Wednesday, March 04, 2020

အင်းတော်မြို့နယ်တွင် ငလျင်လှုပ် ၊ မော်လူးမြို့တွင် အဆောက်အဦး အချို့ ထိခိုက်ပျက်စီး

Image may contain: outdoor
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ ဖေဖော်ဝါရီ(၄)ရက် မနက် (၆) နာရီ မိနစ် (၅၀) က ငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ သိရပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ အင်အား ရစ်(ခ်)တာစကေး (၅ ဒဿမ ၀) အဆင့်ရှိတယ်လို့ သိရပါတယ်။ 

လတ်တလော ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက စာရင်းပြုစုနေဆဲဖြစ်လို့ အတည်ပြုမရနိုင်သေးပေမယ့် ဖုန်ကုန်းတောင်၊ ရန်အောင်မြင်မင်္ဂလာကျောင်းတိုက်ရဲ့ မြောက်ဖက်မုခ်ဦး ပြိုကျပျက်စီးပြီး ဓမ္မာရုံအတွင်းမှာရှိတဲ့ ဘုရားခန်းနံရံတွေ ကွာကျသွားခဲ့တယ်။ ဒါ့အပြင် ဖုန်ကုန်းချောင်းကူး သစ်သားတံတားလည်း အနည်းငယ်ထိခိုက် ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဝင်းနိုင်(ကချင်မြေ)

No comments:

Post a Comment

My Blog List