Tuesday, March 03, 2020

ကိုရိုနာကူးစက်မှုနဲ့ အီရန်ဘာသာရေးခေါင်းဆောင်ရဲ့အကြံပေး ကွယ်လွန်

Image may contain: one or more people and closeup
အီရန်နိုင်ငံမှာ ဘာသာရေးခေါင်းဆောင် အာတိုလာ အာလီ ခါမီနီရဲ့အကြံပေးဟာ အခုလ(၂)ရက်က ကိုရိုနာကူး စက်မှုနဲ့ သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်ရေဒီယိုက သတင်းထုတ်ပြန်ခဲ့ပါတယ်။

သေဆုံးသူဟာ အသက်(၇၁)နှစ်ရှိ မိုဟာမက် မီရ်မိုဟမ်မက်အီ ဆိုသူဖြစ်ပြီး၊ အီရန်တာဝန်ရှိသူတွေထဲမှာ နောက်ဆုံးကူးစက်သူလို့ ဆိုပါတယ်။ အဲဒီမတိုင်ခင်က ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဟာဒီ ခို့စ်ရိုရှာဟီ့ လည်း နားမကျန်းဖြစ်ပြီး ကွယ်လွန်သွားပါတယ်။
လတ်တလောမှာလည်း အီရန်နိုင်ငံရဲ့ ဒုတိယသမ္မတ ခါရစ်စ် အက်ပ်တီကာနဲ့ ကိုရိုနာကူးစက်မှု‌တိုက်ဖျက်ရေးကို ဦးဆောင်လုပ်ခဲ့သူ ဒု-ကျန်းမာရေးဝန်ကြီး အီရာ ဟာရီချီတို့လည်း မကျန်းမမာဖြစ်နေတယ်လို့နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အီရန်နိုင်ငံမှာ ပြီးခဲ့တဲ့အပတ်က ကိုရိုနာကူးစက်မှု စတင်ခဲ့ပြီး၊ တနင်္လာနေ့ကအထိ အနည်းဆုံး (၆၆)ဦး သေဆုံးပြီး၊ ကူးစက်သူပေါင်း (၁၅၀၁)ဦးရှိခဲ့တယ်လို့ အီရန်ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။
ရောဂါကူးစက်ပျံနှံ့မှုဖြစ်ပေါ်နေတဲ့အချိန်မှာလည်း ပါလီမန်ကို ရပ်ဆိုင်းထားသလို၊ နိုင်ငံတဝန်းမှာရှိတဲ့ ကျောင်းနဲ့တက္ကသိုလ်တွေကို ပိတ်ထားပါတယ်။
အခုလောလော ဆယ်မှာ အီရန်နိုင်ငံကို ခရီးသွားခဲ့တဲ့သူတွေကို ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်စစ်ဆေးနေပါတယ်။ အဲဒီနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးသွားတွေကတော့ အာဖဂန်နစ္စတန်၊ ကနေဒါ၊ လက်ဘနွန်၊ ပါကစ္စတန်၊ ကူဝိတ်၊ အီရတ်၊ အိုမန်၊ ကာတာနဲ့ ယူအေအီးနိုင်ငံတို့ဖြစ်တယ်လို့ သိရပါတယ်။
Source: CNN

No comments:

Post a Comment

My Blog List