Tuesday, December 23, 2014

မိဘနှင့် ကွဲသွားသည့်ကလေးငယ်တစ်ဦး ဖေ့စ်ဘွတ်ခ်ကြောင့် နာရီပိုင်းအတွင်းပြန်တွေ့



မောင်ရဲရင့်နောင်တို့ မိသားစုကို တွေ့ရစဉ် (ဓာတ်ပုံ − သဇင်)


မိဘနှင့်ကွဲ၍ ရန်ကုန်မြို့ လယ်ကောင်တွင် မျက်စိလည်နေသော ကလေးငယ်တစ်ဦးမှာ လူမှုကွန်ရက် အကူအညီ ဖြင့် နာရီ ပိုင်းအတွင်း မိဘနှင့်ပြန် လည်တွေ့ဆုံနိုင်ခဲ့သည်။

ဒီဇင်ဘာ ၂၀ ရက် နံနက် ၉ နာရီကျော်က မြို့တော်ခန်းမအနီး တွင် မိဘနှင့် ကွဲနေသည့်ကလေး ငယ် မောင်ရဲရင့်နောင်ကို လူမှု ကွန်ရက်အသုံးပြုသူတစ်ဦးက ဓာတ်ပုံရိုက်၍ ချက်ချင်းတင်ခဲ့ရာ ပြန်လည်မျှဝေသူ သုံးသောင်း ကျော်ရှိခဲ့သည်။

ကလေးငယ် ဓာတ်ပုံကို ကလေးငယ် တက်ရောက်နေ သော မူကြိုကျောင်းမှဆရာမက တွေ့မြင်ပြီး ဓာတ်ပုံတင်သူနှင့် ဆက်သွယ်မေးမြန်းခဲ့ရာမှတစ် ဆင့် ကလေးငယ်သည်မိခင်နှင့် ပြန်လည်ဆုံတွေ့ခွင့်ရခဲ့သည်။

‘‘ကလေး တွေ့တဲ့လူက မြို့တော်ခန်းမစောင့်ရဲကို သွား ပြောနေတယ်။ နယ်မြေခံရဲမဟုတ် တော့ ရဲစခန်းကိုသွားခိုင်းတယ်။ ကျွန်တော်က ကလေးနာမည်မေး ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်ခ်ပေါ် တင်လိုက်တာ’’ဟု ဓာတ်ပုံရိုက်၍ ဖေ့စ်ဘွတ်ခ်တင်ခဲ့သူ ကိုစည်သူ အေးက ပြောသည်။
ကလေးမှာ တောင်ဒဂုံမြို့ နယ်တွင် နေထိုင်သူဖြစ်ပြီး လူမှု ဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထား သည့် တောင်ဒဂုံမြို့နယ် မူကြို ကျောင်းတွင် တက်ရောက်နေ သည်။

‘‘မိခင်နဲ့ကလေးက သုံး ယောက်လာတာ။ အခုပျောက် သွားတဲ့ကလေးက တစ်ယောက် တည်း ကားလမ်းကူးသွားတာ။ ကျောင်းမှာသင်ထားသလို လမ်း ကူးရင် ဘယ်ကြည့်ညာကြည့်ပြီး ကူးသွားရင်း အမေနဲ့ကွဲသွားတာ’’ ဟု ကလေးငယ်၏မူကြိုဆရာမ က ရှင်းပြသည်။

7Day Daily

No comments:

Post a Comment

My Blog List