Wednesday, December 24, 2014

လက်ပံတောင်းစီမံကိန်း ခြံစည်းရိုးခတ်မြဲ


Photo: လက်ပံတောင်းစီမံကိန်း ခြံစည်းရိုးခတ်မြဲ
Wednesday, December 24, 2014 

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေ၌ ခြံစည်းရိုးကာရံခြင်းမှ အဓိကရုဏ်းဖြစ်ပွားပြီး လူတစ်ဦးသေဆုံးခဲ့သော်လည်း ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ရပ်ဆိုင်းခြင်းမရှိဘဲ ဒီဇင်ဘာ၂၃ ရက်တွင်ဆက်လက်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၂ ရက်က လက်ပံတောင်းကြေးနီစီမံကိန်းအတွင်း မိုးကြိုးပြင်အလယ်ကျေးရွာအ ရှေ့ဘက်လိပ်ခွံတောင်အနီးရှိ လျော်ကြေးရယူခြင်းမရှိသော လယ်ယာမြေများပေါ်တွင် မြန်မာဝမ် ပေါင်ကုမ္ပဏီက ခြံစည်းရိုးကာရံ သည်ကို ဒေသခံများက တားဆီးခဲ့ ရာ အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး တောင်သူအမျိုးသမီးတစ်ဦး ဦး ခေါင်းတွင် ကျည်ထိမှန်သေဆုံး သွားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများအကြား နှစ်ဖက်တင်းမာမှုကြောင့် ပဋိပက္ခ အသွင်ဆောင်လာကာ ပစ်ခတ်မှု များကြောင့် ဒီဇင်ဘာလ ၂၂ ရက် နေ့ မွန်းလွဲတွင် မိုးကြိုးပြင်အ လယ်ကျေးရွာနေ ဒေါ်ခင်ဝင်းသေ ဆုံးခဲ့ပြီး လက်ပံတောင်းတောင် ဒေသခံ ကိုးဦးဒဏ်ရာရရှိ ခဲ့သည်။

မြေယာနစ်နာကြေးနှင့်ပတ် သက်၍ နှစ်ဖက်ညှိနှိုင်းမှုများ ဆောင်ရွက်ပြီးစီးမှသာ ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများ ဆောင် ရွက်ကြရန် ဒေသခံတောင်သူများ လိုလားသော်လည်း လုံခြုံရေး အင်အားသုံး၍ ခြံစည်းရိုးကာရံကြောင်းဒေသခံများက ပြောသည်။

‘‘ကိုယ်ပိုင်တဲ့ မြေကလေး အတွက် တားမိပါတယ်။ ဒါကို သေနတ်နဲ့ပစ်လို့ လူသေတဲ့အထိ ဖြစ် ခဲ့ရတယ်။ လူသေဆုံးတာနဲ့ ပတ် သက်ပြီး ဘယ်တာဝန်ရှိသူမှ လာ မမေးပါဘူး။ ဒီနေ့လည်း ခြံစည်း ရိုးဆက်လက်ကာနေပါသေး တယ်’’ဟု မိုးကြိုးပြင်အလယ်ရွာ ဒေသခံတောင်သူတစ်ဦးက ပြောခဲ့သည်။

အဓိကရုဏ်းအတွင်း ကျည် ထိမှန် လူသေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ‘‘လောလောဆယ် တော့ ဘာကြောင့်သေတာလဲဆို တော့ မသိရသေးဘူး။ အလောင်းကို မမြင်ဘဲနဲ့ ဘာဒဏ်ရာကြောင့် သေတာလဲဆိုတာကို သက် ဆိုင်ရာက စစ်ဆေးချက်များရမှ သိရမှာပါ’’ဟု ပြန်လည်ဖြေကြား ခဲ့သည်။

ခြံစည်းရိုး တိုးချဲ့ ကာရံ ရေး ဆောင်ရွက်မှုများကို တားဆီး နှောင့်ယှက်ခြင်း ခံရပြီး၊ လုပ်သား ၁၀ ဦးကို ထိန်းသိမ်းခြင်းခံရကာ ခြံစည်းရိုးမကာဘဲ ယန္တရားများ ပြန်ဆုတ်ရန် ဒေသခံများက တောင်းဆိုသည်ဟု အစိုးရက ဒီဇင်ဘာ ၂၃ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသည်။ အခြေအနေ တင်းမာမှုများဖြစ်စဉ် အဓိကရုန်းနှိမ်နင်းရေးလက်နက် ဖြစ်သော ၁၂ ဗို့ ပြောင်းချော သေနတ်ဖြင့်သာ စုစုပေါင်း ၁၅ ချက် ပစ်၍ လူစုခွဲခဲ့သည်ဟု ထုတ်ပြန် ထားသည်။

