Thursday, March 05, 2020

ပလက်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ လာရောက်ဖြေဆိုမည့် နယ်ဝေး ကျောင်းသားများ အခက်အခဲဖြစ်နိုင်

ယခုနှစ် ဖြေဆိုရမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ချင်းပြည်နယ် ပလက်ဝမြို့ပေါ်၌ ဖြေဆိုရမည့် နယ်ဝေးမှ ကျောင်းသား / ကျောင်းသူများအတွက် အခက်အခဲရှိနိုင်ကြောင်း ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းက ပြောသည်။

၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၂၀ ရက်မှ စတင် ဖြေဆိုရတော့မည် ဖြစ်ပြီး ပလက်ဝမြို့ပေါ်ရှိ စာစစ်ဌာန (၄) ခုနှင့် ဆမီးမြို့တွင် စာစစ်ဌာန (၁) ခု စုစုပေါင်း စာစစ်ဌာန (၅) ခု ဖွင့်လှစ်၍ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
ပလက်ဝ မြို့နယ်အတွင်း တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ပလက်ဝမြို့နှင့် အခြားမြို့များ သို့ ဆက်သွယ်သွားလာသည့် ကုန်းလမ်းရေလမ်း အားလုံး အဆက်အသွယ် ဖြတ်တောက်ထားသည့်အတွက် နယ်ဝေးကျောင်း သား/ကျောင်းသူများအတွက် အခက်အခဲကြုံနိုင်ခြင်း ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး သုံးသပ်ပြောကြားခဲ့ခြင်း ဖြစ်သည်။
"တစ်ချို့ကျတော့ ခြေလျင်နဲ့ လာကြတယ် ပြောတယ်။ ဒါပေမဲ့ ကျန်တော့ ကျန်သေးတယ်။ ဘယ်လောက်ကျန်တယ်ဆိုတာ စာ ရင်းတော့ အတိအကျ မသိဘူး။ အခု အခက်အခဲ ကတော့ မြစ်အောက်ပိုင်း ကျောက်တော်တို့ စစ်တွေဖက်ကလာမယ့် ကလေး တွေပဲ။ ခု စက်လှေလိုင်းတွေ ပိတ်ထားတဲ့ အခါကျတော့ သူတို့ပဲ အခက်အခဲ ရှိမယ်" ဟု မြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်း က ပြောသည်။
ပလက်ဝမြို့နယ်အတွင်းရှိ စာစစ်ဌာန (၅) ခု တွင် စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၆၈၈ ဦး ရှိ ကြောင်း ပလက်ဝမြို့နယ် ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

ငြိမ်းသူမင်း - ကလေး ( အကုန်သိ သတင်းဌာန )
<<< Unicode Version >>>
ပလက်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ လာရောက်ဖြေဆိုမည့် နယ်ဝေး ကျောင်းသားများ အခက်အခဲဖြစ်နိုင်
----------- ငြိမ်းသူမင်း - ကလေး ( အကုန်သိ သတင်းဌာန ) -----------
ယခုနှစ် ဖြေဆိုရမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ချင်းပြည်နယ် ပလက်ဝမြို့ပေါ်၌ ဖြေဆိုရမည့် နယ်ဝေးမှ ကျောင်းသား / ကျောင်းသူများအတွက် အခက်အခဲရှိနိုင်ကြောင်း ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းက ပြောသည်။
၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၂၀ ရက်မှ စတင် ဖြေဆိုရတော့မည် ဖြစ်ပြီး ပလက်ဝမြို့ပေါ်ရှိ စာစစ်ဌာန (၄) ခုနှင့် ဆမီးမြို့တွင် စာစစ်ဌာန (၁) ခု စုစုပေါင်း စာစစ်ဌာန (၅) ခု ဖွင့်လှစ်၍ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
ပလက်ဝ မြို့နယ်အတွင်း တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ပလက်ဝမြို့နှင့် အခြားမြို့များ သို့ ဆက်သွယ်သွားလာသည့် ကုန်းလမ်းရေလမ်း အားလုံး အဆက်အသွယ် ဖြတ်တောက်ထားသည့်အတွက် နယ်ဝေးကျောင်း သား/ကျောင်းသူများအတွက် အခက်အခဲကြုံနိုင်ခြင်း ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး သုံးသပ်ပြောကြားခဲ့ခြင်း ဖြစ်သည်။
"တစ်ချို့ကျတော့ ခြေလျင်နဲ့ လာကြတယ် ပြောတယ်။ ဒါပေမဲ့ ကျန်တော့ ကျန်သေးတယ်။ ဘယ်လောက်ကျန်တယ်ဆိုတာ စာ ရင်းတော့ အတိအကျ မသိဘူး။ အခု အခက်အခဲ ကတော့ မြစ်အောက်ပိုင်း ကျောက်တော်တို့ စစ်တွေဖက်ကလာမယ့် ကလေး တွေပဲ။ ခု စက်လှေလိုင်းတွေ ပိတ်ထားတဲ့ အခါကျတော့ သူတို့ပဲ အခက်အခဲ ရှိမယ်" ဟု မြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်း က ပြောသည်။
ပလက်ဝမြို့နယ်အတွင်းရှိ စာစစ်ဌာန (၅) ခု တွင် စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၆၈၈ ဦး ရှိ ကြောင်း ပလက်ဝမြို့နယ် ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

No comments:

Post a Comment

My Blog List