Thursday, December 25, 2014

လက်ပံတောင်းဋိပက္ခတွင် နိုင်ငံတကာသတ်မှတ်ထားသော လက်နက်နှင့် ရော်ဘာကျည်ကိုသာ အသုံးပြုခဲ့ဟုဆို


လက်ပံတောင်းတောင် ပဋိပက္ခတွင် လူစုလူဝေးကို ပစ် ခတ်ခွဲထုတ်ရာ၌ မြန်မာနိုင်ငံရဲ တပ်ဖွဲ့က သုံးစွဲခဲ့သည့် ၁၂ ဗို့ ပြောင်းချောသေနတ်မှာ ဥရောပ သမဂ္ဂ(EU)က သတ်မှတ်ထား သည့် နိုင်ငံတကာစံချိန်မီအဓိက ရုဏ်းနှိမ်နင်းရေးလက်နက်ဖြစ်ပြီး ၁၂ ဗို့ပြောင်းချောသေနတ်အပြင် ၃၃ မီလီမီတာသေနတ်တို့ကို ရော် ဘာကျည်ဆန် အသုံးပြုပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူ များက ဆိုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ တစ်ကျော့ပြန် ပဋိပက္ခတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ က အဓိကရုဏ်းနှိမ်နင်းရေးလက် နက်ဖြစ်သည့် ၁၂ ဗို့ပြောင်းချော သေနတ်ကို အသုံးပြု၍ စုစုပေါင်း ၁၅ ချက်ပစ်ခတ်လူစုခွဲခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြ ခဲ့သည်။

ထိုပစ်ခတ်မှုဖြစ်စဉ်တွင် တောင်သူဒေါ်ခင်ဝင်းမှာ ဦးခေါင်း ကို သေနတ်ကျည်ဆန်ထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၄ ရက်က ဆားလင်းကြီးဆေးရုံ၌ အလောင်းကို မှုခင်းဆရာဝန်က စစ်ဆေးစဉ် သေနတ်ဒဏ်ရာဟု အဖြေထွက်ခဲ့သည်။

အဆိုပါ ၁၂ ဗို့ပြောင်းချော သေနတ်မှာ EU က သတ်မှတ် ထားသော လူစုလူဝေးနှင့် အဓိက ရုဏ်းများကို ကိုင်တွယ်နှိမ်နင်းရာ တွင် သုံးစွဲရန်အကျုံးဝင်ပြီး EU က မြန်မာနိုင်ငံရဲတပ်ဖွဲ့အား သင် တန်းပေးစဉ်ကလည်း ထိုလက် နက်များဖြင့် သင်တန်းပေးခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ဒုတိယရဲမှူးကြီးဇော် မင်းဦးက ပြောသည်။

‘‘ကျွန်တော်တို့က နိုင်ငံ တကာစံချိန်စံညွှန်းနဲ့ညီတဲ့ ဒီ ၁၂ ဗို့ပြောင်းချောသေနတ်နဲ့ ၃၃ မီလီ မီတာသေနတ်တွေကို ရော်ဘာ ကျည်ဆန်သုံးပြီး ပဋိပက္ခနဲ့ လူစု လူဝေးကိုကိုင်တွယ်ခဲ့တာဖြစ် တယ်။ EU က သင်တန်းပေးပြီး ကတည်းက ဒီလက်နက်တွေကို နိုင်ငံတော်စရိတ်နဲ့ တပ်ဖွဲ့ဝင်တွေ ကို ပြောင်းလဲတပ်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီ ၁၂ ဗို့ပြောင်းချော သေနတ်နဲ့ ရော်ဘာကျည်သုံးပြီး ပစ်ရင် ကိုက် ၃၀ အကွာက သုံး ထပ်သားကို ပေါက်ထွက်သွားနိုင် ပါတယ်။ လူကိုတော့ထိရင် သေ နတ်တွန်းကန်အားကလည်းရှိ တော့ ကိုက် ၃၀ အတွင်းရှိရင် တော့ တအားနီးကပ်နေပြီး အန္တ ရာယ်ရှိနိုင်တာပေါ့’’ဟု ၎င်းက ရှင်းပြသည်။

