Thursday, March 05, 2020

လွှတ်တော် အဆောက်အအုံကြီးများကို မည်သူတည်ဆောက်ပေးခဲ့သလဲဟု တပ်ကိုယ်စားလှယ်မေးခွန်းထုတ် ဒီမိုကရေစီကိုလျှောက်လှမ်းနိုင်ရန် ခမ်းနားသည့် လွှတ်တော် အဆောက်အအုံကြီးများကို တပ်မတော်က တည်ဆောက်ပေးခဲ့ဟု ၎င်းကိုယ်တိုင် ပြန်လည်ဖြေကြား

Image may contain: 3 people, people sitting

တပ်မတော်သည် ဒီမိုကရေစီကိုလျှောက်လှမ်းနိုင်ရန် ခမ်းနားသည့် လွှတ်တော်အဆောက်အအုံ ကြီးများကို တည်ဆောက်ပေးခဲ့ ခြင်းဖြစ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ညီညီလွင်ကပြော သည်။

ပြည်ထောင်စုလွှတ်တော်၌ ယနေ့ကျင်းပသော အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးခြင်းအစီအစဉ် နောက်ဆုံးရက်တွင်ပါဝင်ဆွေးနွေးသူ အထက်ပါတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်အဆောက်အအုံကြီးများကို မည်သူတည်ဆောက်ပေးခဲ့ပါသနည်းဟု မေးခွန်းထုတ်သည်။
‘‘နာယကကြီးခင်ဗျား၊ ဟောဒီ အဆောက်အအုံကြီးတွေကို ဘယ်သူတွေ ဆောက်ပေးခဲ့တာပါလဲ’’ဟု နှစ်ကြိမ်ထပ် မေးခွန်းထုတ်ကာ ၎င်းကိုယ်တိုင်ပင် ‘‘ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းရဲ့ တိုက်တွန်းချက်မှမပါဘဲ ဒီမိုကရေစီခရီး လျှောက်လမ်းနိုင်အောင် တပ်မတော်က တည်ဆောက်ပေးခဲ့တာပါ။ ဒါသက်သေပြယုဂ်ပါပဲ။ ဒီမိုကရေစီကိုသွားချင်လို့ လွှတ်တော် ကိုယ်စားလှယ်တွေ အေးအေးချမ်းချမ်း၊ ခမ်းခမ်းနားနားဖြစ် အောင်လို့ တည်ဆောက်ပေးခဲ့ တာသက်သေပါပဲ’’ဟု ပြန်လည် ဖြေကြားသည်။
အထက်ပါ တပ်မတော်သား ကိုယ်စားလှယ်၏ မေးခွန်းထုတ်သည့်စာသားကို လွှတ်တော်ဆိုင်ရာ နည်းဥပဒေနှင့်မညီညွတ်၍ လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးရန် ဒီချုပ်အမတ်ဦးနေမျိုးထွန်း က ကန့်ကွက်သည်။
ခေတ်စနစ်ပြောင်းလဲလာမှု အရ အခြေခံဥပဒေကို၊ ပြင်သင့် ပြင်ထိုက်တာကို ပြင်ရမည်ဖြစ်သ ကဲ့သို့ နိုင်ငံတော်အကျိုးစီးပွားအ တွက် အမှန်တကယ်လိုအပ်၍ ပြင်ဆင်မည်ဆိုပါက ပါတီစွဲပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲ ကင်းကင်းဖြင့်ပြင် ဆင်ရန်လိုအပ်ကြောင်း ဒုတိယ ဗိုလ်မှူးကြီးညီညီလွင်က ပြောသည်။
ယနေ့ဆွေးနွေးသော တပ် မတော်သားလွှတ်တော် ကိုယ်စား လှယ်များက အရေးပေါ်ကာလပြ ဋ္ဌာန်းချက်ကို ပြင်ဆင်ထားသည့် ဒီချုပ်၏မူကြမ်းကို အဓိကထား ကန့်ကွက်ဆွေးနွေးနေကြသည်။ ဒီချုပ်၏ ပြင်ဆင်ချက်သည် တပ်မတော်၏ ပါဝင်မှုအခန်းကဏ္ဍကို လျှော့ချထားခြင်းဖြစ်သည်။
အခြေခံဥပဒေပြင်ဆင်ရေးမူ ကြမ်းများအပေါ် ကိုယ်စားလှယ် ၂၃ ဦးက ယနေ့အပြီးသတ်ဆွေး နွေးနေခြင်းဖြစ်သည်။
7Day

1 comment:

  1. Use this diet hack to drop 2 lb of fat in just 8 hours

    Over 160,000 women and men are losing weight with a simple and SECRET "liquid hack" to drop 2lbs each night as they sleep.

    It's effective and it works on anybody.

    You can do it yourself by following these easy steps:

    1) Take a glass and fill it up with water half the way

    2) Now use this proven hack

    so you'll be 2lbs lighter in the morning!

    ReplyDelete

My Blog List