Wednesday, December 24, 2014

အပွင့်ကို မတွေး၊ အားလုံးကိုယ်စားပြုသော တွေ့ဆုံရေးကို အားပေးသည်


နိုင်ငံရေး အကျပ်အတည်း များကို ဖြေရှင်းနိုင်ရန်အတွက် မည်သူတို့က တွေ့ဆုံဆွေးနွေး သည် ဖြစ်စေ၊ တပ်မတော်၊ အစိုး ရ၊ နိုင်ငံရေး ပါတီများနှင့် တိုင်း ရင်းသားများအား ကိုယ်စားပြု သော အင်အားစုများကို အဓိက ပါဝင် စေချင်သည်ဟု စည်းလုံးညီ ညွတ်သော တိုင်းရင်းသား လူမျိုး များ မဟာမိတ်အဖွဲ့ (UNA) က ပြော ကြားသည်။

''မြန်မာ့နိုင်ငံရေးကို ဖြေရှင်း ဖို့ ရည်ရွယ်ချက် ဦးတည်ချက်နဲ့ တွေ့ဆုံဆွေးနွေးဖို့ လုပ်ပါ။ ဖြေ ရှင်းဖို့ သဘောတူညီချက်တွေကို ရရမယ်။ ရအောင်လုပ်ရမယ်။ အဲဒီ သဘောတူညီချက်တွေကို ရည်ရွယ်ချက်တွေကို ဖြေရှင်းဖို့ ရည်ရွယ်တယ်။ ဒီလို ဦးဆောင် ဆွေးနွေးမှုမျိုးကို ကျွန်တော်တို့က ကြိုဆိုတယ်''ဟု စည်းလုံးညီညွတ် သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ဝင် ရခိုင်အမျိုး သားပါတီမှ ခေါင်းဆောင် ဦးအေး သာအောင်က ပြောသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရေး လုပ်သည့်အခါတွင် မြန်မာ့နိုင်ငံ ရေး လောကမှ အထင်ရှားဆုံး လူ ပုဂ္ဂိုလ်များနှင့် အထင်ကရ အဖွဲ့ အစည်းများ ဖြေရှင်းနိုင်သည့် လူ ပုဂ္ဂိုလ်အဖွဲ့အစည်းများသာ တွေ့ ဆုံဖြစ်လျှင် ကောင်းမွန်သည်ဟု ၄င်းက မှတ်ချက်ပြုသည်။

''မြန်မာနိုင်ငံရေး အကျပ် အတည်းကို ရွေးကောက်ပွဲ လုပ်ရုံ၊ လွှတ်တော်တွေရှိရုံ၊ အစိုးရသစ် တွေကို တင်မြှောက်ရုံနဲ့ မပြီးဘူး။ တွေ့ဆုံဆွေးနွေးဖို့လိုတယ်''ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်မံပြောသည်။

၂ဝ၁၃ ခုနှစ် နှစ်ဦးပိုင်းမှစ၍ ဒေါ်အောင်ဆန်းစုကြည်သည်မြန်မာနိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်း ရန် လေးပွင့်ဆိုင်ဆွေးနွေးရေး ကို တောင်းဆိုခဲ့ပြီး ၂ဝ၁၄ ခုနှစ် အောက်တိုဘာလ၃၁ ရက်နေ့ တွင် နိုင်ငံတော်သမ္မတ၊ ကာကွယ် ရေးဦးစီချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် ထိပ်သီး ၁၄ ဦး တွေ့ဆုံဆွေးနွေးခဲ့သည်။

နိုဝင်ဘာလ ၂၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဗွီ အိုအေ တွေ့ဆုံခန်းတွင် ''ကျွန် မ တို့ လေးပွင့်ဆိုင်လို့ ပြောတာ ဟာ တခြားသူတွေကို ထားပစ်ခဲ့ချင် လို့ မဟုတ်ပါဘူး။ ထိရောက်စေ ချင်လို့ပါ။ ကမ္ဘာပေါ်မှာပေါ့နော် အပေးအယူလုပ်ပြီးတော့ အရေး ကြီးတဲ့ ကိစ္စတွေကို ညှိနှိုင်းဆွေး နွေးတဲ့အခါမှာ အစပိုင်းမှာ အား လုံး ပါဝင်ဖို့ ခက်ခဲပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ အင်မတန်မှ သိုသိုသိပ်သိပ်လုပ် ရပါတယ်''ဟု ပြောကြားသွားသည်။

စိုင်းလမင်း၊ အောင်ဇော်ထူး

Popular Myanmar News Journal

No comments:

Post a Comment

My Blog List