Tuesday, December 23, 2014

ယခုသီတင်းပတ်အတွင်း သူပုန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု ယူကရိန်း သမ္မတ အတည်ပြု

Photo: ယခုသီတင်းပတ်အတွင်း သူပုန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု ယူကရိန်း သမ္မတ အတည်ပြု
Tuesday, December 23, 2014 

ယူကရိန်းသမ္မတ ပက်ထရို ပိုရိုရှန်ကိုက ယခုသီတင်းပတ်အတွင်း သူပုန်တပ်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

ယူကရိန်း အရှေ့ပိုင်းကို ထိန်းချုပ်ထားပြီး ရုရှားနှင့် ပူးပေါင်းရန် လိုလားသည့် သူပုန်တပ်များနှင့် ယူကရိန်း အစိုးရတို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးရန် နိုင်ငံတကာ ဖိအားပေးမှုများ တိုးပွားလာသည့်နောက် ပိုရိုရှန်ကိုက ဒီဇင်ဘာ ၂၂ ရက်တွင် ယင်းကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။

ယခင်ကလည်း အလားတူ ကြိုးပမ်းမှုများ ရှိခဲ့သော်လည်း နှစ်ဖက် ညှိနှိုင်းမှု အဆင်မပြေဘဲ ပျက်ပြယ်ခဲ့သည်။ ယခုအခါ ဘီလားရုစ်နိုင်ငံ၊ မင့်စ်ခ်မြို့တွင် ဒီဇင်ဘာ ၂၄ နှင့် ၂၆ ရက်များ၌ နှစ်ဖက် ကိုယ်စားလှယ်များ ဆွေးနွေးသွားမည်ဟု သိရသည်။ ရုရှား၊ ပြင်သစ်နှင့် ဂျာမနီ နိုင်ငံ အကြီးအကဲများကို ဖုန်းဖြင့်ဆက်သွယ် ညှိနှိုင်းပြီးနောက် ပိုရိုရှန်ကိုက ငြိမ်းချမ်းရေး ဆွေးနွေးမှု အစီအစဉ်ကို အကောင်အထည် ဖော်မည်ဟု အတည်ပြုခဲ့သည်။

“မင့်စ်ခ်မှာ ဒီသီတင်းပတ်အတွင်း နောက်ထပ် ဆွေးနွေးမှုတွေ စတင်သွားဖို့ နိုင်ငံအသီးသီးက အစိုးရတွေကလည်း သဘောတူ အားပေးခဲ့ပါတယ်”ဟု ယူကရိန်း သမ္မတရုံး ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ယူကရိန်း အရှေ့ပိုင်းတွင် သူပုန်များ တော်လှန်ခြားနားမှု ပေါ်ပေါက်ခဲ့သည့် ဧပြီလနောက်ပိုင်း အပြန်အလှန် တိုက်ခိုက်မှုများကြောင့် နှစ်ဖက် အသေအပျောက် ပမာဏသည် (၄၇၀၀)ကျော်ထိ ရှိလာခဲ့ကြောင်း သတင်းရရှိသည်။

7Day

No comments:

Post a Comment

My Blog List