Tuesday, December 23, 2014

တူနီးရှား ရွေးကောက်ပွဲတွင် အစ္စလာမ္မစ် ဆန့်ကျင်ရေး ပါတီ အနိုင်ရကြောင်း ကြေညာ

Photo: တူနီးရှား ရွေးကောက်ပွဲတွင် အစ္စလာမ္မစ် ဆန့်ကျင်ရေး ပါတီ အနိုင်ရကြောင်း ကြေညာ
Tuesday, December 23, 2014 

အာရပ်နွေဦး တော်လှန်ရေး အလွန် တူနီးရှားနိုင်ငံ၏ ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ဒုတိယအကျော့ တွင် အစ္စလာမ္မစ်ဆန့်ကျင်ရေးပါတီ သမ္မတလောင်း ဘီဂျီကိတ်ဒ်အီဆက်စီက ရွေးကောက်ပွဲတွင် အနိုင်ရကြောင်း ကြေညာ လိုက်သော်လည်း လက်ရှိသမ္မတမွန်ဆက်မာဇူကီက ယင်းကြေညာချက် သည် ခိုင်လုံမှုမရှိကြောင်းနှင့် လက်မခံကြောင်း တုံ့ပြန်လိုက်သည်။

ရွေးကောက်ပွဲရလဒ်အား ယခု တစ်ရက်၊ နှစ်ရက်အတွင်း ထုတ်ပြန်ရန် မဖြစ်နိုင်သေးကြောင်း သိရသော် လည်း အီဆက်စီ၏ မဲဆွယ် စည်းရုံးရေး မန်နေဂျာတစ်ဦးက ကနဦး ရရှိထားသော မဲရလဒ်များအရ နီဒါ တူနက်စ်ပါတီခေါင်းဆောင် အီဆက်စီ အနိုင်ရနေကြောင်း ပြော ကြားခဲ့သည်။ အသက် ၈၈ နှစ်အရွယ် အီဆက်စီကလည်း မဲဆွယ်စည်းရုံးရေး ဌာနချုပ် ရှေ့တွင် ရောက်ရှိနေသည့် ၎င်းအား ထောက်ခံသူ ၂၀၀၀ ခန့်အား ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

"တူနီးရှားအတွက် အနာဂတ်မျိုးဆက်သစ်တွေ လိုအပ်ပါတယ်။ ကျွန်တော်တို့ လက်တွဲဆောင်ရွက် သွားဖို့ လိုအပ်ပါတယ်" ဟု အီဆက်စီ က ပြောကြားခဲ့သည်။ သမ္မတ မာဇူကီ၏ မဲဆွယ်စည်းရုံးရေး အကြီးအကဲ အာနီဒီမန်ဆာက ရွေးကောက်ပွဲရလဒ်အား ယခုကဲ့သို့ တရားမ၀င်ထုတ်ပြန်ခြင်းသည် ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြော ကြားခဲ့သည်။

ပြင်သစ်လက်အောက်မှ ၁၉၅၆ ခုနှစ်တွင် လွတ်လပ်ရေးရရှိပြီး အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်း များစွာရှိနေခဲ့သည့် တူနီးရှားနိုင်ငံ အနေဖြင့် ယခုရွေးကောက်ပွဲသည် ပထမဆုံးအကြိမ်ဖြစ်ပြီး မဲပေးခွင့်ရှိသူ အရေအတွက်၏ ၅၉ ဒသမ ၀၄ ရာခိုင်နှုန်း ပါဝင်မဲပေးခဲ့ကြောင်း သိရသည်။ ၂၀၁၁ ခုနှစ်တွင် သမ္မတဟောင်းဇင်နီအယ်လ်အဘီဒင်းဘင်အလီ ဖယ်ရှားခံခဲ့ရပြီးနောက် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည့် တူနီးရှားနိုင်ငံ၏ ပထမဆုံး ရွေးကောက်ပွဲလည်းဖြစ်သည်။

ဒီဇင်ဘာ ၂၁ ရက် ရွေးကောက်ပွဲမစတင်မီ နာရီအနည်းငယ်က နိုင်ငံအလယ်ပိုင်း ကာရိုအန်မြို့ရှိ မဲရုံ စောင့် တပ်ဖွဲ့ဝင်များအား တိုက်ခတ်ခံခဲ့ ရပြီး ဖမ်းမိခဲ့သည့် သေနတ်သမားလေးဦးအနက် တစ်ဦးကို အသေဖမ်းမိခဲ့သည်။

Mizzima  

ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်ဟု သတင်းထွက်ခဲ့သည့် အီဆက်စီ။

No comments:

Post a Comment

My Blog List