လက်ပံတောင်းတောင် ခြံ စည်းရိုးကာရံခြင်းလုပ်ငန်းများ အား ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ နံနက် တွင် ဆည်တည်းကျေးရွာအနီး၌ ခြံစည်းရိုးကာရံခြင်းအား ဒေသခံများက ကန့်ကွက်တားမြစ်ခဲ့ သဖြင့် ရုန်းရင်းဆန်ခတ် ထပ်မံ ဖြစ်ပွားခဲ့သည်။

ရုန်းရင်းဆန်ခတ်ထပ်မံဖြစ် ပွားမှုကြောင့် ဆည်းတည်းကျေး ရွာနေ ကိုအောင်နိုင်နှင့် ကိုဌေးဝင်းတို့နှစ်ဦး ရော်ဘာကျည်ထိမှန်ခဲ့သ ဖြင့် အနည်းငယ်စီဒဏ်ရာရရှိခဲ့ ကြောင်း ဆည်းတည်းကျေးရွာ ဒေသခံများ ပြောကြားချက်အရ သိရှိရသည်။

ဆည်းတည်းကျေးရွာအ၀င် လမ်းအချို့အား ခြံစည်းရိုးကာရံ ပိတ်ဆို့ခဲ့သဖြင့် ဆည်းတည်းကျေး ရွာအတွင်းနေအိမ်များမှ ပစ္စည်း များအား နွားလှည်းများဖြင့် ပြောင်းရွှေ့သယ်ယူနေကြကြောင်းလည်း သတင်းရရှိသည်။

‘‘ဆည်းတည်းကျေးရွာကို မနေ့ ည (ဒီဇင်ဘာ ၂၂ ရက်)က ရွာပြောင်းရမယ်လို့ လာပြောတယ်။မပြောင်းလျှင် ရွာမီးရှို့မယ်လို့ သတင်းတွေထွက်နေတဲ့အတွက် ရွာထဲက ပစ္စည်းတွေကို အနီးပတ် ၀န်းကျင်ရွာက နွားလှည်းတွေနဲ့ ဒီနေ့ မနက် ၇ နာရီလောက်ကတည်းက ၀ိုင်းသယ်နေကြတယ်။ ရွာထဲ မှာ လူတွေပဲရှိတော့တယ်။ ပစ္စည်းတော်တော်များများက ဆွေမျိုးရှိ တဲ့ ပတ်ဝန်းကျင်ရွာတွေကို ရွေ့ နေကြတယ်’’ဟု ဆည်းတည်းကျေးရွာမှ ပစ္စည်းများအား ၀ိုင်းဝန်းသယ်ဆောင်ခဲ့သော တုံအလယ်တောကျေးရွာမှ ကိုသိန်းဇော်က ပြောသည်။

ဆည်တည်းကျေးရွာ၊ လယ် တီကျေးရွာ၊ တုံကျေးရွာအနီးတစ် ၀ိုက် လက်ပံတောင်းတောင်ကြီး ၏ အရှေ့တောင်ဘက်တစ်ဝိုက် တွင် ခြံစည်းရိုးကာရံခြင်းလုပ် ငန်းများအား ယန္တရားများဖြင့် ဆောင်ရွက်နေပြီး ဒေသခံတောင် သူအချို့ လယ်ယာမြေဆုံးရှုံးခြင်း ကြောင့် ငိုကြွေးသံများ၊ မကျေမ နပ်ပြောဆိုသံများဖြင့် ဆူညံလျက် ရှိသည်။ တုံကျေးရွာအနီး ခြံစည်း ရိုးကရံခြင်းလုပ်ငန်းများ ဆောင်ရွက်ချိန်တွင် ၈၈ မျိုးဆက်သစ်လူ ငယ်များအဖွဲ့မှ မမီးမီးနှင့် မနီလာ သိန်းတို့ ဦးဆောင်သော လူငယ် များ၊ ဆရာတော်သံဃာတော်များ ရောက်ရှိလာပြီး ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ပစ်ခတ်သည်အထိ ဖြစ်ပွားခြင်း မပြုလုပ်ရန် သက်ဆိုင်ရာတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးခဲ့သည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီမှ တရုတ်ဝန်ထမ်းများက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွက် ခြံစည်းရိုးများ ကာရံနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ−မျိုးမင်းဦး)

