Tuesday, March 03, 2020

၂၀၂၀ ရွေးကောက်ပွဲ နိုင်ကိုနိုင်ရမည်ဟု ဒေါက်တာဇော်မြင့်မောင်ပြော


Image may contain: 1 person, text
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအနေဖြင့် နိုင်ကိုနိုင်ရမည်ဟု NLD ပါတီ ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မတ် ၂ ရက်တွင် ပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ချမ်းမြသာစည်မြို့နယ် ရုံးဖွင့်ပွဲအခမ်းအနားကို အဆိုပါရုံးတည်ရှိရာ အမှတ်(၅၃) ရွာလယ်လမ်းမကြီး ၅၀-၅၁ လမ်းကြား၊ ၁၁၁-၁၁၂ လမ်းကြား ထွန်တုံးရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်တွင် မတ် ၂ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ရာ အမှာစကားပြောကြားစဉ် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ယင်းကဲ့သို့ပြောကြားခြင်းဖြစ်သည်။

'၂၀၂၀ရွေးကောက်ပွဲ နိုင်ကိုနိုင်မှဖြစ်ပါမယ်။ ကျွန်တော်တို့အစိုးရဖွဲ့နိုင်ဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲ၊ ဒါဟာ ပြောနေကျပဲ။ ကျွန်တော်တို့က အာဏာမက်လို့ မဟုတ်ပါဘူး။ လုပ်ပိုင်ခွင့်ကတော့ မက်ပါတယ်။ ဒီမိုကရေစီဟာ ရှင်သန်ခါစ ဖြစ်ပါတယ်။ အဖူးအပွင့်တွေ၊ အသီးအပွင့်တွေ ဝေဖြာလာဖို့ဆိုတာ ၂၀၂၀ နိုင်ဖို့လိုပါတယ်။ ဒီအတွက် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့မှာ လုံး၀တာဝန်ရှိတယ်။ ဒီတာဝန်ဟာ ကျွန်တော်တို့ မလွဲမသွေ ထမ်းကိုထမ်းရမယ့် တာဝန်ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အရိုးကြေကြေ အရေခန်းခန်းပါ။ အလှည့်အပြောင်းတစ်ခုကို၊ သမိုင်းတစ်ခုကို ကျွန်တော်တို့ ဖန်တီးဖို့လိုပါတယ်။ ဒါက ဘယ်သူ့အတွက်လဲ ဆိုလို့ရှိရင် အနာဂတ်မြန်မာနိုင်ငံတော်အတွက်ပါ။ ကျွန်တော်တို့ ပါတီဝင်တွေအနေနဲ့ Target တစ်ခုတည်းပဲထားပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ကိုနိုင်ရမယ်။ နိုင်မယ်လို့လည်း ယုံကြည်ထားပြီးတော့ စည်းရုံးရေးကို အရင်ကထက် ဆတက်ထမ်းပိုး ကြိုးစားလုပ်စေချင်ပါတယ်'ဟု ၎င်းက ပြောဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ဆောင်ရွက်နေခြင်းသည် NLD အတွက်မဟုတ်ဘဲ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွက် စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ဖြစ်ရန်အတွက် အခြေခံဥပဒေအား ပြင်ဆင်ခြင်းသာဖြစ်ကြောင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောဆိုသည်။

'ဒီနေ့ အခြေခံဥပဒေပြင်နေတာ ကျွန်တော်တို့ NLD အတွက်လားဆိုတော့ မဟုတ်ပါဘူး။ အတိုင်ပင်ခံပုဂ္ဂိုလ်က ပွင့်ပွင့်လင်းလင်းပြောပြီးသားပါ။ NLD အတွက်မဟုတ်ဘူး။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွက် စစ်မှန်တဲ့ စံနှုန်းတွေနဲ့ညီတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ဖြစ်ဖို့အတွက် အခြေခံဥပဒေကို ပြင်ရတာ။ အခြေခံဥပဒေအကြောင်း ကျွန်တော် အကျယ်ချဲ့မပြောပါဘူး။ ကျွန်တော်တို့လုပ်နေတဲ့ အမျိုးသားရင်ကြားစေ့ရေးဟာ ဒီမိုကရေစီလိုလားတဲ့သူတွေနဲ့ ဒီမိုကရေစီမလိုလားတဲ့ သူတွေကြားမှာလည်း ရင်ကြားစေ့ဖို့လိုပါတယ်။ ဒီမိုကရေစီမှ မတည်ဆောက်နိုင်ဘူး၊ ဒီမိုကရေစီကိုမှ အကောင်အထည် မဖော်ဆောင်နိုင်ဘူးဆိုရင် ဘယ်နိုင်ငံမှ ဖွံ့ဖြိုးတိုးတက်မှုမရှိပါဘူး။ ဒီမိုကရေစီကသာ ဒီနေ့ခေတ်ကြီးမှာ နိုင်ငံတစ်နိုင်ငံကို ချမ်းသာမှု၊ ကြွယ်၀မှု၊ တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုတွေကို ဖော်ဆောင်ပေးနိုင်တာ ဖြစ်ပါတယ်။ ဒီနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေကတော့ ကျွန်တော်တို့မှာ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အရင်ကလည်း ဒီလိုစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ခဲ့ပြီးသားဖြစ်ပါတယ်'ဟု ၎င်းက ပြောဆိုသည်။

အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပျ ဗဟိုအလုပျ အမှုဆောငျအဖှဲ့ဝငျ မန်တလေးတိုငျးဒသေကွီးဥက်ကဋ်ဌ ဦးတင်ထွဋ်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးခရိုင် ဥက္ကဋ္ဌ ဦးကံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများ အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - နောင်လေး
ဓာတ်ပုံ - Mandalay News Journal
၂၀၂၀ ရွေးကောက်ပွဲ နိုင်ကိုနိုင်ရမည်ဟု ဒေါက်တာဇော်မြင့်မောင်ပြော

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအနေဖြင့် နိုင်ကိုနိုင်ရမည်ဟု NLD ပါတီ ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မတ် ၂ ရက်တွင် ပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ချမ်းမြသာစည်မြို့နယ် ရုံးဖွင့်ပွဲအခမ်းအနားကို အဆိုပါရုံးတည်ရှိရာ အမှတ်(၅၃) ရွာလယ်လမ်းမကြီး ၅၀-၅၁ လမ်းကြား၊ ၁၁၁-၁၁၂ လမ်းကြား ထွန်တုံးရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်တွင် မတ် ၂ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ရာ အမှာစကားပြောကြားစဉ် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ယင်းကဲ့သို့ပြောကြားခြင်းဖြစ်သည်။

'၂၀၂၀ရွေးကောက်ပွဲ နိုင်ကိုနိုင်မှဖြစ်ပါမယ်။ ကျွန်တော်တို့အစိုးရဖွဲ့နိုင်ဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲ၊ ဒါဟာ ပြောနေကျပဲ။ ကျွန်တော်တို့က အာဏာမက်လို့ မဟုတ်ပါဘူး။ လုပ်ပိုင်ခွင့်ကတော့ မက်ပါတယ်။ ဒီမိုကရေစီဟာ ရှင်သန်ခါစ ဖြစ်ပါတယ်။ အဖူးအပွင့်တွေ၊ အသီးအပွင့်တွေ ဝေဖြာလာဖို့ဆိုတာ ၂၀၂၀ နိုင်ဖို့လိုပါတယ်။ ဒီအတွက် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့မှာ လုံးဝတာဝန်ရှိတယ်။ ဒီတာဝန်ဟာ ကျွန်တော်တို့ မလွဲမသွေ ထမ်းကိုထမ်းရမယ့် တာဝန်ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အရိုးကြေကြေ အရေခန်းခန်းပါ။ အလှည့်အပြောင်းတစ်ခုကို၊ သမိုင်းတစ်ခုကို ကျွန်တော်တို့ ဖန်တီးဖို့လိုပါတယ်။ ဒါက ဘယ်သူ့အတွက်လဲ ဆိုလို့ရှိရင် အနာဂတ်မြန်မာနိုင်ငံတော်အတွက်ပါ။ ကျွန်တော်တို့ ပါတီဝင်တွေအနေနဲ့ Target တစ်ခုတည်းပဲထားပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ကိုနိုင်ရမယ်။ နိုင်မယ်လို့လည်း ယုံကြည်ထားပြီးတော့ စည်းရုံးရေးကို အရင်ကထက် ဆတက်ထမ်းပိုး ကြိုးစားလုပ်စေချင်ပါတယ်'ဟု ၎င်းက ပြောဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ဆောင်ရွက်နေခြင်းသည် NLD အတွက်မဟုတ်ဘဲ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွက် စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ဖြစ်ရန်အတွက် အခြေခံဥပဒေအား ပြင်ဆင်ခြင်းသာဖြစ်ကြောင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောဆိုသည်။

'ဒီနေ့ အခြေခံဥပဒေပြင်နေတာ ကျွန်တော်တို့ NLD အတွက်လားဆိုတော့ မဟုတ်ပါဘူး။ အတိုင်ပင်ခံပုဂ္ဂိုလ်က ပွင့်ပွင့်လင်းလင်းပြောပြီးသားပါ။ NLD အတွက်မဟုတ်ဘူး။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွက် စစ်မှန်တဲ့ စံနှုန်းတွေနဲ့ညီတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ဖြစ်ဖို့အတွက် အခြေခံဥပဒေကို ပြင်ရတာ။ အခြေခံဥပဒေအကြောင်း ကျွန်တော် အကျယ်ချဲ့မပြောပါဘူး။ ကျွန်တော်တို့လုပ်နေတဲ့ အမျိုးသားရင်ကြားစေ့ရေးဟာ ဒီမိုကရေစီလိုလားတဲ့သူတွေနဲ့ ဒီမိုကရေစီမလိုလားတဲ့ သူတွေကြားမှာလည်း ရင်ကြားစေ့ဖို့လိုပါတယ်။ ဒီမိုကရေစီမှ မတည်ဆောက်နိုင်ဘူး၊ ဒီမိုကရေစီကိုမှ အကောင်အထည် မဖော်ဆောင်နိုင်ဘူးဆိုရင် ဘယ်နိုင်ငံမှ ဖွံ့ဖြိုးတိုးတက်မှုမရှိပါဘူး။ ဒီမိုကရေစီကသာ ဒီနေ့ခေတ်ကြီးမှာ နိုင်ငံတစ်နိုင်ငံကို ချမ်းသာမှု၊ ကြွယ်ဝမှု၊ တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုတွေကို ဖော်ဆောင်ပေးနိုင်တာ ဖြစ်ပါတယ်။ ဒီနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေကတော့ ကျွန်တော်တို့မှာ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အရင်ကလည်း ဒီလိုစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ခဲ့ပြီးသားဖြစ်ပါတယ်'ဟု ၎င်းက ပြောဆိုသည်။

အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးခရိုင် ဥက္ကဋ္ဌ ဦးကံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများ အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - နောင်လေး
ဓာတ္ပုံ - Mandalay News Journal

No comments:

Post a Comment

My Blog List