Tuesday, December 23, 2014

ရဲတွေဟာ သူတို့ သံသယရှိသူရဲ့ ဓါတ်ပုံတွေကို ခြေရာခံဖို့အတွက် Instagram အကောင့် အတု လုပ်ရာမှာ ဖမ်းဝရမ်း မလိုအပ်


 
ရဲတွေက အင်တာနက်ပေါ်မှာ သူတို့ရဲ့ သံသယရှိသူတွေကို ခြေရာခံဖို့အတွက် လူတွေကို လူမှု ကွန်ရက်တွေမှာ ပုဂ္ဂိုလ်ရေး အရ နှောင့်ယှက်မှုတွေ ရှိလာတာကို အများစုက ရှုံ့ချနေကြပါတယ်။

ဒါနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု နယူးဂျာစီ ပြည်နယ် ရဲ့ တရားသူကြီး William Martini က ရဲတွေဟာ သူတို့ သံသယရှိသူရဲ့ ဓါတ်ပုံတွေကို ခြေရာခံဖို့အတွက် Instagram အကောင့် ကို အတုလုပ်ရာမှာ ဖမ်းဝရမ်းကဲ့သို့ ခွင့်ပြုချက်မျိုးမလိုအပ်ဘူးလို့ အခိုင်အမာ တုံ့ပြန်လိုက်ပါတယ်။

William Martini ရဲ့ ပြောကြားချက်အရတော့ Instagram ဟာ ဘုံမျှဝေ မှုပြုလုပ်နိုင်တဲ့ နေရာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ ဖောက်ထွင်းသူခိုး လို့ စွပ်စွဲခံထားရတဲ့ Daniel Gatson အတွက် သတင်းဆိုးတစ်ခု ဖြစ်လာခဲ့သလို သူ့ရဲ့ Instagram ကတစ်ဆင့် ရဲတွေဟာ ဖောက်ထွင်း ခိုးယူခံလိုက်ရတဲ့ စိန်ရွှေရတနာတွေနဲ့ အတူရိုက်ကူးထားတဲ့ ဓါတ်ပုံကို တွေ့သွားပြီး Daniel Gatson ကို သူခိုးအဖြစ် သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

တကယ်တော့ Instagram ဟာ Facebook နဲ့ မတူပါဘူး။ Facebook လို တစ်ကယ့် ကိုယ်ရေး အချက်အလက် အစစ်တွေနဲ့ အသုံးပြုစရာ မလိုပါဘူး။ တစ်ခြား ပြည်နယ်တွေရဲ့ တရားရုံးတွေက ထိုကဲ့သို့ အမိန့် မျိုး ချမှတ်မလားဆိုတာတော့ မသိနိုင်ပေမယ့် နယူးဂျာစီ ပြည်နယ်ရဲ့ အမိန့်ချမှတ်ခဲ့မှုက နောက်တစ်ကြိမ် ရဲ အရာရှိတွေ အင်တာနက် ၀န်ဆောင်မှုတွေအသုံးပြုပြီး အမှုလိုက်ဖို့ကိုတော့ တိုက်တွန်းသလို ဖြစ်ခဲ့ပါတယ်။

Trend Myanmar

No comments:

Post a Comment

My Blog List