Friday, December 26, 2014

၂ဝ၁၅ အလွန် သမ္မတရာထူးအတွက် ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့အား ပြည်ခိုင်ဖြိုးပါတီ ရွေးချယ်ထားဟုဆို


Photo: ၂ဝ၁၅ အလွန် သမ္မတရာထူးအတွက် ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့အား ပြည်ခိုင်ဖြိုးပါတီ ရွေးချယ်ထားဟုဆို
Friday, December 26, 2014

ရန်ကုန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ ၂ဝ၁၅ ရွေးကောက်ပွဲ အလွန်သမ္မတရာထူးကို လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကို ရွေးချယ်ထားပြီး ဖြစ်ကြောင်း သိရသည်။ 

''ကျွန်တော်တို့ပါတီအနေနဲ့က တော့ ၂ဝ၁၅ ရွေးကောက်ပွဲအလွန်မှာ သမ္မတနေရာကို လက်ရှိသမ္မတဦးသိန်း စိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေ မန်းတို့ကို ရွေးချယ်ထားတယ်။ အဲလို ရွေးချယ်ထားတာ ၂ဝ၁၃ ခုနှစ်ကတည်း ကပါ။ အဲ့လိုပဲ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တွေလဲ ရွေးထားပြီးပါပြီ''ဟု အဆိုပါပါတီမှ အမည်မဖော်လိုသူပါတီ အကြီးအကဲတစ်ဦးက ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီသည် နဝတ၊ နအဖခေတ် တစ်လျှောက်လုံး၌ တပ်မတော်နှင့်အ တူ လှုပ်ရှားဆောင်ရွက်ခဲ့သောပါတီ တစ်ခုဖြစ်ပြီး ၄င်းပါတီသည် ၁၉၉၃ခု နှစ် အောက်တိုဘာ ၉ ရက်တွင် မြို့ တော်ခန်းမ (လက်ရှိ ရန်ကုန်မြို့တော် စည်ပင်ရုံး)၌ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေမှ ဗဟိုနာယကအဖြစ်တာ ဝန်ယူပြီး အသင်းအဖြစ် တည်ထောင် ပေးခဲ့ကာ ယခုလက်ရှိကျင့်သုံးနေသည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ၄င်းပါတီမှ စိတ်ကြိုက်ရေးဆွဲခြင်းဖြစ် သည်ဟု အဝေဖန်ခံနေရသည့် ပါတီ လည်းဖြစ်သည်။

''အဘတို့ကတော့ ပါတီဖွဲ့စည်းပုံ ရှိတယ်။ အဲဒီဖွဲ့စည်းပုံအတိုင်း ပါတီက လှုပ်ရှားဆောင်ရွက်နေတာ။ အခုဆိုပါတီ မှာ သမ္မတရာထူးကတော့ နှစ်ယောက် လေ။ လက်ရှိသမ္မတကလဲ ဖွဲ့စည်းပုံ အရ နောက်ထပ်တာဝန်ယူခွင့်ရှိတယ်။ သမ္မတကြီးကိုယ်တိုင်ကလဲ သူ့ရဲ့သက် တမ်းအကုန်မှာအနားယူမယ်လို့ တရား ဝင် ပြောဆိုထားတာမရှိသလို ဦးရွှေ မန်းကလဲ ၂ဝ၁၅ သမ္မတရာထူးကိုထမ်း ဆောင်ဖို့ အားကြိုးမာန်တက်ဆောင် ရွက်နေတယ်''ဟု အထက်ပါအမည်မ ဖော်လိုသူ အကြီးအကဲကပြောသည်။

ပြည်ခိုင်ဖြိုးပါတီသည် ၂ဝ၁ဝရွေး ကောက်ပွဲတွင် မဲအများဆုံးအနိုင်ရရှိ ကာ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့ စည်းနိုင်ခဲ့သည့်ပါတီကြီးတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် ပြိုင်ဘက်ပါတီများ အား ရှုံးနိမ့်ခဲ့သောပါတီလည်းဖြစ်သည်။
မြန်မာ့နိုင်ငံရေးလေ့လာသူ Bertil Linter က ''သူတို့နှစ်ယောက်စလုံး က ဘယ်သူသမ္မတဖြစ်ဖြစ် လက်ရှိနိုင်ငံ တိုးတက်ဖို့ ပြောင်းလဲစွာ လုပ်ဆောင် ပေးနိုင်မယ်လို့တော့ မထင်ပါဘူး။ သူ တို့ရဲ့အာဏာခွဲဝေမှုကလဲ ဒီအတိုင်းပဲ လေ။ ဦးသိန်းစိန်လက်ထက်မှာ ရင်းနှီး မြှုပ်နှံမှုတွေက မြန်မာနိုင်ငံကိုရောက်ရှိ လာတယ်။ ဒီမိုကရေစီစံအရတော့ ပြောင်း လဲမှု မရှိဘူး။ နောက်သက်တမ်းမှာလဲ ဒီ့ထက်ပိုပြီး တိုးတက်လာမယ်လို့တော့ မထင်ဘူးလေ။ ပြီးတော့ သူ့ရဲ့လုပ်ငန်း စဉ်တွေကို ပြည်သူသိဖို့လစဉ်ပြောနေ တာပဲ။ ပြည်သူတွေကို ဘယ်လောက် လုပ်ပေးနိုင်ခဲ့လဲ။ လူထုက သိနေပြီ''ဟု ပြောသည်။

