Wednesday, March 04, 2020

ဒဂုံတက္ကသိုလ်ကျောင်းသူများကို ညစ်ညမ်းစွာပြောဆိုသည့် ဝိုင်ဘီအက်စ်(၂၅) ယာဉ်မောင်းအား ဖမ်းဆီးအရေးယူ


Image may contain: one or more people
ဒဂုံတက္ကသိုလ် ပရိဝုဏ်အတွင်း ကျောင်းသူအချို့အား ညစ်ညမ်း သော စကားလုံးများဖြင့် ပြောဆိုခဲ့သည့် ယာဉ်မောင်းတစ်ဦးကို ဥပဒေအရ အရေးယူပေးရန် သက်ဆိုင်ရာရဲစခန်းသို့ အမှုဖွင့် တိုင်တန်းခဲ့ကြောင်း ဒဂုံ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ဒဂုံတက္ကသိုလ်ပရိဝုဏ်အတွင်း YBS (၂၅) ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးဖြစ်သော ကျော်စိုးဆိုသူသည် ဖေဖော်ဝါရီ ၂၆ရက် နံနက် ၁၀ နာရီခန့်တွင် ဒဂုံတက္ကသိုလ်အတွင်း သွားလာနေသော ကျောင်းသူအချို့အား နှုတ်မှ ညစ်ညမ်းသောစကားများ ပြောဆိုကာ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားသဖြင့် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူသည် ယခင်ကလည်း အလားတူဖြစ်ရပ်မျိုးကျူးလွန်ခဲ့သည်ဟု ကျောင်းသူလေးဦးက ထပ်မံတိုင်ကြားလာကြောင်း၊ စစ်ဆေးရာ အဆိုပါ ယာဉ်မောင်းသည် ထိုသို့ကျူးလွန်နေသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်ကြောင်းသိရ၍ ဥပဒေအရ အရေးယူရန် ဆောင်ရွက်နိုင်ရန် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းသို့ လွှဲအပ်ပေးခဲ့ကြောင်း မတ် ၃ရက်တွင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ် ၁ ရက်ကလည်း ဝိုင်ဘီအက်စ်ယာဉ်တစ်စီးပေါ်တွင် ကျောင်းသူတစ်ဦးလိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံခဲ့ရရာ ကျူးလွန်သူအမျိုးသားကို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် သန်လျင်မြို့မ ရဲစခန်းမှတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

သတင်း - နိုင်ဝင်းစိုး
(Zawgyi Version)
ဒဂုံတက္ကသိုလ်ကျောင်းသူများကို ညစ်ညမ်းစွာပြောဆိုသည့် ဝိုင်ဘီအက်စ်(၂၅) ယာဉ်မောင်းအား ဖမ်းဆီးအရေးယူ

ဒဂုံတက္ကသိုလ် ပရိဝုဏ်အတွင်း ကျောင်းသူအချို့အား ညစ်ညမ်း သော စကားလုံးများဖြင့် ပြောဆိုခဲ့သည့် ယာဉ်မောင်းတစ်ဦးကို ဥပဒေအရ အရေးယူပေးရန် သက်ဆိုင်ရာရဲစခန်းသို့ အမှုဖွင့် တိုင်တန်းခဲ့ကြောင်း ဒဂုံ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဒဂုံတက္ကသိုလ်ပရိဝုဏ်အတွင်း YBS (၂၅) ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးဖြစ်သော ကျော်စိုးဆိုသူသည် ဖေဖော်ဝါရီ ၂၆ရက် နံနက် ၁၀ နာရီခန့်တွင် ဒဂုံတက္ကသိုလ်အတွင်း သွားလာနေသော ကျောင်းသူအချို့အား နှုတ်မှ ညစ်ညမ်းသောစကားများ ပြောဆိုကာ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားသဖြင့် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူသည် ယခင်ကလည်း အလားတူဖြစ်ရပ်မျိုးကျူးလွန်ခဲ့သည်ဟု ကျောင်းသူလေးဦးက ထပ်မံတိုင်ကြားလာကြောင်း၊ စစ်ဆေးရာ အဆိုပါ ယာဉ်မောင်းသည် ထိုသို့ကျူးလွန်နေသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်ကြောင်းသိရ၍ ဥပဒေအရ အရေးယူရန် ဆောင်ရွက်နိုင်ရန် ဒဂုံမြို့သစ်(အရှေ့ပိုင်း)ြမို့မရဲစခန်းသို့ လွှဲအပ်ပေးခဲ့ကြောင်း မတ် ၃ရက်တွင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ် ၁ ရက်ကလည်း ဝိုင်ဘီအက်စ်ယာဉ်တစ်စီးပေါ်တွင် ကျောင်းသူတစ်ဦးလိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံခဲ့ရရာ ကျူးလွန်သူအမျိုးသားကို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် သန်လျင်မြို့မ ရဲစခန်းမှတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

သတင်း - နိုင်ဝင်းစိုး

No comments:

Post a Comment

My Blog List