၁၂ ဗို့ပြောင်းချောသေနတ် မှာ ပြောင်းအရစ်မပါဘဲ ပစ်ခတ် လိုက်ပါက ခဲသီးသေးသေးလေး များ ပြန့်ကျဲ၍ လူများများကို ထိမှန်အောင်ပစ်ခတ်၍ရသည့် လက်နက်ဖြစ်ပြီး လူစုလူဝေးကို ခွဲထုတ်လိုပါက အဆိုပါသေနတ်ကိုသုံးစွဲရကြောင်း လက်နက် ကျွမ်းကျင်သူ လက်နက်ကိုင်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောသည်။

‘‘၁၂ ဗို့က ရိုင်ဖယ်လိုတော့ မတိကျဘူး။ လူအုပ်စုတွေကို ခွဲ ချင်ရင် အဲဒါကိုသုံးပါတယ်။ ရော် ဘာကျည်ဆန်ကလည်း အနီးကပ် ဆိုရင် အသက်သေစေနိုင်ပါ တယ်။ ယမ်းရဲ့တွန်းကန်အားနဲ့ သွားလို့ပါ။ နောက်ရော်ဘာကျည် လိုပဲ စရိတ်ကျည်ဆိုတာရှိသေး တယ်။ ထိပ်ဖူးအတွင်းမှာ ခဲသီး များများထည့်ပြီးပစ်ရတာပါ။ မကောင်းသူထိပ်၊ ကောင်းသူထိပ် ပေါ့။ လူကိုပစ်တာထက် ငှက် အုပ်တွေကိုပစ်ဖို့ အချို့မုဆိုးတွေ သုံးပါတယ်’’ဟု အဆိုပါကျွမ်း ကျင်သူက ဆိုသည်။

ယခုဖြစ်စဉ်တွင် ချေမှုန်းရေး ရိုင်ဖယ်ကဲ့သို့ အန္တရာယ်များသည့် လက်နက်များကို မသုံးစွဲခဲ့ဘဲ လူ သေစေနိုင်သည့်ရာနှုန်းနည်းပါး သော အန္တရာယ်သိပ်မကြီးသည့် လက်နက်များကို သုံးစွဲခဲ့ပြီး တောင်သူဒေါ်ခင်ဝင်းသေဆုံးရ ခြင်းမှာ နီးကပ်လွန်းသွားခြင်း ကြောင့်ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

‘‘ကျွန်တော်တို့ တပ်ဖွဲ့ဝင် တွေက လူစုလူဝေးကို ပထမ အဆင့်ခေါ်ယူရှင်းပြပါတယ်။ နောက်တစ်ဆင့်က သတိပေးပါ တယ်။ သတိပေးတာမရရင် နိုင်ငံ တော်လုံခြုံရေးတည်ငြိမ်ရေးနဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်လာအောင် စော်ကားတဲ့ မင်းမဲ့စရိုက်တွေဖြစ်လာရင် မိမိ ကိုယ်ကိုယ်ခုခံကာကွယ်တဲ့အနေ နဲ့ အဓိကရုဏ်းနဲ့ လူစုလူဝေးကို ကိုင်တွယ်တဲ့ လက်နက်တွေ အသုံးပြု လူစုခွဲရတာပါ’’ဟု ဒုတိယရဲမှူးကြီးဇော်မင်းဦးက ဆက်လက်ပြောသည်။

လက်ပံတောင်းတောင်ပဋိ ပက္ခနှင့်ပတ်သက်၍ စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ရဲတပ်ဖွဲ့ဝင်များ ရော်ဘာကျည် ဖြင့် ပစ်ခတ်လူစုခွဲရသည့် အ ကြောင်းရင်းတို့ကို စတင်စုံစမ်းစစ် ဆေးနေပြီဟု ဆိုသည်။

7Day Daily

No comments:

Post a Comment

My Blog List