7Day Daily


မြန်မာဝမ်ပေါင်ကုမ္ပဏီမှ တရုတ်ဝန်ထမ်းများက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွက် ခြံစည်းရိုးများ ကာရံနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ−မျိုးမင်းဦး)


လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေ၌ ခြံစည်းရိုးကာရံခြင်းမှ အဓိကရုဏ်းဖြစ်ပွားပြီး လူတစ်ဦး သေဆုံးခဲ့သော်လည်း ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ရပ်ဆိုင်းခြင်းမရှိဘဲ ဒီဇင်ဘာ၂၃ ရက်တွင် ဆက်လက်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၂ ရက်က လက်ပံတောင်းကြေးနီစီမံကိန်းအတွင်း မိုးကြိုးပြင်အလယ်ကျေးရွာအ ရှေ့ဘက်လိပ်ခွံတောင်အနီးရှိ လျော်ကြေးရယူခြင်းမရှိသော လယ်ယာမြေများပေါ်တွင် မြန်မာဝမ်ပေါင် ကုမ္ပဏီက ခြံစည်းရိုးကာရံ သည်ကို ဒေသခံများက တားဆီးခဲ့ ရာ အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး တောင်သူအမျိုးသမီးတစ်ဦး ဦး ခေါင်းတွင် ကျည်ထိမှန်သေဆုံး သွားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများအကြား နှစ်ဖက်တင်းမာမှုကြောင့် ပဋိပက္ခ အသွင်ဆောင်လာကာ ပစ်ခတ်မှု များကြောင့် ဒီဇင်ဘာလ ၂၂ ရက် နေ့ မွန်းလွဲတွင် မိုးကြိုးပြင်အ လယ်ကျေးရွာနေ ဒေါ်ခင်ဝင်းသေ ဆုံးခဲ့ပြီး လက်ပံတောင်းတောင် ဒေသခံ ကိုးဦးဒဏ်ရာရရှိ ခဲ့သည်။

မြေယာနစ်နာကြေးနှင့်ပတ် သက်၍ နှစ်ဖက်ညှိနှိုင်းမှုများ ဆောင်ရွက်ပြီးစီးမှသာ ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများ ဆောင် ရွက်ကြရန် ဒေသခံတောင်သူများ လိုလားသော်လည်း လုံခြုံရေး အင်အားသုံး၍ ခြံစည်းရိုးကာရံကြောင်းဒေသခံများက ပြောသည်။

‘‘ကိုယ်ပိုင်တဲ့ မြေကလေး အတွက် တားမိပါတယ်။ ဒါကို သေနတ်နဲ့ပစ်လို့ လူသေတဲ့အထိ ဖြစ် ခဲ့ရတယ်။ လူသေဆုံးတာနဲ့ ပတ် သက်ပြီး ဘယ်တာဝန်ရှိသူမှ လာ မမေးပါဘူး။ ဒီနေ့လည်း ခြံစည်း ရိုးဆက်လက်ကာနေပါသေး တယ်’’ဟု မိုးကြိုးပြင်အလယ်ရွာ ဒေသခံတောင်သူတစ်ဦးက ပြောခဲ့သည်။

အဓိကရုဏ်းအတွင်း ကျည် ထိမှန် လူသေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ‘‘လောလောဆယ် တော့ ဘာကြောင့်သေတာလဲဆို တော့ မသိရသေးဘူး။ အလောင်းကို မမြင်ဘဲနဲ့ ဘာဒဏ်ရာကြောင့် သေတာလဲဆိုတာကို သက် ဆိုင်ရာက စစ်ဆေးချက်များရမှ သိရမှာပါ’’ဟု ပြန်လည်ဖြေကြား ခဲ့သည်။

ခြံစည်းရိုး တိုးချဲ့ ကာရံ ရေး ဆောင်ရွက်မှုများကို တားဆီး နှောင့်ယှက်ခြင်း ခံရပြီး၊ လုပ်သား ၁၀ ဦးကို ထိန်းသိမ်းခြင်းခံရကာ ခြံစည်းရိုးမကာဘဲ ယန္တရားများ ပြန်ဆုတ်ရန် ဒေသခံများက တောင်းဆိုသည်ဟု အစိုးရက ဒီဇင်ဘာ ၂၃ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသည်။ အခြေအနေ တင်းမာမှုများဖြစ်စဉ် အဓိကရုန်းနှိမ်နင်းရေးလက်နက် ဖြစ်သော ၁၂ ဗို့ ပြောင်းချော သေနတ်ဖြင့်သာ စုစုပေါင်း ၁၅ ချက် ပစ်၍ လူစုခွဲခဲ့သည်ဟု ထုတ်ပြန် ထားသည်။

