Monday, December 22, 2014

အမေရိကန်၏ ရန်လိုမှုကို ကာကွယ်ရန်အတွက် နျူကလီးယား စွမ်းရည်တိုးမြှင့်သွားရမည်ဟု မြောက်ကိုရီးယားက ပြော

Photo: အမေရိကန်၏ ရန်လိုမှုကို ကာကွယ်ရန်အတွက် နျူကလီးယား စွမ်းရည်တိုးမြှင့်သွားရမည်ဟု မြောက်ကိုရီးယားက ပြော
Monday, December 22, 2014 

ဒီမိုကရက်တစ် ကိုရီးယားပြည် သူ့သမ္မတနိုင်ငံ (DPRK) မြောက် ကိုရီးယားနိုင်ငံက ကိုရီးယားကျွန်း ဆွယ်၌ နျူကလီးယားကင်းမဲ့ရမည် ဆိုသည့်အချက်မှာ ''အဓိပ္ပာယ်မရှိ ကြောင်း''၊ အမေရိကန်ပြည်ထောင် စု၏ ရန်လိုသောမူဝါဒကြောင့် နိုင်ငံ ၏ ကာကွယ်ရေး စွမ်းရည်အားလုံး နျူကလီးယားစွမ်းရည် အပါအဝင်ကို တိုးမြှင့်လုပ်ဆောင်သွားရမည်ဖြစ် ကြောင်း ပြောကြားလိုက်သည်ဟု ဆင်ဟွာသတင်းက ဖော်ပြခဲ့သည်။

ကြာသပတေးနေ့က မြောက် ကိုရီးယား၏ လူ့အခွင့်အရေးမှတ် တမ်းအား နိုင်ငံတကာရာဇဝတ်မှု ခုံရုံးသို့ တင်သွားရန် ကုလသမဂ္ဂ အထွေထွေညီလာခံက မဲခွဲဆုံးဖြတ် ခဲ့သည်။ ဤအဆိုအား ဥရောပသမဂ္ဂ နှင့် ဂျပန်နိုင်ငံတို့က ပူးတွဲတင်သွင်း ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယား ဤလူ့အခွင့် အရေး ''ဒုံးပျံ''ကို အမေရိကပစ်ခွင်း ခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲလိုက်သည်။ ဤကိစ္စမှာ အန္တရာယ်များသော နိုင်ငံ ရေးရည်ရွယ်ချက်ဖြင့် လုပ်ဆောင် ချက်ဖြစ်ပြီး DPRK အား ကျူးကျော် ခြင်းတစ်ရပ်သာဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ အချက်သုံးချက်ပါ ထုတ်ပြန်ကြေညာချက်တွင် ကုလသ မဂ္ဂအထွေထွေညီလာခံမှ ဆုံးဖြတ် လိုက်သော လူ့အခွင့်အရေးဆုံးဖြတ် ချက်ကို ပယ်ချကြောင်း၊ မြောက်ကို ရီးယား၏ အမှန်တကယ် လူ့အခွင့် အရေး အခြေအနေနှင့် မကိုက်ညီ ကြောင်း ဖော်ပြခဲ့သည်။

ထို့အပြင် ၂ဝဝ၅ ခုနှစ်က ပေကျင်း၌ခြောက် ပါတီ အစည်းအဝေး၌ အမေရိကန် နှင့် DPRK ရေးထိုးခဲ့သည့် သဘော တူညီချက်မှာလည်း ပျက်ပြယ်ကြောင်း၊ ထိုသဘောတူညီချက်နှင့် နှစ်နိုင်ငံ အကြား အပြန်အလှန်လေးစားရေး နှင့် အချုပ်အခြာအာဏာကို အသိ အမှတ်ပြုရေး ပါဝင်သည်။

ကိုရီးယားကျွန်းဆွယ်နျူကလီး ယား ကင်းမဲ့ရမည်ဆိုသည့်အချက် မှာလည်း ပျက်ပြယ်ကြောင်း၊ အမေ ရိကန်၏ ကျူးကျော်ရန်လိုသော အ ပြုအမူကြောင့် ဖြစ်ကြောင်း၊ လူ့အ ခွင့်အရေးကို အကြောင်းပြ၍ လုပ် ဆောင်မှုက ထင်ရှားနေကြောင်း ဖော်ပြခဲ့သည်။ DPRK လူထုနှင့် စစ်တပ်က လူ့အခွင့်အရေး ''ဒုံးပျံ'' ကို ဖျက်ဆီးသွားမည်ဖြစ်ကြောင်း၊ မမျှော်မှန်းနိုင်သော တန်ပြန်မှုကို ခံရလိမ့်မည်ဖြစ်ကြောင်း၊ မိမိတို့၏ ဆိုရှယ်လစ်စနစ်ကို စွဲမြဲစွာကာကွယ် သွားမည်ဟုဖော်ပြခဲ့သည်။

Xinhua
Democracytoday

No comments:

Post a Comment

My Blog List