Thursday, March 05, 2020

ခွေးထံသို့ COVID-19 ရောဂါကူးစက်နိုင်ချေ အနိမ့်ဆုံးအဆင့်တွင်သာရှိကြောင်း တွေ့ရှိ


Image may contain: one or more people and text
တရုတ်နိုင်ငံ ဟောင်ကောင်၌ အိမ်မွေးတိရစ္ဆာန် ခွေးတစ်ကောင်အား အကြိမ်ကြိမ်စစ်ဆေးပြီးနောက်တွင် COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရနိုင်မှုမှာ အနိမ့်ဆုံးအဆင့်တွင်သာရှိပြီး ဖြစ်နိုင်ချေ အလွန်နည်းပါးကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အစိုးရအဖွဲ့က မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။
စိုက်ပျိုးရေး ၊ ငါးဖမ်းလုပ်ငန်းများ နှင့် တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဌာန (AFCD) ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ခွေး၏ နှာခေါင်း နှင့် ပါးစပ် တို့မှ နမူနာများကို သုံးကြိမ်တိုင်စစ်ဆေးပြီးနောက်တွင် ဖြစ်နိုင်ချေအလွန်နည်းပါးသည်ကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။

ဟောင်ကောင်တက္ကသိုလ်နှစ်ခု နှင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ချုပ် တို့မှ ကျွမ်းကျင်ပညာရှင်များက ခွေးသည် ရောဂါကူးစက်ရန် အနိုမ့်ဆုံးအဆင့်တစ်ခုတွင် သာရှိပြီး လူသားမှ တိရစ္ဆာန်သို့ ကူးစက်မှု ရောဂါတစ်ခုကဲ့သို့သာဖြစ်ကြောင်း တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့ကြသည်ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အဆိုပါ ခွေးတွင် COVID-19 နှင့်ဆက်စပ်သည့် မည်သည့်ရောဂါလက္ခဏာမျှ မတွေ့ရှိရကြောင်း နှင့် ၎င်းအား လတ်တလောတွင် ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတား၏ ဟောင်ကောင်ဆိပ်ကမ်းရှိ တိရစ္ဆာန်ဂေဟာတစ်ခုတွင် သီးသန့်စောင့်ကြပ်ကြည့်ရှုမှု ပြုလုပ်ထားကြောင်း သိရသည်။

ခွေး နှင့် ကြောင် အပါအဝင် အိမ်မွေး နို့တိုက်တိရစ္ဆာန်များအနေဖြင့် COVID-19 ကူးစက်ထားခံထားရသော လူနာများ သို့မဟုတ် ရောဂါကူးစက်ခံထားရသော လူနာများနှင့်အနီးကပ် ဆက်ဆံမှုရှိသော လူများနှင့် ထိတွေ့ထားပါက အဆိုပါ တိရစ္ဆာန်များကို ပြည်သူ့ကျန်းမာရေး နှင့် တိရစ္ဆာန်ကျန်းမာရေးအတွက် AFCD၏ သီးသန့်နေရာများ၌ စောင့်ကြပ်ကြည့်ရှုမှုအောက်တွင်ထားရှိသင့်ကြောင်းကို AFCD က အကြံပြုထားသည်။

လက်ရှိအချိန်ထိ အိမ်မွေးတိရစ္ဆာန်များသည် COVID-19 ကူးစက်ရောဂါ၏ အရင်းအမြစ်တစ်ခုဖြစ်သည်ဆိုသည့် သက်သေခံချက် မရှိသေးကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ အဆိုပါ အိမ်မွေးတိရစ္ဆာန်များ၏ ပိုင်ရှင်များအနေဖြင့် အလွန်အမင်း စိုးရိမ်ရန် မလိုကြောင်း နှင့် မည်သည့်အခြေအနေအောက်တွင်မဆို ၎င်းတို့၏ တိရစ္ဆာန်ကောင်များကို မစွန့်ပစ်သင့်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
(Xinhua)
(Zawgyi Version)
ခွေးထံသို့ COVID-19 ရောဂါကူးစက်နိုင်ချေ အနိမ့်ဆုံးအဆင့်တွင်သာရှိေြကာင်း တွေ့ရှိ