လက်ပံတောင်းတောင် ခြံ စည်းရိုးကာရံခြင်းလုပ်ငန်းများ အား ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ နံနက် တွင် ဆည်တည်းကျေးရွာအနီး၌ ခြံစည်းရိုးကာရံခြင်းအား ဒေသခံများက ကန့်ကွက်တားမြစ်ခဲ့ သဖြင့် ရုန်းရင်းဆန်ခတ် ထပ်မံ ဖြစ်ပွားခဲ့သည်။

ရုန်းရင်းဆန်ခတ်ထပ်မံဖြစ် ပွားမှုကြောင့် ဆည်းတည်းကျေး ရွာနေ ကိုအောင်နိုင်နှင့် ကိုဌေးဝင်းတို့နှစ်ဦး ရော်ဘာကျည်ထိမှန်ခဲ့သ ဖြင့် အနည်းငယ်စီဒဏ်ရာရရှိခဲ့ ကြောင်း ဆည်းတည်းကျေးရွာ ဒေသခံများ ပြောကြားချက်အရ သိရှိရသည်။

ဆည်းတည်းကျေးရွာအ၀င် လမ်းအချို့အား ခြံစည်းရိုးကာရံ ပိတ်ဆို့ခဲ့သဖြင့် ဆည်းတည်းကျေး ရွာအတွင်းနေအိမ်များမှ ပစ္စည်း များအား နွားလှည်းများဖြင့် ပြောင်းရွှေ့သယ်ယူနေကြကြောင်းလည်း သတင်းရရှိသည်။

‘‘ဆည်းတည်းကျေးရွာကို မနေ့ ည (ဒီဇင်ဘာ ၂၂ ရက်)က ရွာပြောင်းရမယ်လို့ လာပြောတယ်။ မပြောင်းလျှင် ရွာမီးရှို့မယ်လို့ သတင်းတွေထွက်နေတဲ့အတွက် ရွာထဲက ပစ္စည်းတွေကို အနီးပတ် ၀န်းကျင်ရွာက နွားလှည်းတွေနဲ့ ဒီနေ့ မနက် ၇ နာရီလောက်ကတည်းက ၀ိုင်းသယ်နေကြတယ်။ ရွာထဲ မှာ လူတွေပဲရှိတော့တယ်။ ပစ္စည်းတော်တော်များများက ဆွေမျိုးရှိ တဲ့ ပတ်ဝန်းကျင်ရွာတွေကို ရွေ့ နေကြတယ်’’ဟု ဆည်းတည်းကျေးရွာမှ ပစ္စည်းများအား ၀ိုင်းဝန်းသယ်ဆောင်ခဲ့သော တုံအလယ်တော ကျေးရွာမှ ကိုသိန်းဇော်က ပြောသည်။

ဆည်တည်းကျေးရွာ၊ လယ် တီကျေးရွာ၊ တုံကျေးရွာအနီးတစ် ၀ိုက် လက်ပံတောင်းတောင်ကြီး ၏ အရှေ့တောင်ဘက်တစ်ဝိုက် တွင် ခြံစည်းရိုးကာရံခြင်းလုပ် ငန်းများအား ယန္တရားများဖြင့် ဆောင်ရွက်နေပြီး ဒေသခံတောင် သူအချို့ လယ်ယာမြေဆုံးရှုံးခြင်း ကြောင့် ငိုကြွေးသံများ၊ မကျေမ နပ်ပြောဆိုသံများဖြင့် ဆူညံလျက် ရှိသည်။ တုံကျေးရွာအနီး ခြံစည်း ရိုးကရံခြင်းလုပ်ငန်းများ ဆောင်ရွက်ချိန်တွင် ၈၈ မျိုးဆက်သစ်လူ ငယ်များအဖွဲ့မှ မမီးမီးနှင့် မနီလာ သိန်းတို့ ဦးဆောင်သော လူငယ် များ၊ ဆရာတော် သံဃာတော်များ ရောက်ရှိလာပြီး ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ပစ်ခတ်သည်အထိ ဖြစ်ပွားခြင်း မပြုလုပ်ရန် သက်ဆိုင်ရာတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးခဲ့သည်။

7Day Daily

No comments:

Post a Comment

My Blog List