Wednesday, December 24, 2014

ဒို့တာဝန်အရေးသုံးပါးမထိပါးလျှင် မည်သည့်အဖွဲ့အစည်းကိုမဆို တပ်မတော်က လက်ခံဟု ကာချုပ်ဆို


Photo: ဒို့တာဝန်အရေးသုံးပါးမထိပါးလျှင် မည်သည့်အဖွဲ့အစည်းကိုမဆို တပ်မတော်က လက်ခံဟု ကာချုပ်ဆို
Wednesday, December 24, 2014

ပြည်သူလူထုက ရွေး ချယ်သော ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို လက်ခံပြီး ဒို့တာဝန်အရေးသုံးပါးကို ထိပါးမှု မရှိပါကမည်သည့်အဖွဲ့အစည်းကိုမဆို တပ်မတော်က လက်ခံကြိုဆိုရန်အသင့်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဒို့တာဝန်အရေးသုံးပါးမှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်း ရင်းသားစည်းလုံးညီညွတ်မှုမပြို ကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ဖြစ်ပြီး ၁၉၈၈နောက်ပိုင်း တပ်မတော်က အာ ဏာသိမ်းပြီး နောက်ပိုင်း ယနေ့ အစိုးရသစ်လက်ထက်အထိ ဆက်လက်ကိုင်စွဲလာသည့်အချက် သုံး ချက်ဖြစ်သည်။

ဒီဇင်ဘာ ၂၂ ရက်က ရန် ကုန်မြို့တွင် ဂျပန်နိုင်ငံ၏ အထူး သံတမန်ဖြစ်သူ နိပွန်ဖောင်ဒေး ရှင်းဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် မြန်မာ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ တပ်မတော်၏ သဘောထားကို ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းပြည် တည်ငြိမ်အေး ချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက လက်ရှိလျှောက်လှမ်းနေသည့် ပါ တီစုံဒီမိုကရေစီလမ်းကြောင်းကို လက်ခံသည့်စိတ်ဓာတ်ရှိရန်လိုပြီး နိုင်ငံအပေါ်ကိုလည်း ယုံကြည်မှုရှိ ရန်လိုကြောင်း ကာကွယ်ရေးဦး စီးချုပ်က ပြောသည်။

ထို့အပြင် တိုင်းရင်းသား ဒေသများနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် ကူညီဆောင်ရွက် ပေးခြင်းက အပြုသဘောဆောင် သည့် လုပ်ဆောင်ချက်များဖြစ်ပြီး နိုင်ငံတည်ငြိမ်ရေး၊ စည်းလုံးညီ ညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မှာ တပ်မတော်၏ သဘောထား အမှန်ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ကပြောသည်။

နိပွန် ဖောင်ဒေးရှင်းသည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၏ ပထမ ဆုံးဂျပန်နိုင်ငံသို့ လေ့လာရေး ခရီးစဉ်သွားရောက်ခြင်းနှင့် မြန်မာ- ဂျပန်တပ်မတော်နှစ်ရပ်ကြား ချစ် ခင်ရင်းနှီးမှုသမိုင်းသစ် ဖော် ဆောင်ရာတွင် ကဏ္ဍတစ်ရပ်အ နေဖြင့် ပါဝင်ဆောင်ရွက်ပေးခဲ့ သည့် ဖောင်ဒေးရှင်းလည်းဖြစ် သည်။ ထို့အပြင်မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ကူညီပေးရေးတွင် ဂျပန် နိုင်ငံ၏ အထူးကိုယ်စားလှယ် အဖြစ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာရိုဟဲအိဆာဆာကာဝါက ဆောင်ရွက်နေသည်။

ကာကွယ်ရေးဦးစီးချုပ်သည် ဂျပန်နိုင်ငံ စစ်ဦးစီးချုပ်၏ ဖိတ် ကြားချက်အရ ဂျပန်နိုင်ငံသို့ စက် တင်ဘာ ၂၃ ရက်က ပထမဆုံး အကြိမ် သွားရောက်ခဲ့ပြီး ရဲဘော်သုံးကျိပ်တို့ စစ်ပညာသင်ကြားရာ ဒေသနှင့် ဗိုလ်ချုပ်ဂျပန်သို့ ရောက်ရှိစဉ် နေထိုင်ခဲ့သည့်နေအိမ်သို့ သွားရောက်လေ့လာခဲ့သည်။

ငြိမ်းချမ်းရေး ကိစ္စရပ်ကို မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအ ဖြစ် မှတ်ယူပြီး အခြားနိုင်ငံများက ၀င်ရောက်စွက်ဖက်မှုမပြုရေး ရပ် တည်ချက်ကို နိပွန်ဖောင်ဒေးရှင်း က ထောက်ခံကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် တိုင်းပြည်တိုးတက်ရေး အတွက် တပ်မတော်၏ရပ်တည် ဆောင်ရွက်ချက်များအတိုင်း တွေးခေါ်ယူဆလာစေရန် နိပွန်ဖောင် ဒေးရှင်းက ကြိုးပမ်းဆောင်ရွက် လိုကြောင်း မစ္စတာရိုဟဲအိဆာ ဆာကာဝါက ပြန်လည်ပြောကြား ကြောင်း ကာကွယ်ရေးဦးစီးချုပ် ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