တရုတ်နိုင်ငံ ဟောင်ကောင်၌ အိမ်မွေးတိရစ္ဆာန် ခွေးတစ်ကောင်အား အကြိမ်ကြိမ်စစ်ဆေးပြီးနောက်တွင် COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရနိုင်မှုမှာ အနိမ့်ဆုံးအဆင့်တွင်သာရှိပြီး ဖြစ်နိုင်ချေ အလွန်နည်းပါးကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အစိုးရအဖွဲ့က မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။

စိုက်ပျိုးရေး ၊ ငါးဖမ်းလုပ်ငန်းများ နှင့် တိရစ္ဆာန်ထိန်းသိမ်းစောင့်ရေှာက်ရေးဌာန (AFCD) ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ခွေး၏ နှာခေါင်း နှင့် ပါးစပ် တို့မှ နမူနာများကို သုံးကြိမ်တိုင်စစ်ဆေးပြီးနောက်တွင် ဖြစ်နိုင်ချေအလွန်နည်းပါးသည်ကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။

ဟောင်ကောင်တက္ကသိုလ်နှစ်ခု နှင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ချုပ် တို့မှ ကျွမ်းကျင်ပညာရှင်များက ခွေးသည် ရောဂါကူးစက်ရန် အနိုမ့်ဆုံးအဆင့်တစ်ခုတွင် သာရှိပြီး လူသားမှ တိရစ္ဆာန်သို့ ကူးစက်မှု ရောဂါတစ်ခုကဲ့သို့သာဖြစ်ကြောင်း တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့ကြသည်ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အဆိုပါ ခွေးတွင် COVID-19 နှင့်ဆက်စပ်သည့် မည်သည့်ရောဂါလက္ခဏာမျှ မတွေ့ရှိရကြောင်း နှင့် ၎င်းအား လတ်တလောတွင် ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတား၏ ဟောင်ကောင်ဆိပ်ကမ်းရှိ တိရစ္ဆာန်ဂေဟာတစ်ခုတွင် သီးသန့်စောင့်ကြပ်ကြည့်ရှုမှု ပြုလုပ်ထားကြောင်း သိရသည်။

ခွေး နှင့် ကြောင် အပါအဝင် အိမ်မွေး နို့တိုက်တိရစ္ဆာန်များအနေဖြင့် COVID-19 ကူးစက်ထားခံထားရသော လူနာများ သို့မဟုတ် ရောဂါကူးစက်ခံထားရသော လူနာများနှင့်အနီးကပ် ဆက်ဆံမှုရှိသော လူများနှင့် ထိတွေ့ထားပါက အဆိုပါ တိရစ္ဆာန်များကို ပြည်သူ့ကျန်းမာရေး နှင့် တိရစ္ဆာန်ကျန်းမာရေးအတွက် AFCD၏ သီးသန့်နေရာများ၌ စောင့်ကြပ်ကြည့်ရှုမှုအောက်တွင်ထားရှိသင့်ကြောင်းကို AFCD က အကြံပြုထားသည်။

လက်ရှိအချိန်ထိ အိမ်မွေးတိရစ္ဆာန်များသည် COVID-19 ကူးစက်ရောဂါ၏ အရင်းအမြစ်တစ်ခုဖြစ်သည်ဆိုသည့် သက်သေခံချက် မရှိသေးကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ အဆိုပါ အိမ်မွေးတိရစ္ဆာန်များ၏ ပိုင်ရှင်များအနေဖြင့် အလွန်အမင်း စိုးရိမ်ရန် မလိုကြောင်း နှင့် မည်သည့်အခြေအနေအောက်တွင်မဆို ၎င်းတို့၏ တိရစ္ဆာန်ကောင်များကို မစွန့်ပစ်သင့်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

(Xinhua)
ပုံစာ- ဟောင်ကောင် ပြည်သူ့ကျန်းမာရေးကာကွယ်ရေးဌာန ကူးစက်ရောဂါဌာနခွဲ အကြီးအကဲ Chuang Shuk-kwan သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်(ဆင်ဟွာ)

1 comment:

  1. If you're trying to lose kilograms then you certainly have to get on this totally brand new tailor-made keto diet.

    To create this keto diet, licensed nutritionists, fitness couches, and top chefs united to develop keto meal plans that are effective, suitable, money-efficient, and delicious.

    Since their first launch in early 2019, 100's of clients have already transformed their body and well-being with the benefits a great keto diet can give.

    Speaking of benefits; in this link, you'll discover 8 scientifically-tested ones given by the keto diet.

    ReplyDelete

My Blog List