Thursday, March 05, 2020

အမျိုးသားတစ်ဦး မန္တလေး ကျုံးအတွင်း ခုန်ချသတ်သေ

Image may contain: 2 people, people sitting, outdoor and water
မန္တလေးမြို့ ကျုံးတောင်ဘက်ခြမ်း ၂၆လမ်းနှင့် ၇၃လမ်းရှိ မင်္ဂလာတံတားပေါ်မှ အမျိုးသားတစ်ဦး ကျုံးရေပြင်အတွင်း ခုန်ချသတ်သေမှု ယနေ့ မတ်လ(၅)ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

ကျုံးရေပြင်အတွင်း ခုန်ချသတ်သေသူသည် အသက်(၄၀)ဝန်းကျင်အရွယ် အမျိုးသားဖြစ်ပြီး မျက်နှာတွင် ညိုမည်းဒဏ်ရာများ တွေ့ရကာ အလောင်းအား မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားသည်ဟု အဆိုပါ အမျိုးသားကို ကယ်ဆယ်နိုင်ရန် ကြိုးစားခဲ့သည့် မန္တလေးနန်းတော်ရှေ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (Rescue)မှ ဦးသိန်းထွန်းအောင်က Mandalay In-depth News အား ပြောသည်။
“လူတစ်ယောက် ကျုံးထဲခုန်ချတယ်ဆိုပြီး ကျုံးဘေးလမ်းလျှောက်နေသူ တချို့က သတင်းပို့လို့ ချက်ချင်းသွားဆယ်တာ။ ဒါပေမယ့် အသက်မမီတော့ဘူး” ဟု ဦးသိန်းထွန်းအောင်က ပြောသည်။
ယနေ့ နံနက်(၇)နာရီခန့်က ကျုံးရေပြင်အတွင်း လူတစ်ဦး ခုန်ချကြောင်း သတင်းရသဖြင့် ရေငုပ်အဖွဲ့များဖြင့် သွားရောက်ကယ်ဆယ်ရာ အသက်မမီတော့ဘဲ အလောင်းကိုသာ ပြန်လည်ဆယ်ယူရရှိခဲ့သည်ဟု မန္တလေးနန်းတော်ရှေ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။ အဆိုပါ အမျိုးသားသည် မင်္ဂလာတံတားပေါ်မှ (၇၄)လမ်းဘက်ခြမ်း ကျုံးရေပြင်အတွင်းသို့ ခုန်ချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ အပိုင်ရဲစခန်းဖြစ်သည့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမှတ်(၂)ရဲစခန်းသို့ သတင်းပို့ထားသည်ဟု ဆိုသည်။
မန္တလေးတွင် ကျုံးရေပြင်အတွင်း ခုန်ချသတ်သေမှုများ ဖြစ်ပွားလျှက်ရှိပြီး တစ်နှစ်လျှင် ကျုံးအတွင်း ခုန်ချသတ်သေမှု (၃)မှုမှ (၅)မှုအထိ ဖြစ်ပွားလေ့ရှိသည်ဟု မန္တလေးနန်းတော်ရှေ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက စိတ်ရောဂါရှိသူ အမျိုးသမီးတစ်ဦး ကျုံးရေပြင်အတွင်း ခုန်ချခဲ့ရာ အချိန်မီ ကယ်ဆယ်နိုင်ခဲ့သည်။
Image may contain: one or more people, swimming, outdoor and water
ကျုံးရေပြင်အတွင်း ခုတ်ချသူကို ကယ်ဆယ်နိုင်ရန် ရေငုပ်ရှာဖွေနေစဉ်// Photo – Thein Tun Aung (RESCUE).
.

အမျိုးသားတစ်ဦး မန္တလေး ကျုံးအတွင်း ခုန်ချသတ်သေ
တေဇ၊ မတ်-၅
မန္တလေးမြို့ ကျုံးတောင်ဘက်ခြမ်း ၂၆လမ်းနှင့် ၇၃လမ်းရှိ မင်္ဂလာတံတားပေါ်မှ အမျိုးသားတစ်ဦး ကျံုးရေပြင်အတွင်း ခုန်ချသတ်သေမှု ယနေ့ မတ်လ(၅)ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
ကျုံးရေပြင်အတွင်း ခုန်ချသတ်သေသူသည် အသက်(၄၀)ဝန်းကျင်အရွယ် အမျိုးသားဖြစ်ပြီး မျက်နှာတွင် ညိုမည်းဒဏ်ရာများ တွေ့ရကာ အလောင်းအား မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားသည်ဟု အဆိုပါ အမျိုးသားကို ကယ်ဆယ်နိုင်ရန် ကြိုးစားခဲ့သည့် မန္တလေးနန်းတော်ရှေ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (Rescue)မှ ဦးသိန်းထွန်းအောင်က Mandalay In-depth News အား ပြောသည်။
“လူတစ်ယောက် ကျုံးထဲခုန်ချတယ်ဆိုပြီး ကျံုးဘေးလမ်းလျှောက်နေသူ တချို့က သတင်းပို့လို့ ချက်ချင်းသွားဆယ်တာ။ ဒါပေမယ့် အသက်မမီတော့ဘူး” ဟု ဦးသိန်းထွန်းအောင်က ပြောသည်။
ယနေ့ နံနက်(၇)နာရီခန့်က ကျုံးရေပြင်အတွင်း လူတစ်ဦး ခုန်ချကြောင်း သတင်းရသဖြင့် ရေငုပ်အဖွဲ့များဖြင့် သွားရောက်ကယ်ဆယ်ရာ အသက်မမီတော့ဘဲ အလောင်းကိုသာ ပြန်လည်ဆယ်ယူရရှိခဲ့သည်ဟု မန္တလေးနန်းတော်ရှေ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။ အဆိုပါ အမျိုးသားသည် မင်္ဂလာတံတားပေါ်မှ (၇၄)လမ်းဘက်ခြမ်း ကျံုးရေပြင်အတွင်းသို့ ခုန်ချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ အပိုင်ရဲစခန်းဖြစ်သည့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမှတ်(၂)ရဲစခန်းသို့ သတင်းပို့ထားသည်ဟု ဆိုသည်။
မန္တလေးတွင် ကျုံးရေပြင်အတွင်း ခုန်ချသတ်သေမှုများ ဖြစ်ပွားလျှက်ရှိပြီး တစ်နှစ်လျှင် ကျံုးအတွင်း ခုန်ချသတ်သေမှု (၃)မှုမှ (၅)မှုအထိ ဖြစ်ပွားလေ့ရှိသည်ဟု မန္တလေးနန်းတော်ရှေ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက စိတ်ရောဂါရှိသူ အမျိုးသမီးတစ်ဦး ကျံုးရေပြင်အတွင်း ခုန်ချခဲ့ရာ အချိန်မီ ကယ်ဆယ်နိုင်ခဲ့သည်။
ကျုံးရေပြင်အတွင်း ခုတ်ချသူကို ကယ်ဆယ်နိုင်ရန် ရေငုပ်ရှာဖွေနေစဉ်// Photo – Thein Tun Aung (RESCUE).
#Mandalay_Indepth_News #Mandalay_Crimes #Crimes_News

No comments:

Post a Comment

My Blog List