Friday, December 26, 2014

လက်ပံတောင်းအရေး တရုတ်သံရုံးရှေ့တွင် နေ့စဉ်ဆန္ဒပြရန်စီစဉ်



Photo: လက်ပံတောင်းအရေး တရုတ်သံရုံးရှေ့တွင် နေ့စဉ်ဆန္ဒပြရန်စီစဉ်
Friday, December 26, 2014 

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက တရုတ် သံရုံးရှေ့တွင် လက်ပံတောင်း တောင်အရေးဆန္ဒပြပွဲများကို နေ့ စဉ်ဆက်တိုက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 

ဒီဇင်ဘာ ၂၅ ရက် ညနေ ၄ နာရီတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများသည် လက်ပံတောင်းအရေးနှင့် ပတ်သက်၍ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြခဲ့ပြီး တရုတ်သံအမတ်ကြီးနှင့် တွေ့ဆုံရန် တောင်းဆိုခဲ့သည်။ 

သံအမတ်ကြီးက ထွက်မ လာသောကြောင့် လက်ပံတောင်း အရေးနှင့် ပတ်သက်၍ တရုတ်သံ ရုံးရှေ့တွင် ဆန္ဒပြပွဲများကို နေ့ စဉ်ဆက်တိုက်ပြုလုပ်သွားမည်ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။ 

တရုတ်သံရုံးရှေ့ ဆန္ဒပြ မည့်သတင်းများကြောင့် ရန်ကုန် တိုင်းအမှတ် (၃) ဒေသကွပ်ကဲ ရေးမှူးရဲမှူးကြီး ထက်လွင် လုံခြုံ ရေးတပ်ဖွဲ့ဝင်များကို လာရောက် ကွပ်ကဲခဲ့သည်။ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သည် မွန်းလွဲ ၂ နာရီ မိနစ်၄၀ တွင် တရုတ်သံရုံးရှိရာ ပြည် ထောင်စုလမ်းမကြီးကို ပိတ်ဆို့ ထားခဲ့သည်။ 

ဆန္ဒပြသူများသည် ညနေ ၄ နာရီမှ စတင်ပြုလုပ်ခဲ့သော ကြောင့် ပြည်ထောင်စုလမ်းပိတ် ဆို့တားဆီးမှုသည် သုံးနာရီကြာ လမ်းပိတ်ဆို့ထားခဲ့ခြင်း ဖြစ် သည်။ ဆန္ဒပြသူများ မစတင်မီ တွင် တရုတ်သံရုံးနှင့် မျက်နှာ ချင်းဆိုင်တွင်ရှိသည့် ကလေး ဆေးရုံသို့ ကလေးလူနာများလာ ရောက်ဆေးကုသသောကားများ ကို ပိတ်ဆို့တားဆီးထားသော ရဲတပ်ဖွဲ့က ၀င်ခွင့်မပေးခဲ့ပေ။ ကလေးဆေးရုံသို့ လာရောက်ပြ သသောကားမှာ သုံးစီးထိရှိခဲ့ သည်။ ညနေ ၄ နာရီတွင် လက်ပံတောင်းအရေးဆန္ဒပြသူများသည် ရဲတပ်ဖွဲ့များ ပိတ်ဆို့တားဆီး ထားသည့်နေရာထိသွားရောက် ကာ ဆန္ဒပြအော်ဟစ်ခဲ့ကြသည်။ 

‘‘လက်ပံတောင်းတောင်မှာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးနေတယ်လို့ထင်လို့ ဆန္ဒပြတာပါ။ လက်ပံတောင်းတောင်မှာ တရုတ်အလံတွေစိုက် နေတယ်။ ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်တာလည်း တရုတ်လူမျိုးတွေပါနေပါတယ်။ ဒါတွေကို စစ်တပ်ကရော၊ ရဲတပ်ဖွဲ့ကရော ကြည့်နေမှာလား။ တရုတ်အကျိုးစီးပွားရေး တွေကြောင့် လက်ပံတောင်းမှာရှိ နေတဲ့ ဒေသခံသေနေတာကော သိကြရဲ့လားဆိုတာ မေးချင်တာပါ’’ဟု တရုတ်သံရုံးရှေ့တွင် ဆန္ဒပြ ရာ၌ ဦးဆောင်သူ ကိုမြတ်ကျော် ကပြောသည်။
ဆန္ဒပြသူများသည် လက်ပံ တောင်းအရေးနှင့် ပတ်သက်၍ တရုတ်သံရုံးတွင်ရှိနေသော သံအမတ်ကြီးအား တွေ့ဆုံရန် အော်ဟစ်တောင်းဆိုခဲ့ကြသည်။ 

လက်ပံတောင်းအရေးနှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၃ ရက် ကလည်း တရုတ်သံရုံးရှေ့တွင် ဆန္ဒပြမှုပြုလုပ်ခဲ့သည်။
ဗကသအဖွဲ့မှ ကျောင်းသား ၁၀၀ ကျော်ကလည်း လက်ပံတောင်းအရေးနှင့် ပတ်သက်၍ အမည်း ရောင်လှုပ်ရှားမှုနောက်ဆုံးရက် အဖြစ် ဒီဇင်ဘာ ၂၅ ရက်က လှည်း တန်းလမ်းဆုံမှ အင်းလျာကန် ပေါင်ထိလမ်းလျှောက်ဆန္ဒပြခဲ့ ကြသည်။ 

