်ပါတီ (FDA) နှင့် တိုင်း ရင်းသားနိုင်ငံရေးပါတီ ၁၅ ပါတီ ကျော်ဖြင့် ဖွဲ့စည်းထားသည့် ညီ နောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)တို့က ဦး ဆောင်ကာ ဖွဲ့စည်းခဲ့ခြင်း ဖြစ် သည်။

ယင်းကော်မတီတွင် လက် ရှိအာဏာရပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ လူထုထောက်ခံမှုအများ ဆုံးရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၁၉၉၀ ရွေး ကောက်ပွဲအနိုင်ရ တိုင်းရင်းသား ပါတီများဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA) တို့ ပါဝင် ခြင်း မရှိပေ။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကြား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေး ဆွေးနွေးပွဲစတင်သည့်အခါ နိုင်ငံ ရေးပါတီ တစ်ပါတီလျှင် ကိုယ်စားလှယ်နှစ်ဦးစီ တက်ရောက်ရန် နိုင်ငံရေးပါတီအချို့က ပြောဆိုထားသည်။

7 Day Daily

No comments:

Post a Comment

My Blog List