Tuesday, March 03, 2020

ပုဒ်မ၅၉ ပါ အချက်အလက်များနှင့် ပြည့်စုံသွားရုံဖြင့် နိုင်ငံတော်နှင့်နိုင်ငံသူ၊သားများအပေါ် သစ္စာရှိသူအလိုလိုဖြစ်သွားနိုင်ပါသလားဟုNLDအမတ် မေးခွန်းထုတ် နိုင်ငံတော်အတွက် နိုင်ငံတော်သမ္မတက အရေးကြီးသလား၊နိုင်ငံတော်သမ္မတထံမှ ဆင်းသက်သူများက အရေးကြီးပါသလားဟုပါ မေးခွန်းမေး


Image may contain: 1 person, text
နိုင်ငံတော်သမ္မတ၏ သစ္စာရှိမှုက အရေးကြီးပါသလား၊၎င်း၏ သားသမီးများက အရေးကြီးပါသလား ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ခြေဥဆွေးနွေးစဉ် မေးခွန်းမေးလိုက်သည့်အပြင် ပုဒ်မ၅၉ ပါ အချက်အလက်များနှင့် ပြည့်စုံသွားရုံဖြင့် နိုင်ငံတော်နှင့်နိုင်ငံသူ၊သားများအပေါ် သစ္စာရှိသူအလိုလိုဖြစ်သွားနိုင်ပါသလားဟုပါ ထပ်ဆင့် မေးခွန်းထုတ်လိုက်ကြောင်းသိရသည်။
မေးခွန်းများထုတ်ပြီး ဆွေးနွေးခဲ့သူမှာ ဂန့်ဂေါ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်ဖြစ်ပြီး သူမက ပုဒ်မ၅၉ ပါ ပုဒ်မများကို ပယ်ဖျက်သင့်သည့် ဘက်မှနေ၍ ဆွေးနွေးသွားခဲ့သည်။

ဒေါ်ယဉ်မင်းလှိုင်က နိုင်ငံတကာတွင် မြန်မာနိုင်ငံကဲ့သို့ ပုဒ်မ၅၉ ပါ ကန့်သတ်ပြဌာန်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ မျိုးမတွေ့ရဖူးဟု ထောက်ပြခဲ့သည်။

ထို့အပြင် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်းရေးဆွဲထားသည်ဟုဆိုပြီးကိုးကားနေကြသည့်အပေါ်ကိုပါ သူမက အမျိုးသားခေါင်းဆောင်ကြီးတင်သွားသည့် အကြောင်းအရာသည် နိုင်ငံတော်သမ္မတဖြစ်မည့် သူနှင့် ထိုသူ၏ မိဘ ၂ပါးသာဖြစ်သည့် အပေါ်ပိုင်းအဆင့်ကိုသာဖြစ်ကာ၊ ယခု ပုဒ်မ ၅၉ (စ)ကဲ့သို့ အောက်အဆင့်များပါ ပါသည့် ကန့်သတ်ခြင်းမျိုးမဟုတ်ကြောင်းပါ ထည့်သွင်းပြောဆိုဆွေးနွေးခဲ့သည်။

ဦးထွန်းထွန်းဟိန်ပါ ကိုယ်စားလှယ်များတင်ပြထားသည့် ပုဒ်မ၅၉ (စ)ပါ ပုဒ်မများအား ပယ်ဖျက်လို သည့်အပေါ် ထောက်ခံကြောင်းလည်း သူမက ဆက်ပြောသည်။

ယင်းအပြင် ဗိုလ်မှူးချုပ်မောင်မောင်ပါ ကိုယ်စားလှယ်များ တင်ပြထားသည် ပုဒ်မ ၅၉ (စ)ပါ အချက်အလက်များအား နိုင်ငံတော်သမ္မတ၊ဒုသမ္မတများ အပါအဝင် ပြည်နယ်၊တိုင်းဝန်ကြီးချုပ်၊ပြည်ထောင်စုဝန်ကြီးများခန့်အပ်ရေးတွင်ပါ တိုးချဲ့လိုသည့် ဥပဒေမူကြမ်းပါ အချက်အလက်များကို ကန့်ကွက်ကြောင်းပါ ဒေါ်ယဉ်မင်းလှိုင်က ပြောဆိုဆွေးနွေးသွားသည်။

ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List