Thursday, March 05, 2020

အောင်လအန်ဆန်းအား ဂျပန်ထိပ်တန်းအသက်အာမခံကုမ္ပဏီက Brand Ambassador အဖြစ် ခန့်အပ်

Image may contain: 1 person, outdoor
ဂျပန်နိုင်ငံမှ ထိပ်တန်းအသက်အာမခံကုမ္ပဏီ Dai-ichi Life Group ၏ မြန်မာနိုင်ငံကုမ္ပဏီခွဲဖြစ်သော Dai-ichi Life Insurance Myanmar Ltd. (“Dai-ichi Life”) ၏ Brand Ambassador အဖြစ်ကမ္ဘာကျော် MMA အားကစားသမား အောင်လအန်ဆန်းအား ခန့်အပ်လိုက်ကြောင်း သိရသည်။

အောင်လအန်ဆန်းသည် Brand Ambassador အနေဖြင့် Dai-ichi Life ၏ ရည်မှန်းချက်ဖြစ်သည့် မြန်မာနိုင်ငံတွင် အသက်အာမခံလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးတွင် Dai-ichi Life နှင့် ပူးပေါင်းလုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။
Dai-ichi Life Insurance Myanmar၏ CEO ဒေါ်ဇာခြည်တင်က " အသက်အာမခံထားခြင်းဖြင့် မိမိကိုယ်တိုင်သာမက မိမိရဲ့မိသားစုများအတွက်ပါ ပိုမိုကောင်းမွန်တဲ့ဘဝတွေရရှိနိုင်ကြောင်း အောင်လအန်ဆန်း နဲ့ပူး‌ပေါင်းပြီး အသိပေးရှင်းပြနိုင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။” ဟုပြောကြားခဲ့သည်။
အောင်လအန်ဆန်း သည် အသက်အာမခံထားခြင်း၏ အကျိုးကျေးဇူးများနှင့် Dai-ichi Life ၏ Product များနှင့်ဝန်ဆောင်မှုများအကြောင်းကို Customer များ၊ ကိုယ်စားလှယ်အေးဂျင့်များ၊ စီးပွားဖက်များ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသောပွဲများတွင် တက်ရောက်၍ရှင်းလင်း ပြောကြားသွားမည် ဖြစ်ကြောင်းသိရသည်။
Snow

No comments:

Post a Comment

My Blog List