တရုတ်သံရုံးအနီးတွင် ဒီဇင်ဘာ၂၅ရက်က ဆန္ဒပြနေကြစဉ်(ဓာတ်ပုံ−ကျော်ဇင်သန်း)

7Day Daily
တရုတ်သံရုံးအနီးတွင် ဒီဇင်ဘာ၂၅ရက်က ဆန္ဒပြနေကြစဉ်(ဓာတ်ပုံ−ကျော်ဇင်သန်း)


ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက တရုတ် သံရုံးရှေ့တွင် လက်ပံတောင်း တောင်အရေး ဆန္ဒပြပွဲများကို နေ့ စဉ်ဆက်တိုက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 

ဒီဇင်ဘာ ၂၅ ရက် ညနေ ၄ နာရီတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများသည် လက်ပံတောင်း အရေးနှင့် ပတ်သက်၍ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြခဲ့ပြီး တရုတ်သံအမတ်ကြီးနှင့် တွေ့ဆုံရန် တောင်းဆို ခဲ့သည်။ 

သံအမတ်ကြီးက ထွက်မ လာသောကြောင့် လက်ပံတောင်း အရေးနှင့် ပတ်သက်၍ တရုတ်သံ ရုံးရှေ့တွင် ဆန္ဒပြပွဲများကို နေ့ စဉ်ဆက်တိုက်ပြုလုပ်သွားမည်ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။ 

တရုတ်သံရုံးရှေ့ ဆန္ဒပြ မည့်သတင်းများကြောင့် ရန်ကုန် တိုင်းအမှတ် (၃) ဒေသကွပ်ကဲ ရေးမှူးရဲမှူးကြီး ထက်လွင် လုံခြုံ ရေးတပ်ဖွဲ့ဝင်များကို လာရောက် ကွပ်ကဲခဲ့သည်။ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သည် မွန်းလွဲ ၂ နာရီ မိနစ်၄၀ တွင် တရုတ်သံရုံးရှိရာ ပြည် ထောင်စုလမ်းမကြီးကို ပိတ်ဆို့ ထားခဲ့သည်။ 

ဆန္ဒပြသူများသည် ညနေ ၄ နာရီမှ စတင်ပြုလုပ်ခဲ့သောကြောင့် ပြည်ထောင်စုလမ်းပိတ် ဆို့တားဆီးမှုသည် သုံးနာရီကြာ လမ်းပိတ်ဆို့ထားခဲ့ခြင်း ဖြစ် သည်။ ဆန္ဒပြသူများ မစတင်မီ တွင် တရုတ်သံရုံးနှင့် မျက်နှာ ချင်းဆိုင်တွင်ရှိသည့် ကလေး ဆေးရုံသို့ ကလေးလူနာများလာ ရောက်ဆေးကုသသောကားများ ကို ပိတ်ဆို့တားဆီးထားသော ရဲတပ်ဖွဲ့က ၀င်ခွင့်မပေးခဲ့ပေ။ ကလေးဆေးရုံသို့ လာရောက်ပြ သသောကားမှာ သုံးစီးထိရှိခဲ့ သည်။ ညနေ ၄ နာရီတွင် လက်ပံတောင်းအရေးဆန္ဒပြသူများသည် ရဲတပ်ဖွဲ့များ ပိတ်ဆို့တားဆီး ထားသည့်နေရာထိသွားရောက် ကာ ဆန္ဒပြအော်ဟစ်ခဲ့ကြသည်။ 

‘‘လက်ပံတောင်းတောင်မှာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးနေတယ်လို့ထင်လို့ ဆန္ဒပြတာပါ။ လက်ပံတောင်းတောင်မှာ တရုတ်အလံတွေစိုက် နေတယ်။ ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်တာလည်း တရုတ်လူမျိုးတွေပါနေပါတယ်။ ဒါတွေကို စစ်တပ်ကရော၊ ရဲတပ်ဖွဲ့ကရော ကြည့်နေမှာလား။ တရုတ်အကျိုးစီးပွားရေး တွေကြောင့် လက်ပံတောင်းမှာရှိ နေတဲ့ ဒေသခံသေနေတာကော သိကြရဲ့လားဆိုတာ မေးချင်တာပါ’’ဟု တရုတ်သံရုံးရှေ့တွင် ဆန္ဒပြ ရာ၌ ဦးဆောင်သူ ကိုမြတ်ကျော် ကပြောသည်။

ဆန္ဒပြသူများသည် လက်ပံ တောင်းအရေးနှင့် ပတ်သက်၍ တရုတ်သံရုံးတွင်ရှိနေသော သံအမတ်ကြီးအား တွေ့ဆုံရန် အော်ဟစ်တောင်းဆိုခဲ့ကြသည်။ 

လက်ပံတောင်းအရေးနှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၃ ရက် ကလည်း တရုတ်သံရုံးရှေ့တွင် ဆန္ဒပြမှုပြုလုပ်ခဲ့သည်။

ဗကသအဖွဲ့မှ ကျောင်းသား ၁၀၀ ကျော်ကလည်း လက်ပံတောင်းအရေးနှင့် ပတ်သက်၍ အမည်း ရောင်လှုပ်ရှားမှုနောက်ဆုံးရက် အဖြစ် ဒီဇင်ဘာ ၂၅ ရက်က လှည်း တန်းလမ်းဆုံမှ အင်းလျာကန် ပေါင်ထိလမ်းလျှောက်ဆန္ဒပြခဲ့ ကြသည်။ 

7Day Daily

No comments:

Post a Comment

My Blog List