Tuesday, March 03, 2020

NLDပါတီမှ ၂၀၂၀ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဇွန်လအတွင်း အပြီးရွေးချယ်မည်ဟု ပြော

Image may contain: 6 people
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်စေမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို လာမည့် ဇွန်လအတွင်း အပြီးရွေးချယ်မည်ဖြစ်ကြောင်း ယင်းပါတီပြောရေး ဆိုခွင့်ရှိသူ မန္တလေးတိုင်းဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

မတ်လ ၂ ရက်က ကျင်းပ သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ချမ်းမြသာစည်မြို့နယ်ရုံးဖွင့် ပွဲအခမ်းအနားတွင် ၎င်းက ထိုသို့ ပြောကြားသည်။‘‘ဇွန်လလောက်ဆို ကိုယ် စားလှယ်လောင်းတွေ ရွေးချယ် ပြီးဖြစ်မှာပါ။ ရွေးချယ်ပြီးရင် အောင်နိုင်ရေးအဖွဲ့တွေ ဖွဲ့မှာပါ။ ကျန်တဲ့ ၆လလောက်အ တွင်းမှာ အားလုံးမြို့နယ်ပါတီဝင် တိုင်းကို အမှာစကားပြောကြား ချင်တာက စုစုစည်းစည်းနေပါ။ ညီညီညွတ်ညွတ်နေပါ။ တိုင်တိုင် ပင်ပင်လုပ်ပါ’’ဟု ဒေါက်တာဇော် မြင့်မောင်က ဆိုသည်။
ရွေးကောက်ခံကိုယ်စား လှယ်လောင်းများ ရွေးချယ်ရာ တွင် မြို့မိ၊ မြို့ဖများနှင့် သက်ဆိုင် ရာ ပါတီအဖွဲ့ဝင်များက ရွေးချယ် ရမည်ဖြစ်ပြီး ထိုသို့ ရွေးချယ်ရာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို စဉ်ဆက်မပြတ် ထောက်ခံအားပေးသူများအား ရွေးချယ်ရမည် ဖြစ်ကြောင်း ဒေါက်တာဇော်မြင့် မောင်က ပြောသည်။
‘‘မြို့မိ၊ မြို့ဖရွေးတာကို မြို့ နယ်အုပ်ချုပ်ရေးမှူးက ဦးဆောင် ပြီး ရွေးတယ်။ ကျွန်တော် လက် သင့်မခံဘူး။ ရွေးလို့မရဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင် ပင်ပြီးရွေးတယ်။ လက်သင့်မခံ ဘူး။ ပါတီက ရွေးရမယ်။ ဘာလို့ မြို့မိ၊ မြို့ဖ ထည့်တာလဲဆိုတော့ ပြည်သူကို အလုပ်အကျွေးပြုတဲ့ နေရာမှာ မြို့မိ၊ မြို့ဖတွေက အကဲခတ်နိုင်တယ်’’ဟု ဒေါက်တာဇော် မြင့်မောင်က ဆိုသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ပါတီဝင်အားလုံး တစ်သားတည်း ညီညွတ်မှုရှိရန် အရေးကြီးကြောင်း ဒေါက်တာ ဇော်မြင့်မောင်က မှာကြားသည်။‘‘ကိုယ်စားလှယ်တွေ ရွေး ချယ်ရမှာဖြစ်တဲ့အချိန်မှာ ဘာဖြစ် လာမလဲဆိုတော့ သူ့လူမပါလို့၊ ငါ့လူမပါလို့ဆိုတဲ့ အရင်ကလို စိတ်ကောက်ပြီး အောင်နိုင်ရေး မလုပ်တော့ဘူးဆို ဒီနှစ်ကျင်းပ မယ့် ရွေးကောက်ပွဲမှာ အကျပ်အ တည်းနဲ့ ရင်ဆိုင်ရပါလိမ့်မယ်’’ ဟု ဒေါက်တာဇော်မြင့်မောင်က သတိပေးသည်။
