Tuesday, December 23, 2014

လာမည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် နိုင်ငံတကာမှ သက်သေအဖြစ် ပါဝင်လာရန် ဆွေးနွေး

Photo: လာမည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် နိုင်ငံတကာမှ သက်သေအဖြစ် ပါဝင်လာရန် ဆွေးနွေး
Tuesday, December 23, 2014 

လာမည့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အမေရိကန် နှင့် ဥရောပသမဂ္ဂအပါအ၀င် နိုင်ငံတကာမှ အသိသက်သေအဖြစ်ပါဝင်တက်ရောက်ရန် ညှိနှိုင်းသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။လုပ်ငန်းညှိနှိုင်းပွဲအဖြစ် ဒီဇင် ဘာ ၂၂ ရက်က ရန်ကုန်မြို့တွင်ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိ နှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေး နွေးပွဲပြုလုပ်ခဲ့သည်။ ယင်းဆွေး နွေးပွဲအပြီးတွင် ငြိမ်းချမ်းရေးဖြစ် စဉ် ပိုမိုခိုင်မာစေရန် လာမည့်ဆွေးနွေးပွဲမှစတင်၍ နိုင်ငံတကာအသိ သက်သေများပါဝင်လာစေရန် ဆက်လက်တင်ပြညှိနှိုင်းသွားမည်ဖြစ်ကြောင်း NCCT အကြံပေး ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာ ခေါင်းက ပြောကြားသည်။

‘‘လာမယ့်ပွဲကနေစပြီးတော့ NCCT နဲ့ UPWC အစည်းအဝေး တိုင်းမှာ ကျွန်တော်တို့က နိုင်ငံတကာ အသိသက်သေတွေပါဝင်တက်ရောက်စေချင် တယ်ဆိုတာ တင်ပြသွားပါမယ်’’ဟု ၎င်းက ပြောသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ရန် ဖိတ်ခေါ်ပါက အဆင်သင့်ရှိသည်ဟု ပြောကြားဖူးသည့် နို ဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ် ရန် အစီအစဉ်နှင့်ပတ်သက်၍ ‘‘ကျွန်တော်တို့ဘက်ကတော့ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့သူအားလုံးကို ပါဝင်စေချင်တဲ့ ဆန္ဒရှိပါတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

UPWC နှင့် NCCT၏ယခင် ဆွေးနွေးပွဲများတွင် ကုလနှင့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်မှုရှိသော် လည်း အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ (EU)တို့မှ ကိုယ်စားလှယ်များပါဝင်တက်ရောက်နိုင် ခြင်းမရှိသေးပေ။

‘‘အနောက်နိုင်ငံတွေပါဝင် ဖို့ ကျွန်တော်တို့ တိုင်းရင်းသားတွေညက်က တင်ပြထားတာရှိပါတယ်။ဒါက ဆက်ဆွေးနွေးရဦးမယ်’’ဟု ဒေါက်တာဆလိုင်းက ပြောသည်။

UPWC နှင့် NCCT လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၃ ရက်တွင် ဆက်လက်ပြုလုပ်မည် ဖြစ်သည်။

နိုင်ငံတကာအသိသက်သေ များပါဝင်နိုင်ရေးနှင့် ပတ်သက်၍ NCCT ဒုအဖွဲ့ခေါင်းဆောင် (၁) မဒိုစောကွယ်ထူးဝင်းက ‘‘ဒါက တော့ မနက်ဖြန်မှ ဆက်ညှိမှာပါ’’ ဟု ပြောသည်။

ဒီဇင်ဘာ ၂၃ ရက်တွင် NCCT ဘက်မှ တင်ပြလာသော မည်သည့်အချက်ကိုမဆို UPWC ဒုဥက္ကဋ္ဌ ဦးအောင်မင်းက လက်ခံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC)အကြီးတန်းအကြံပေး ဦးလှမောင် ရွှေက ပြောသည်။

ယခုလုပ်ငန်းညှိနှိုင်းပွဲတွင် NCCT ဘက်မှ တစ်နိုင်ငံလုံးအပစ်ရပ်မူကြမ်းတွင် ညှိနှိုင်းရန် ကျန်ရှိ နေသည့်အချက်များ၊ ကေအိုင် အေဗိုလ်လောင်းသင်တန်းကျောင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကိစ္စ၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီနှင့် နှစ်ဖက်တပ်များလိုက်နာရန် စစ်သည်တော်ကျင့်ဝတ်များရေး ဆွဲရန် အလုပ်အဖွဲ့များတွေ့ဆုံ ရေး၊ အပစ်ရပ်စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးရမည့် ပုဂ္ဂိုလ် အဖွဲ့အစည်းများစသည့်အချက် လေးချက်ကို တင်ပြထားပြီး ဆက် လက်ဆွေးနွေးကြမည် ဖြစ်သည်။

UPWC နှင့် NCCT သတ္တမ အကြိမ် တရားဝင်ဆွေးနွေးပွဲကို မူလက အောက်တိုဘာတွင် ပြုလုပ်ရန် သဘောတူထားသော်လည်း မတွေ့ဆုံနိုင်သေးဘဲ လုပ်ငန်းညှိနှိုင်းပွဲအဖြစ် ယခုတွေ့ဆုံ ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များနှုတ်ဆက်နေကြစဉ်(ဓာတ်ပုံ - MPC)