အမည်မဖော်လိုသူ ပြည်ခိုင်ဖြိုး ပါတီအကြီးအကဲ၏အဆိုအရတော့ လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မှအတွေ့အကြုံများကို သင်ခန်းစာယူ ကာ လူထုထောက်ခံမှုရရှိအောင် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group
ရန်ကုန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ ၂ဝ၁၅ ရွေးကောက်ပွဲ အလွန်သမ္မတရာထူးကို လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကို ရွေးချယ်ထားပြီး ဖြစ်ကြောင်း သိရသည်။ 

''ကျွန်တော်တို့ပါတီအနေနဲ့က တော့ ၂ဝ၁၅ ရွေးကောက်ပွဲအလွန်မှာ သမ္မတနေရာကို လက်ရှိသမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေ မန်းတို့ကို ရွေးချယ်ထားတယ်။ အဲလို ရွေးချယ်ထားတာ ၂ဝ၁၃ ခုနှစ်ကတည်း ကပါ။ အဲ့လိုပဲ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တွေလဲ ရွေးထားပြီးပါပြီ''ဟု အဆိုပါ ပါတီမှ အမည်မဖော်လိုသူပါတီ အကြီးအကဲတစ်ဦးက ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီသည် နဝတ၊ နအဖခေတ် တစ်လျှောက်လုံး၌ တပ်မတော်နှင့်အ တူ လှုပ်ရှားဆောင်ရွက်ခဲ့သောပါတီ တစ်ခုဖြစ်ပြီး ၄င်းပါတီသည် ၁၉၉၃ခု နှစ် အောက်တိုဘာ ၉ ရက်တွင် မြို့ တော်ခန်းမ (လက်ရှိ ရန်ကုန်မြို့တော် စည်ပင်ရုံး)၌ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေမှ ဗဟိုနာယကအဖြစ်တာ ဝန်ယူပြီး အသင်းအဖြစ် တည်ထောင် ပေးခဲ့ကာ ယခုလက်ရှိကျင့်သုံးနေသည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ၄င်းပါတီမှ စိတ်ကြိုက်ရေးဆွဲခြင်းဖြစ် သည်ဟု အဝေဖန်ခံနေရ သည့် ပါတီ လည်းဖြစ်သည်။

''အဘတို့ကတော့ ပါတီဖွဲ့စည်းပုံ ရှိတယ်။ အဲဒီဖွဲ့စည်းပုံအတိုင်း ပါတီက လှုပ်ရှားဆောင်ရွက်နေတာ။ အခုဆိုပါတီ မှာ သမ္မတရာထူးကတော့ နှစ်ယောက် လေ။ လက်ရှိသမ္မတကလဲ ဖွဲ့စည်းပုံ အရ နောက်ထပ်တာဝန်ယူခွင့်ရှိတယ်။ သမ္မတကြီးကိုယ်တိုင်ကလဲ သူ့ရဲ့သက် တမ်းအကုန်မှာအနားယူမယ်လို့ တရား ဝင် ပြောဆိုထားတာမရှိသလို ဦးရွှေ မန်းကလဲ ၂ဝ၁၅ သမ္မတရာထူးကိုထမ်း ဆောင်ဖို့ အားကြိုးမာန်တက်ဆောင် ရွက်နေတယ်''ဟု အထက်ပါအမည်မ ဖော်လိုသူ အကြီးအကဲကပြောသည်။

ပြည်ခိုင်ဖြိုးပါတီသည် ၂ဝ၁ဝရွေး ကောက်ပွဲတွင် မဲအများဆုံးအနိုင်ရရှိ ကာ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့ စည်းနိုင်ခဲ့သည့်ပါတီကြီးတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် ပြိုင်ဘက်ပါတီများ အား ရှုံးနိမ့်ခဲ့သောပါတီလည်းဖြစ်သည်။

မြန်မာ့နိုင်ငံရေးလေ့လာသူ Bertil Linter က ''သူတို့နှစ်ယောက်စလုံး က ဘယ်သူသမ္မတဖြစ်ဖြစ် လက်ရှိနိုင်ငံ တိုးတက်ဖို့ ပြောင်းလဲစွာ လုပ်ဆောင် ပေးနိုင်မယ်လို့တော့ မထင်ပါဘူး။ သူ တို့ရဲ့အာဏာခွဲ ဝေမှုကလဲ ဒီအတိုင်းပဲ လေ။ ဦးသိန်းစိန်လက်ထက်မှာ ရင်းနှီး မြှုပ်နှံမှုတွေက မြန်မာနိုင်ငံကို ရောက်ရှိ လာတယ်။ ဒီမိုကရေစီစံအရတော့ ပြောင်း လဲမှု မရှိဘူး။ နောက်သက်တမ်းမှာလဲ ဒီ့ထက်ပိုပြီး တိုးတက်လာ မယ်လို့တော့ မထင်ဘူးလေ။ ပြီးတော့ သူ့ရဲ့လုပ်ငန်း စဉ်တွေကို ပြည်သူသိဖို့လစဉ်ပြောနေ တာပဲ။ ပြည်သူတွေကို ဘယ်လောက် လုပ်ပေးနိုင်ခဲ့လဲ။ လူထုက သိနေပြီ''ဟု ပြောသည်။

အမည်မဖော်လိုသူ ပြည်ခိုင်ဖြိုး ပါတီအကြီးအကဲ၏အဆိုအရတော့ လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မှအတွေ့အကြုံများကို သင်ခန်းစာယူ ကာ လူထုထောက်ခံမှု ရရှိအောင် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment

My Blog List