သဘောထားမတူညီမှုများ သည် ပါတီများတွင် ဖြစ်တတ် သည့် သဘောဖြစ်ပြီး ၂၀၂၀ ရွေး ကောက်ပွဲအောင်နိုင်ရေး လမ်း ကြောင်းတစ်ခုတည်း ဦးတည်ကာ ပါတီဝင်များက ကြိုးစားဆောင် ရွက်ရန် ၎င်းက ထပ်မံ မှာကြား သည်။အစုအဖွဲ့အလိုက် ညီညွတ် နေရုံဖြင့် ၂၀၂၀ ရွေးကောက်ပွဲကို အခက်အခဲမရှိ ကျော်ဖြတ်နိုင် မည်ဟုထင်လျှင် မှားမည်ဖြစ် ကြောင်း ဒေါက်တာဇော်မြင့် မောင်က ဆိုသည်။
သို့သော် စစ်တမ်းများအရ ပြည်သူများအနေဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ၆၀ ရာခိုင်နှုန်းကျော် ယုံကြည်မှုရှိနေ ဆဲဖြစ်ကြောင်း ဒေါက်တာဇော် မြင့်မောင်က ဆိုသည်။
နိုင်ငံရေးစိတ်ဝင်စားသူများ၊ သတင်းမှား မယုံကြည်သူများ၊ စဉ်းစားဆင်ခြင်တုံတရားနှင့် လုပ် ကိုင်တတ်သူများက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ယုံကြည် နေဆဲဖြစ်ကြောင်း ၎င်းက ပြော သည်။‘‘ဘာကြောင့်လဲဆိုတော့ ခုသွားခဲ့တဲ့ လေးနှစ်တာကာလမှာ ခြေလှမ်းမမှားပါဘူး။ အမှားတစ် ခါမှ မလုပ်ခဲ့ဖူးပါဘူး။ မှားတောင် မှားနိုင်တဲ့လူတွေ မရှိဘူးလားဆို တော့ ရှိပါတယ်။ အဖွဲ့အစည်း တစ်ခုလုံးအနေနဲ့ဆို မမှားပါဘူး’’ ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
စစ်တမ်းများအရ လွှတ် တော်ကိုယ်စားလှယ်များအပေါ် တွင်လည်း ပြည်သူလူထုက ၆၀ ရာခိုင်နှုန်းခန့် ယုံကြည်မှုရှိ ကြောင်း ဆက်လက်ပြောသည်။‘‘လွှတ်တော်ကိုယ်စားလှယ် တွေအပေါ်မှာရော ဘယ်လိုသုံး သပ်ထားလဲဆိုတော့ ယုံကြည်မှု ရှိနေတုန်းပါ။ အားရပါးရ ရာနှုန်း ပြည့် ကျေနပ်တယ်ဆိုတာတော့ ဘယ်နိုင်ငံမှ မရှိပါဘူး’’ဟု ဒေါက် တာဇော်မြင့်မောင်က ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲကျင်းပ မည့်ရက်ကို အတိအကျမသိရ သေးသော်လည်း နိုဝင်ဘာအ တွင်း ပြုလုပ်မည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြော ကြားသည်။
>>Zawgyi<<
NLDပါတီမှ ၂၀၂၀ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဇွန်လအတွင်း အပြီးရွေးချယ်မည်ဟု ပြော
Tuesday , March 3 , 2020
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် ၂၀၂၀ ရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်စေမည့် လွှတ် တော်ကိုယ်စား လှယ်လောင်းများကို လာမည့် ဇွန်လအတွင်း အပြီးရွေးချယ်မည် ဖြစ်ကြောင်း ယင်းပါတီပြောရေး ဆိုခွင့်ရှိသူ မန္တလေးတိုင်းဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