ကာချုပ်အပါအ၀င် တပ်မတော်တာဝန်ရှိသူများနှင့် နိပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ (ဓာတ်ပုံ - မင်းအောင်လှိုင်ဖေ့စ်ဘွတ်ခ်)
7Day Daily

ကာချုပ်အပါအ၀င် တပ်မတော်တာဝန်ရှိသူများနှင့် နိပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ (ဓာတ်ပုံ - မင်းအောင်လှိုင်ဖေ့စ်ဘွတ်ခ်) 
 
ပြည်သူလူထုက ရွေး ချယ်သော ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို လက်ခံပြီး ဒို့တာဝန်အရေးသုံးပါးကို ထိပါးမှု မရှိပါကမည်သည့်အဖွဲ့အစည်းကိုမဆို တပ်မတော်က လက်ခံကြိုဆိုရန်အသင့်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ဒို့တာဝန်အရေးသုံးပါးမှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်း ရင်းသားစည်းလုံးညီညွတ်မှုမပြို ကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ဖြစ်ပြီး ၁၉၈၈နောက်ပိုင်း တပ်မတော်က အာ ဏာသိမ်းပြီး နောက်ပိုင်း ယနေ့ အစိုးရသစ်လက်ထက်အထိ ဆက်လက်ကိုင်စွဲလာသည့်အချက် သုံး ချက်ဖြစ်သည်။

ဒီဇင်ဘာ ၂၂ ရက်က ရန် ကုန်မြို့တွင် ဂျပန်နိုင်ငံ၏ အထူး သံတမန်ဖြစ်သူ နိပွန်ဖောင်ဒေး ရှင်းဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် မြန်မာ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ တပ်မတော်၏ သဘောထားကို ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းပြည် တည်ငြိမ်အေး ချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက လက်ရှိလျှောက်လှမ်းနေသည့် ပါ တီစုံဒီမိုကရေစီလမ်းကြောင်းကို လက်ခံသည့်စိတ်ဓာတ်ရှိရန်လိုပြီး နိုင်ငံအပေါ်ကိုလည်း ယုံကြည်မှုရှိ ရန်လိုကြောင်း ကာကွယ်ရေးဦး စီးချုပ်က ပြောသည်။

ထို့အပြင် တိုင်းရင်းသား ဒေသများနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် ကူညီဆောင်ရွက် ပေးခြင်းက အပြုသဘောဆောင် သည့် လုပ်ဆောင်ချက်များဖြစ်ပြီး နိုင်ငံတည်ငြိမ်ရေး၊ စည်းလုံးညီ ညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မှာ တပ်မတော်၏ သဘောထား အမှန်ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ကပြောသည်။

နိပွန် ဖောင်ဒေးရှင်းသည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၏ ပထမ ဆုံးဂျပန်နိုင်ငံသို့ လေ့လာရေး ခရီးစဉ်သွားရောက်ခြင်းနှင့် မြန်မာ- ဂျပန်တပ်မတော်နှစ်ရပ်ကြား ချစ် ခင်ရင်းနှီးမှုသမိုင်းသစ် ဖော်ဆောင်ရာတွင် ကဏ္ဍတစ်ရပ်အ နေဖြင့် ပါဝင်ဆောင်ရွက်ပေးခဲ့ သည့် ဖောင်ဒေးရှင်းလည်းဖြစ် သည်။ ထို့အပြင်မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ကူညီပေးရေးတွင် ဂျပန်နိုင်ငံ၏ အထူးကိုယ်စားလှယ် အဖြစ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ရိုဟဲအိဆာဆာကာဝါက ဆောင်ရွက်နေသည်။

ကာကွယ်ရေးဦးစီးချုပ်သည် ဂျပန်နိုင်ငံ စစ်ဦးစီးချုပ်၏ ဖိတ် ကြားချက်အရ ဂျပန်နိုင်ငံသို့ စက် တင်ဘာ ၂၃ ရက်က ပထမဆုံး အကြိမ် သွားရောက်ခဲ့ပြီး ရဲဘော်သုံးကျိပ်တို့ စစ်ပညာသင်ကြားရာ ဒေသနှင့် ဗိုလ်ချုပ် ဂျပန်သို့ ရောက်ရှိစဉ် နေထိုင်ခဲ့သည့်နေအိမ်သို့ သွားရောက်လေ့လာခဲ့သည်။

ငြိမ်းချမ်းရေး ကိစ္စရပ်ကို မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအဖြစ် မှတ်ယူပြီး အခြားနိုင်ငံများက ၀င်ရောက် စွက်ဖက်မှုမပြုရေး ရပ်တည်ချက်ကို နိပွန်ဖောင်ဒေးရှင်းက ထောက်ခံကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် တိုင်းပြည်တိုးတက်ရေး အတွက် တပ်မတော်၏ရပ်တည် ဆောင်ရွက်ချက် များအတိုင်း တွေးခေါ်ယူဆလာစေရန် နိပွန်ဖောင် ဒေးရှင်းက ကြိုးပမ်းဆောင်ရွက် လိုကြောင်း မစ္စတာ ရိုဟဲအိဆာ ဆာကာဝါက ပြန်လည်ပြောကြား ကြောင်း ကာကွယ်ရေးဦးစီးချုပ်၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ တွင် ဖော်ပြထားသည်။

7Day Daily

No comments:

Post a Comment

My Blog List