7Day Daily

လာမည့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အမေရိကန် နှင့် ဥရောပသမဂ္ဂအပါအ၀င် နိုင်ငံတကာမှ အသိသက်သေအဖြစ်ပါဝင်တက်ရောက်ရန် ညှိနှိုင်းသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။ လုပ်ငန်း ညှိနှိုင်းပွဲအဖြစ် ဒီဇင် ဘာ ၂၂ ရက်က ရန်ကုန်မြို့တွင်ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိ နှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေး နွေးပွဲပြုလုပ်ခဲ့သည်။ ယင်းဆွေး နွေးပွဲအပြီးတွင် ငြိမ်းချမ်းရေးဖြစ်စဉ် ပိုမိုခိုင်မာစေရန် လာမည့်ဆွေးနွေးပွဲမှစတင်၍ နိုင်ငံတကာအသိ သက်သေများပါဝင် လာစေရန် ဆက်လက်တင်ပြညှိနှိုင်းသွားမည်ဖြစ်ကြောင်း NCCT အကြံပေး ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာ ခေါင်းက ပြောကြားသည်။

‘‘လာမယ့်ပွဲကနေစပြီးတော့ NCCT နဲ့ UPWC အစည်းအဝေး တိုင်းမှာ ကျွန်တော်တို့က နိုင်ငံတကာ အသိသက်သေတွေပါဝင်တက်ရောက်စေချင် တယ်ဆိုတာ တင်ပြသွားပါမယ်’’ဟု ၎င်းက ပြောသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ရန် ဖိတ်ခေါ်ပါက အဆင်သင့်ရှိသည်ဟု ပြောကြားဖူးသည့် နို ဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ် ရန် အစီအစဉ်နှင့်ပတ်သက်၍ ‘‘ကျွန်တော်တို့ဘက်ကတော့ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့သူအားလုံးကို ပါဝင်စေချင်တဲ့ ဆန္ဒရှိပါတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

UPWC နှင့် NCCT၏ယခင် ဆွေးနွေးပွဲများတွင် ကုလနှင့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်မှုရှိသော် လည်း အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ (EU)တို့မှ ကိုယ်စားလှယ်များပါဝင်တက်ရောက်နိုင် ခြင်းမရှိသေးပေ။

‘‘အနောက်နိုင်ငံတွေပါဝင် ဖို့ ကျွန်တော်တို့ တိုင်းရင်းသားတွေညက်က တင်ပြထားတာရှိပါတယ်။ဒါက ဆက်ဆွေးနွေးရဦးမယ်’’ဟု ဒေါက်တာဆလိုင်းက ပြောသည်။

UPWC နှင့် NCCT လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၃ ရက်တွင် ဆက်လက်ပြုလုပ်မည် ဖြစ်သည်။

နိုင်ငံတကာအသိသက်သေ များပါဝင်နိုင်ရေးနှင့် ပတ်သက်၍ NCCT ဒုအဖွဲ့ခေါင်းဆောင် (၁) မဒိုစောကွယ်ထူးဝင်းက ‘‘ဒါက တော့ မနက်ဖြန်မှ ဆက်ညှိမှာပါ’’ ဟု ပြောသည်။

ဒီဇင်ဘာ ၂၃ ရက်တွင် NCCT ဘက်မှ တင်ပြလာသော မည်သည့်အချက်ကိုမဆို UPWC ဒုဥက္ကဋ္ဌ ဦးအောင်မင်းက လက်ခံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC)အကြီးတန်းအကြံပေး ဦးလှမောင် ရွှေက ပြောသည်။

ယခုလုပ်ငန်းညှိနှိုင်းပွဲတွင် NCCT ဘက်မှ တစ်နိုင်ငံလုံးအပစ်ရပ်မူကြမ်းတွင် ညှိနှိုင်းရန် ကျန်ရှိ နေသည့်အချက်များ၊ ကေအိုင် အေဗိုလ်လောင်းသင်တန်းကျောင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကိစ္စ၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီနှင့် နှစ်ဖက်တပ်များလိုက်နာရန် စစ်သည်တော်ကျင့်ဝတ်များရေး ဆွဲရန် အလုပ်အဖွဲ့များတွေ့ဆုံ ရေး၊ အပစ်ရပ်စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးရမည့် ပုဂ္ဂိုလ် အဖွဲ့အစည်းများစသည့်အချက် လေးချက်ကို တင်ပြထားပြီး ဆက် လက်ဆွေးနွေးကြမည် ဖြစ်သည်။

UPWC နှင့် NCCT သတ္တမ အကြိမ် တရားဝင်ဆွေးနွေးပွဲကို မူလက အောက်တိုဘာတွင် ပြုလုပ်ရန် သဘောတူထားသော်လည်း မတွေ့ဆုံနိုင်သေးဘဲ လုပ်ငန်းညှိနှိုင်းပွဲအဖြစ် ယခုတွေ့ဆုံ ခြင်းဖြစ်သည်။

7Day Daily

No comments:

Post a Comment

My Blog List