Tuesday, December 23, 2014

ရွှေအုန်းပင်ဦးဝင်းမြင့် ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန် ခွင့်ပြုချက်တောင်းမည်


 
ဦးဝင်းမြင့်က ဦးစံလင်းဦးဆောင်ပြီး ခေါင်းလောင်းရှာဖွေမှုနှင့် ပတ်သက်၍ စက်တင်ဘာတွင် ရှင်းလင်းနေစဉ်(ဓာတ်ပုံ - ဇေနွေထွန်း)


ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးအဖွဲ့မှ ဦးစံလင်းနှင့် လမ်းခွဲခဲ့သည့် ရွှေအုန်းပင်စား သောက်ဆိုင် ပိုင်ရှင်ဦးဝင်းမြင့်က ၂၀၁၅ ဖေဖော်ဝါရီတွင် ဓမ္မစေတီ ခေါင်းလောင်းကို ဆက်လက်ရှာ ဖွေခွင့်ရရန် ရန်ကုန်တိုင်းအစိုးရ အဖွဲ့ထံ ခွင့်ပြုမိန့်လျှောက်ထား မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၂ရက် တွင်ပြောကြား သည်။

ဦးဝင်းမြင့်က ၎င်းဦးဆောင်၍ ကျပ်သိန်းတစ်ထောင်မ,တည် ကာ ခေါင်းလောင်းကို ဆက်လက် ရှာဖွေမည်ဖြစ်ပြီး လူပေါင်းသန်း ၅၀ကို ဦးစံလင်းလိမ်ခဲ့သည်ဟု ပြီးခဲ့သည့် စက်တင်ဘာ ၂၆ရက်က သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

‘‘ဗိုလ်ရှုခံဧည့်ခံပွဲအတွက် အလုပ်လုပ်နေရလို့ မအားသေး လို့။ ခေါင်းလောင်းရှာဖို့ နိုင်ငံခြား အကူအညီ တချို့ကမ်းလှမ်းထား တာလည်းရှိတယ်။ ဖေဖော်ဝါရီ မှာ ခွင့်ပြုမိန့်တင်မယ်’’ဟု ရွှေအုန်းပင် စားသောက်ဆိုင်ပိုင်ရှင်ဦးဝင်း မြင့်ကပြောသည်။

ဓမ္မစေတီခေါင်းလောင်းရှာ ဖွေမှုကို သြဂုတ် ၉ရက်မှစတင်ခဲ့ ပြီး ၂၆ရက်တွင် ခေါင်းလောင်းကြီးတွေ့ရှိပြီဟု ဦးစံလင်းကကြေညာခဲ့သော်လည်း လက် တွေ့တွင် ခေါင်းလောင်းမဟုတ်ဘဲ သင်္ဘောပျက်ကိုယ်ထည်သာ ဖြစ်နေသည်။ခေါင်းလောင်းရှာဖွေမှုသည် ၄၃ရက်ကြာသော်လည်း မအောင်မြင်ဘဲ အဆုံးသတ်ခဲ့သည်။

‘‘လုပ်ငန်းအကောင်အထည် ဖော်မှု၊ စီမံချက်တောင်းရမယ်။ သုတေသနဘယ်လောက်လုပ် ထားလဲ။ လုပ်ကိုင်နိုင်တဲ့ငွေကြေး၊ စီမံချက်က ဖြစ်နိုင်ခြေရှိ၊မရှိပေါ့။ ငွေကြေးကအလှူခံမှာလား။ လူ ပုဂ္ဂိုလ်လွှမ်းမိုးမှု၊ ကျော်ကြားလို တာလား။ ဒါကို သက်ဆိုင်ရာက မေးရမယ်’’ဟု မွန်သမိုင်းသုတေသန အသင်းတွဲဖက်အတွင်းရေးမှူးနိုင်ရဲဇော်ကမှတ်ချက်ပြု သည်။

ခေါင်းလောင်းရှာဖွေရာတွင် မအောင်မြင်ခဲ့သည့် ဦးစံလင်းကို သုံးစွဲခဲ့သည့်ငွေကြေးများနှင့်ပတ် သက်၍ အောက်တိုဘာ ၃ရက်က ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဓမ္မ စေတီခေါင်းလောင်းဆယ်ယူရေး အတွက် ပိုသောငွေကျပ်သိန်းငါးရာကို ဘဏ်တွင်အပ်ထားကြောင်း ဦးစံလင်းကဖြေကြားဖူးသည်။

ဓမ္မစေတီခေါင်းလောင်းရှာ ဖွေရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုမိန့်ရရှိထားသူများမှာ ဇေကမ္ဘာ ဦးခင်ရွှေနှင့်အဖွဲ့၊ ဦးစံလင်းတို့မှာ ခွင့်ပြုထားသော သက်တမ်းရှိနေသေးကြောင်း ရွှေအုန်းပင် စားသောက်ဆိုင်ပိုင်ရှင်ဦးဝင်းမြင့်ကပြောသည်။

ဓမ္မစေတီခေါင်းလောင်းရှာ ဖွေမှုရပ်ဆိုင်းပြီးနောက် ဦးစံလင်း အမည်ဖြင့် ကမ္ဘောဇဘဏ်တွင် အပ်နှံထားသောလက်ကျန်အလှူ ငွေကျပ် သိန်းငါးရာကျော်ကို ခေါင်းလောင်းဆက်လက်ရှာဖွေ မည့်အဖွဲ့များရှိပါက လှူမည်ဟု ဦးစံလင်းကအောက်တိုဘာ ၂ရက် တွင်ပြောကြားခဲ့သည်။
‘‘အချိန်တန်အမှန်ပေါ်လာ မှာပါ။ ဘာမှမပြောချင်ဘူး။ ခေါင်းလောင်းရှာတဲ့ပါမစ်တော့မ အပ်ဘူး။ ခေတ္တနားထားတာ။ ဒီ ကြားထဲအရှုပ်အရှင်းများတယ်။ ဘယ်သူပဲလုပ်လုပ်ပေါ်အောင် လုပ်ပါ။ တိုင်းပြည်လူမျိုး၊အမျိုး ဘာသာအတွက်လုပ်ခဲ့တာပဲ’’ဟု ဦးစံလင်းက လက်ကျန်အလှူငွေ ၊ ခေါင်းလောင်းပါမစ်နှင့်ပတ်သက်၍ 7Day Daily အား ဒီဇင်ဘာ ၂၂ရက်တွင် ပြောသည်။

7Day Daily

No comments:

Post a Comment

My Blog List