မတ်လ ၂ ရက်က ကျင်းပ သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ချမ်းမြသာစည်မြို့နယ်ရုံးဖွင့် ပွဲအခမ်းအနားတွင် ၎င်းက ထိုသို့ ပြောကြားသည်။‘‘ဇွန်လလောက်ဆို ကိုယ် စားလှယ်လောင်းတွေ ရွေးချယ် ပြီးဖြစ်မှာပါ။ ရွေးချယ်ပြီးရင် အောင်နိုင်ရေးအဖွဲ့တွေ ဖွဲ့မှာပါ။ ကျန်တဲ့ ၆လလောက်အ တွင်းမှာ အားလုံးမြို့နယ်ပါတီဝင် တိုင်းကို အမှာစကားပြောကြား ချင်တာက စုစုစည်းစည်းနေပါ။ ညီညီညွတ်ညွတ်နေပါ။ တိုင်တိုင် ပင်ပင်လုပ်ပါ’’ဟု ဒေါက်တာဇော် မြင့်မောင်က ဆိုသည်။
ရွေးကောက်ခံကိုယ်စား လှယ်လောင်းများ ရွေးချယ်ရာ တွင် မြို့မိ၊ မြို့ဖများနှင့် သက်ဆိုင် ရာ ပါတီအဖွဲ့ဝင်များက ရွေးချယ် ရမည်ဖြစ်ပြီး ထိုသို့ ရွေးချယ်ရာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို စဉ်ဆက်မပြတ် ထောက်ခံအားပေးသူများအား ရွေးချယ်ရမည် ဖြစ်ကြောင်း ဒေါက်တာဇော်မြင့် မောင်က ပြောသည်။
‘‘မြို့မိ၊ မြို့ဖရွေးတာကို မြို့ နယ်အုပ်ချုပ်ရေးမှူးက ဦးဆောင် ပြီး ရွေးတယ်။ ကျွန်တော် လက် သင့်မခံဘူး။ ရွေးလို့မရဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင် ပင်ပြီးရွေးတယ်။ လက်သင့်မခံ ဘူး။ ပါတီက ရွေးရမယ်။ ဘာလို့ မြို့မိ၊ မြို့ဖ ထည့်တာလဲဆိုတော့ ပြည်သူကို အလုပ်အကျွေးပြုတဲ့ နေရာမှာ မြို့မိ၊ မြို့ဖတွေက အကဲခတ်နိုင်တယ်’’ဟု ဒေါက်တာဇော် မြင့်မောင်က ဆိုသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ပါတီဝင်အားလုံး တစ်သားတည်း ညီညွတ်မှုရှိရန် အရေးကြီးကြောင်း ဒေါက်တာ ဇော်မြင့်မောင်က မှာကြားသည်။‘‘ကိုယ်စားလှယ်တွေ ရွေး ချယ်ရမှာဖြစ်တဲ့အချိန်မှာ ဘာဖြစ် လာမလဲဆိုတော့ သူ့လူမပါလို့၊ ငါ့လူမပါလို့ဆိုတဲ့ အရင်ကလို စိတ်ကောက်ပြီး အောင်နိုင်ရေး မလုပ်တော့ဘူးဆို ဒီနှစ်ကျင်းပ မယ့် ရွေးကောက်ပွဲမှာ အကျပ်အ တည်းနဲ့ ရင်ဆိုင်ရပါလိမ့်မယ်’’ ဟု ဒေါက်တာဇော်မြင့်မောင်က သတိပေးသည်။
သဘောထားမတူညီမှုများ သည် ပါတီများတွင် ဖြစ်တတ် သည့် သဘောဖြစ်ပြီး ၂၀၂၀ ရွေး ကောက်ပွဲအောင်နိုင်ရေး လမ်း ကြောင်းတစ်ခုတည်း ဦးတည်ကာ ပါတီဝင်များက ကြိုးစားဆောင် ရွက်ရန် ၎င်းက ထပ်မံ မှာကြား သည်။အစုအဖွဲ့အလိုက် ညီညွတ် နေရုံဖြင့် ၂၀၂၀ ရွေးကောက်ပွဲကို အခက်အခဲမရှိ ကျော်ဖြတ်နိုင် မည်ဟုထင်လျှင် မှားမည်ဖြစ် ကြောင်း ဒေါက်တာဇော်မြင့် မောင်က ဆိုသည်။
သို့သော် စစ်တမ်းများအရ ပြည်သူများအနေဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ၆၀ ရာခိုင်နှုန်းကျော် ယုံကြည်မှုရှိနေ ဆဲဖြစ်ကြောင်း ဒေါက်တာဇော် မြင့်မောင်က ဆိုသည်။
နိုင်ငံရေးစိတ်ဝင်စားသူများ၊ သတင်းမှား မယုံကြည်သူများ၊ စဉ်းစားဆင်ခြင်တုံတရားနှင့် လုပ် ကိုင်တတ်သူများက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ယုံကြည် နေဆဲဖြစ်ကြောင်း ၎င်းက ပြော သည်။‘‘ဘာကြောင့်လဲဆိုတော့ ခုသွားခဲ့တဲ့ လေးနှစ်တာကာလမှာ ခြေလှမ်းမမှားပါဘူး။ အမှားတစ် ခါမှ မလုပ်ခဲ့ဖူးပါဘူး။ မှားတောင် မှားနိုင်တဲ့လူတွေ မရှိဘူးလားဆို တော့ ရှိပါတယ်။ အဖွဲ့အစည်း တစ်ခုလုံးအနေနဲ့ဆို မမှားပါဘူး’’ ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
စစ်တမ်းများအရ လွှတ် တော်ကိုယ်စားလှယ်များအပေါ် တွင်လည်း ပြည်သူလူထုက ၆၀ ရာခိုင်နှုန်းခန့် ယုံကြည်မှုရှိ ကြောင်း ဆက်လက်ပြောသည်။‘‘လွှတ်တော်ကိုယ်စားလှယ် တွေအပေါ်မှာရော ဘယ်လိုသုံး သပ်ထားလဲဆိုတော့ ယုံကြည်မှု ရှိနေတုန်းပါ။ အားရပါးရ ရာနှုန်း ပြည့် ကျေနပ်တယ်ဆိုတာတော့ ဘယ်နိုင်ငံမှ မရှိပါဘူး’’ဟု ဒေါက် တာဇော်မြင့်မောင်က ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲကျင်းပ မည့်ရက်ကို အတိအကျမသိရ သေးသော်လည်း နိုဝင်ဘာအ တွင်း ပြုလုပ်မည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြော ကြားသည်။



Ref-7day #Myanmar_Online_News

No comments:

Post a Comment

My Blog List