Tuesday, December 23, 2014

တရားမဝင်ငွေကြေး အဝင်နည်းသွား၍ အိမ်ခြံမြေဈေးကွက်တွင် ဈေးလျှော့ရောင်းချလာဟုဆို


 ပြည်တွင်း၊ ပြည်ပမှ တရားမဝင် ငွေကြေး(ငွေမည်းများ) မဝင်လာခြင်းကြောင့် ပြည်တွင်းအိမ်ခြံမြေ ဈေးကွက်တွင် ခြံမြေ၊ ကွန်ဒိုတိုက်ခန်းများ ဈေးလျှော့ရောင်းချမှုများရှိလာကြောင်း အိမ် ခြံမြေအကျိုး ဆောင်များထံမှ သတင်းရရှိသည်။

‘‘ငွေမည်းတွေကို ထိန်းချုပ်ဖို့ စီစဉ်ကတည်းက ပြည်တွင်းအိမ်ခြံမြေဈေးကွက်က အရောင်းအဝယ်မရှိသလောက် အေးသွားတယ်’’ ဟု မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးသန်းဦးက ပြောသည်။

လက်ရှိအိမ်ခြံမြေဈေးကွက်တွင် ဒီဇင်ဘာလဆန်းမှ စတင်ပြီး တန်ဖိုး အလယ်အလတ်နှင့် အသေးများမှာ ဈေးစောင့်မရောင်းနိုင်သဖြင့် လျှော့ဈေးဖြင့် ရောင်းချလာသည်။ ကျပ်သိန်းပေါင်း သောင်းချီ၊ သိန်းချီတန်သော မြေကွက်ပိုင်ရှင်များမှာ ဈေးစောင့်၍သာ ဈေးကွက် အခြေအနေကို စောင့်ကြည့်နေကြောင်း အကျိုးဆောင်လုပ်ငန်းရှင်များက ပြောသည်။

‘‘ရန်ကုန်၊ မန္တလေးမှာဆို တရုတ်တွေပဲ အဓိကရောင်းဝယ် လုပ်ကြတာ။ အခုတော့ မရှိသလောက်ပဲ’’ ဟု Excellent အိမ်ခြံမြေ အကျိုးဆောင်မှ ဦးမောင်မောင်အေးက ပြောကြားသည်။

ယခင်က တရုတ်နိုင်ငံကလာဘ် ပေးလာဘ်ယူ တိုက်ဖျက်ရေးကို အကောင်အထည်ဖော်ကာ မြန်မာ ငွေစာရင်းအချို့ ပိတ်ပင်ခံရပြီး နောက်တွင် ပြည်တွင်းသို့ ငွေမည်းဝင်ရောက်ရန် အခက်အခဲဖြစ်လာသဖြင့် ပြည်တွင်းလုပ်ငန်းရှင်အချို့မှာ ပိုင်ဆိုင်ထားသော မြေကွက်များ ပြန်လည်ထုတ်ရောင်းလာကြောင်း ထုတ်ကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ပြည်တွင်း အိမ်ခြံမြေဈေး ကွက်သည် ငွေမည်းများ မဝင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အဝင်နည်းနေခြင်း၊ ကျပ်ငွေသိန်း ၁,၀၀၀ အထက် ရောင်းဝယ်မှုများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့မှ စောင့်ကြည့်နေခြင်းတို့ကြောင့် လတ်တလောတွင် ဈေးကွက်အခြေအနေမျိုး ဖြစ်လာကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်နေကြသည်။

ပြည်တွင်းမှ အိမ်ခြံမြေလုပ်ငန်းသည် ငွေမည်းများဖြင့် တစ်ဟုန်ထိုးဖောင်းပွခဲ့ရသည်။ တရားမဝင်ငွေကြေး (ငွေမည်း)များကို ဝင်ငွေရလမ်းဖော်ပြစရာမလိုဘဲ အခွန်ဆောင်ရုံဖြင့် အိမ်မြေများ ပိုင်ဆိုင်ခွင့် ပေးလာ၍့ ဈေးကွက်တစ်ခုလုံး ဖောင်းပွခဲ့သည်။

ရန်ကုန်မြို့ရှိ မြေတစ်ကွက်၏တန်ဖိုးသည် ကမ္ဘာပေါ်တွင်ဈေးအများဆုံးနီးပါး ဖြစ်နေသဖြင့် ပြည်ပ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ရန် အခက်အခဲဖြစ်နေသည်။ ယင်းကို အစိုးရတာဝန်ရှိသူများက ဈေးနှုန်းလျှော့ချခြင်းဖြင့် ငွေမည်းများ စီးဆင်းမှုကို ထိန်းချုပ်ခြင်းဖြစ်သည်။

7Day 

No comments:

Post a Comment

My Blog List