Monday, December 22, 2014

UPWC နှင့် NCCT တို့၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲသို့ အစိုးရဘက်မှ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ကိုယ်စားလှယ် ခေါင်းဆောင်များ စုံလင်စွာ တက်ရောက်မည်

Photo: UPWC နှင့် NCCT တို့၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲသို့ အစိုးရဘက်မှ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ကိုယ်စားလှယ် ခေါင်းဆောင်များ စုံလင်စွာ တက်ရောက်မည်
Monday, December 22, 2014 

ဒီဇင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်များတွင် ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) တို့၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ အစိုးရဘက်မှ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်ကိုယ်စားလှယ် ခေါင်းဆောင်များ စုံလင်စွာ တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထို့ပြင် အဆိုပါ ဆွေးနွေးပွဲသို့ NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် (၁) ပဒိုစောကွယ်ထူးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်ဖြစ်ပြီး အဖွဲ့ခေါင်းဆောင် နိုင်ဟံသာနှင့် ဒုတိယ အဖွဲ့ခေါင်းဆောင် (၂) ဗိုလ်ချုပ်ဂွမ်မော်တို့ တက်ရောက်မည် မဟုတ်ကြောင်း NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားထားသည်။

အစိုးရဘက်မှ ဆွေးနွေးပွဲသို့ တက်ရောက်မည့် ကိုယ်စားလှယ်များနှင့် ပတ်သက်ပြီး Myanmar Peace Center မှ ဦးလှမောင်ရွှေက “ကျွန်တော် အခုထိ သိထားသလောက်ကတော့ ဝန်ကြီးဦးအောင်မင်း၊ ဦးသိန်းဇော်နဲ့ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ ဦးဆောင်တဲ့ အဖွဲ့တွေ တက်မှာပါ။ ကျန်တဲ့ အဖွဲ့ဝင်တွေလည်း ပါမှာပေါ့။ သူတို့နဲ့ ကျွန်တော်တို့ တွေ့ဆုံညှိနှိုင်းတုန်းက ဆွေးနွေးပွဲနှစ်ရက် လုပ်မယ်လို့ ပြောတဲ့အတွက်တော့ နှစ်ရက်ပဲလို့ နားလည်ထားတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲအပေါ် မူတည်ပြီးတော့ နှစ်ဖက်ခေါင်းဆောင်တွေ စဉ်းစားမှာပေါ့” ဟု ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်မူကြမ်းအပေါ် နှစ်ဖက်ညှိနှိုင်းထားသည့် အခြေအနေနှင့် ပတ်သက်ပြီးလည်း ဦးလှမောင်ရွှေက “ကျွန်တော်တို့ ဒီကြားထဲမှာ သုံးလတာ ဆွေးနွေးပွဲတွေ မလုပ်ခင် အလုပ်အဖွဲ့တွေ အနေနဲ့ သွားပြီးတော့ ကျန်တဲ့အချက်တွေနဲ့ ပတ်သက်ပြီး ဒီဘက်က သဘောထားကို ဟိုဘက်ကို သွားတင်ပြ ဟိုဘက်က သဘောထားကို ဒီဘက်ကို ပြန်ပို့လုပ်တော့ အချက်ကြီး ခြောက်ချက် အချက်ငယ်တွေ ပေါင်းရင်တော့ ၁၆ ချက်။ အဲဒီထဲက ဆယ်ချက်လောက်ကတော့ မူအားဖြင့် အကြမ်းဖျင်း သဘောတူပြီးသား ရှိတာပေါ့” ဟု ပြောကြားသည်။

UPWC နှင့် NCCT အလုပ်အဖွဲ့များအကြား ညှိနှိုင်းမှုများအရ သဘောတူညီမှုများ ရရှိထားပြီဆိုသည့် အချက်များကို တရားဝင် ဆွေးနွေးပွဲများ ဖြစ်ပေါ်လာသည့် အချိန်တွင် ဆွေးနွေးအတည်ပြုရမည် ဖြစ်သည်ဟု NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ ရှေ့မဆက်နိုင်ဘဲ ရပ်တန့်နေခြင်းမှာ နိုင်ငံရေး အခြေအနေများ စစ်ရေးအခြေအနေများနှင့် သက်ဆိုင်ကြောင်း၊ အပစ်ရပ်စာချုပ် မူကြမ်းပါ နှစ်ဖက်သဘော တူညီထားပြီးဖြစ်သည့် အချက်များကို ပြီးခဲ့သည့် စက်တင်ဘာလက ပြုလုပ်ခဲ့သော ခြောက်ကြိမ်မြောက် ဆွေးနွေးပွဲတွင် ပြန်ရုပ်သိမ်းခဲ့သည်များကလည်း အပစ်ရပ်စဲရေး လုပ်ငန်းစဉ်အား နှောင့်နှေးစေခဲ့ကြောင်း၊ သာမန်အပစ်ရပ်စဲရေးကို မလိုလားကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲကို တက်လှမ်းရန် သေချာစေမည့် အနေအထား ရရှိမှသာ အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း NCCT ခေါင်းဆောင်များက ပြောကြားသည်။

စက်တင်ဘာလက ပြုလုပ်သည့် UPWC နှင့် NCCT တို့၏ ဆွေးနွေးပွဲအား တွေ့ရစဉ်

Eleven Media Group 

No comments:

Post a Comment

My Blog List