Tuesday, March 03, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သြစတြေးလျနိုင်ငံ စူပါမားကတ်များတွင် ကုန်ပစ္စည်းပြတ်လပ်သည်အထိ ဝယ်ယူနေကြ

No photo description available.
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် သြစတြေးလျနိုင်ငံရဲ့စူပါးမားကတ်တွေမှာ ကုန်ပစ္စည်များပြတ်လပ်သွားတဲ့အထိ အလု အယက်ဝယ်ယူနေကြတယ်လို့ အခုလ(၂)ရက် BBC သတင်းမှာဖော်ပြထားပါတယ်။
အိမ်သာသုံးစက္ကူ၊ လက်သန့်ဆေးရည်နဲ့ နှာခေါင်းစည်းတွေဟာ ဝယ်ယူမှုအများဆုံးကုန်ပစ္စည်းတွေဖြစ်ကြပါတယ်။ဒါပေမယ့်အာဏာပိုင်တွေကတော့ အခုလိုမျိုး ထိတ်လန့်တကြားနဲ့ ကုန်ပစ္စည်းတွေဝယ်ယူထားစရာမလိုဘူးလို့ ပြောကြားထားပါတယ်။

သြစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူအရေအတွက်ဟာ အယောက်(၃၀)ကျော်ရှိပြီလို့ အာဏာပိုင်တွေကထုတ်ပြန်ပေးထားပါတယ်။
source photo: The Australian

No comments:

Post a Comment

My Blog List