Tuesday, March 03, 2020

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးစခန်း တာဝန်ရှိသူနှစ်ဦးကို ဓားနဲ့ထိုးသတ်ခဲ့တဲ့ အမျိုးသားအား သေဒဏ်ချမှတ်

Image may contain: one or more people and outdoor
COVID-19 ဗိုင်းရပ်စ် ပျံ့နှံ့မှု ထိန်းချုပ်ရေးအတွက် ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးစခန်းမှ တာဝန်ရှိသူနှစ်ဦးကို ဓားနဲ့ထိုးသတ်ခဲ့တဲ့ အမျိုးသားအား တရုတ်တရာရုံးတစ်ရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း သိရပါတယ်။
ဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်ကြောင့် တရုတ်နိုင်ငံမှာ ကိုယ်ပူချိန်စစ်ဆေးမှုတွေ၊ ခရီးသွားလာမှု ကန့်သတ်တာတွေနဲ့ ဆေးစစ်မှုတွေလုပ်ဆောင်ခဲ့ကြပါတယ်။
ကျေးရွာများစွာနဲ့ လူ့အဖွဲ့အစည်းတွေဟာ ကိုယ်ပိုင်အစီအစဉ်နဲ့ ပိတ်ဆို့ကန့်သတ်မှုတွေ လုပ်ထားကြကာ လူတွေ အခြားအရပ်သို့ မထွက်ခွာနိုင်အောင် တင်းကျပ်တဲ့အစီအမံတွေ လုပ်ထားကြပါတယ်။ဒေသတွင်းက ကျေးလက်စစ်ဆေးရေးစခန်းတစ်ခုမှာ တာဝန်ကျနေတဲ့ အရာရှိနှစ်ဦးကို ဓားနဲ့ထိုးခဲ့တာကြောင့် အသက် ၂၃ အရွယ် အမျိုးသားကို တနင်္ဂနွေနေ့မှာ တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့က မာကျန်းကွာအမည်ရ ယင်းအမျိုးသားဟာ ယူနန်ပြည်နယ် ဟွန်ဂီမြို့ရှိ Luo Meng ရွာက စစ်ဆေးရေးစခန်းတစ်ခုကို မီနီဗင်တစ်စီးနဲ့ ရောက်ရှိလာစဉ် အခင်းဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ တရားရုံး ကြားနာမှုအရ မာဟာ စခန်းက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း မရှိဘဲ သူ့ကားပေါ်က ခရီးသည်တစ်ယောက်က လမ်းအတားအဆီးကို စတင်ဖယ်ရှားဖို့ကြိုးစားခဲ့ပါတယ်။ ယင်းနောက်အရာရှိတစ်ဦးက မာနဲ့ ခရီးသည်အမျိုးသားကို ဖုန်းနဲ့ ဗီဒီယိုရိုက်ယူခဲ့ပါတယ်။
ဒေါသထွက်သွားတဲ့ မာဟာ အရာရှိရဲ့ ရင်ဘတ်နဲ့ ဝမ်းဗိုက်တို့ကို ဓားနဲ့ထိုးခဲ့ပြီး ယင်းအရာရှိကို ကူညီဖို့လာတဲ့ အခြားအရာရှိတစ်ဦးကိုပါ ဓားနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အရာရှိနှစ်ဦးစလုံးဟာ ရရှိခဲ့တဲ့ ဓားဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
မာဟာ ကျူးလွန်ခဲ့မှုအတွက် ကိုယ်တိုင်လာရောက်အဖမ်းခံကာ အမှန်တရားအတိုင်း ဝန်ခံထွက်ဆိုခဲ့ပေမယ့် ပြစ်မှုဟာ အလွန်ဆိုးဝါးခဲ့တယ်လို့ တရားရုံးက သုံးသပ်ခဲ့ပါတယ်။
Ref ;Akonthi
<zawgyi>

No comments:

Post a Comment

My Blog List