Wednesday, December 24, 2014

လက်ပံတောင်းပဋိပက္ခတွင် ဒေသခံအမျိုးသမီး ဦးခေါင်းဒဏ်ရာ အား သေနတ် ကျည်ဆန်ဒဏ်ရာဟု တိုင်းရဲမှူး အတည် မပြုနိုင်ကြောင်းပြော ဆို


Photo: လက်ပံတောင်းပဋိပက္ခတွင် ဒေသခံအမျိုးသမီး ဦးခေါင်းဒဏ်ရာ အား သေနတ် ကျည်ဆန်ဒဏ်ရာဟု တိုင်းရဲမှူး အတည် မပြုနိုင်ကြောင်းပြော ဆို
Wednesday, December 24, 2014

လက်ပံ တောင်းတောင် ပဋိပက္ခတွင် ဒေသခံ မိုးကြိုးပြင်ရွာမှ မခင်ဝင်း၏ နဖူး တည့်တည့်ရှိ သေနတ်ဒဏ်ရာအား အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ပစ်လိုက်သော သေနတ်ကျည်ဆန် ဒဏ်ရာဟု အတည်ပြုပြောဆိုနိုင် ခြင်း မရှိသေးကြောင်း စစ်ကိုင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးဦးနေ ထွန်းက ပြောသည်။

''ဆေးရုံမှာ အလောင်းကို PM လုပ်ကြည့်ချင်တယ်။ အလောင်း မမြင်ရဘဲ၊ မသိဘဲနဲ့ မပြောနိုင်ဘူး။သိဖို့လိုတယ်။ ရဲတပ်ဖွဲ့ကပစ်ခတ်မှု ကြောင့် ဟုတ်မဟုတ်ဒဏ်ရာအပေါ် မူတည်တယ်။ ဒီဒဏ်ရာနဲ့သေဆုံး မှုကို ကျွမ်းကျင်တဲ့သူနဲ့စစ်မှသိမယ်'' ဟု တိုင်းရဲမှူးက ပြောသည်။

ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်း က လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းခြံစည်းရိုးခတ်မှုကို တားမြစ် ရာမှ လုံခြုံရေးရဲတပ်ဖွဲ့နှင့် ဒေသခံ များအကြား ထိပ်တိုက်တွေ့ဆုံမှုမှ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သော်လည်း အမျိုးသမီးတစ်ဦး၏ ဦးခေါင်းသေ နတ်ထိမှန်သေဆုံးမှုမှာ ပထမဆုံး ဖြစ်စဉ်ဖြစ်သည်။

သေဆုံးသူ မခင်ဝင်း၏ မောင် ဖြစ်သူ ဦးသောင်းဌေးမှ ''အစ်ကို တစ်ဝမ်းကွဲကိုမှိုင်းက ဘယ်ဘက် ပေါင်ကို ကျည်မှန်တာ၊ အမလေး ဆိုပြီးအသံကြားလို့ နောက်ပြန်ကြည့် လိုက်တော့ အစ်မကလဲ တုံးလုံး လဲနေတာတွေ့တယ်၊ ရဲတွေက တက် လာသေးတယ် လူသေမှန်းသိမှပြန် ဆုတ်သွားတာ''ဟု မိုးကြိုးပြင်အလယ် ရွာရှိ မခင်ဝင်းနာရေးတွင် မီဒီယာ များသို့ ပြောသည်။

သေနတ်ဒဏ်ရာဖြင့် ဦးခေါင်း ပွင့်၍ ဦးနှောက်များထွက်၍ သေ ဆုံးခဲ့သူ မခင်ဝင်း၏ အသုဘအခမ်း အနားပြုလုပ်မည့်ရက်အား အတိ အကျမသိသေးဘဲ ၈၈ မျိုးဆက်အဖွဲ့ နှင့်လိုက်ပါလာသော ဆရာဝန်များ လာကြည့်မည်ဖြစ်ကြောင်း၊ အစိုးရ ဘက်မှလည်း အလောင်းအား လာ ရောက်တောင်းခံထားခြင်း မရှိသေး ကြောင်း သိရသည်။

KTS

Democracytoday
လက်ပံ တောင်းတောင် ပဋိပက္ခတွင် ဒေသခံ မိုးကြိုးပြင်ရွာမှ မခင်ဝင်း၏ နဖူး တည့်တည့်ရှိ သေနတ် ဒဏ်ရာအား အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ပစ်လိုက်သော သေနတ်ကျည်ဆန် ဒဏ်ရာဟု အတည်ပြု ပြောဆိုနိုင် ခြင်း မရှိသေးကြောင်း စစ်ကိုင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးဦးနေ ထွန်းက ပြောသည်။

''ဆေးရုံမှာ အလောင်းကို PM လုပ်ကြည့်ချင်တယ်။ အလောင်း မမြင်ရဘဲ၊ မသိဘဲနဲ့ မပြောနိုင်ဘူး။ သိဖို့လိုတယ်။ ရဲတပ်ဖွဲ့ကပစ်ခတ်မှု ကြောင့် ဟုတ်မဟုတ်ဒဏ်ရာအပေါ် မူတည်တယ်။ ဒီဒဏ်ရာနဲ့သေဆုံး မှုကို ကျွမ်းကျင်တဲ့သူနဲ့စစ်မှသိမယ်'' ဟု တိုင်းရဲမှူးက ပြောသည်။

ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်း က လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းခြံစည်းရိုးခတ်မှုကို တားမြစ် ရာမှ လုံခြုံရေးရဲတပ်ဖွဲ့နှင့် ဒေသခံ များအကြား ထိပ်တိုက်တွေ့ဆုံမှုမှ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သော်လည်း အမျိုးသမီးတစ်ဦး၏ ဦးခေါင်းသေ နတ်ထိမှန်သေဆုံးမှုမှာ ပထမဆုံး ဖြစ်စဉ်ဖြစ်သည်။

သေဆုံးသူ မခင်ဝင်း၏ မောင် ဖြစ်သူ ဦးသောင်းဌေးမှ ''အစ်ကို တစ်ဝမ်းကွဲကိုမှိုင်းက ဘယ်ဘက် ပေါင်ကို ကျည်မှန်တာ၊ အမလေး ဆိုပြီးအသံကြားလို့ နောက်ပြန်ကြည့် လိုက်တော့ အစ်မကလဲ တုံးလုံး လဲနေတာ တွေ့တယ်၊ ရဲတွေက တက် လာသေးတယ် လူသေမှန်းသိမှပြန် ဆုတ်သွားတာ''ဟု မိုးကြိုးပြင်အလယ် ရွာရှိ မခင်ဝင်းနာရေးတွင် မီဒီယာ များသို့ ပြောသည်။

သေနတ်ဒဏ်ရာဖြင့် ဦးခေါင်း ပွင့်၍ ဦးနှောက်များထွက်၍ သေ ဆုံးခဲ့သူ မခင်ဝင်း၏ အသုဘအခမ်း အနားပြုလုပ်မည့်ရက်အား အတိ အကျမသိသေးဘဲ ၈၈ မျိုးဆက်အဖွဲ့ နှင့်လိုက်ပါလာသော ဆရာဝန်များ လာကြည့်မည်ဖြစ်ကြောင်း၊ အစိုးရ ဘက်မှလည်း အလောင်းအား လာ ရောက်တောင်းခံထားခြင်း မရှိသေး ကြောင်း သိရသည်။

KTS

‎Democracytoday‬

No comments:

Post a Comment

My Blog List