Friday, March 06, 2020

လူငယ်လူရွယ်များကြား တွင်ကျယ်စွာအသုံးပြုနေကြသည့် အီးစီးကရက်နှင့်ရှီရှားကဲ့သို့ ရေပြောင်းဖြင့်ရှူရသည့် ပစ္စည်းများကို ထိန်းချုပ်အရေးယူရေးအဆို ပြည်သူ့လွှတ်တော်တွင်တင်သွင်း


Image may contain: 2 people
အီးစီးကရက်နှင့်ရှီရှားကဲ့သို့ ရေပြောင်းဖြင့်ရှူရသည့် ပစ္စည်းများကို ထိန်းချုပ်အရေးယူရေး ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းအဆို တစ်ရပ်ကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြည်သူ့လွှတ်တော်သို့တင်သွင်းသွားသည်။
ဒေါက်တာဦးစံရွှေဝင်း၊ ရေကြည် မဲဆန္ဒနယ်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုကို ထောက်ခံသူ တစ်ဦးရှိခဲ့သည့်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဌက လွှတ်တော်၏ဆန္ဒခံယူခဲ့ရာ ကန့်ကွက်သူမရှိခဲ့သည့်အတွက် အဆိုကို ဆက်ဆွေးနွေးကြမည်ဟုသိရသည်။

အဆိုရှင်က အဆိုတင်စဉ် အမေရိကန်၊အင်္ဂလန် အပါအဝင် နိုင်ငံပေါင်း ၄၀ကျော်နှင့် အာရှနိုင်ငံအချို့တို့တွင် အီးစီးကရက်များကိုပိတ်ပင်နေကြသော်လည်း မြန်မာက ပိတ်ပင်ထားခြင်းမရှိသည့်အတွက်တင်ခြင်းဖြစ်ကြောင်းရှင်းပြကာ၂၀၁၉မှ ၂၀၂၀ဇန်နဝါရီအထိ အမေရိကန်တွင် လူပေါင်း၂၆၀၀ကျော် ရောဂါဖြစ်သေဆုံးသွားမှုကိုပါ တင်ပြခဲ့သည်။

ယင်းနောက် အီးစီးကရက်နှင့် ပတ်သက်ပြီး အန္တရာယ်ရှိကြောင်း နိုင်ငံပိုင်သတင်းစာနှင့် မြဝတီသတင်းစာတို့တွင်ဖော်ပြခဲ့သည့်ဆောင်းပါးအချို့ကိုပါ အဆိုရှင်က တင်သွင်းခဲ့သည်။

အဆိုရှင်က အီးစီးကရက်သည် ဘေးရန်ကင်းကြောင်း အမျိုးကြေညာနေကာ၊ဆေးရွက်ကြီးအနံမထွက်အောင် အနံမျိုးစုံ နှင့်လုပ်ပြီး လူငယ်လူရွယ်များကို ဆွဲဆောင်နေကြကြောင်း ထောက်ပြခဲ့သည်။

"ဓါတုဗေဒပစ္စည်းမျိုးစုံပါဝင်တဲ့အတွက် အန္တရာယ်ရှိပါတယ်"ဟုအဆိုရှင်က ဆက်ပြောသည်။

ဒေါက်တာဦးစံရွှေဝင်း၊ ရေကြည် မဲဆန္ဒနယ်က တင်သွင်းသည့်အဆိုအပြည့်အစုံမှာ "အသစ်ထွက်ပေါ်လာသော ဆေးရွက်ကြီး အသုံးပြုမှုနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် e-cigarettes (Electronic Nicotine Delivery System) ဆေးရွက်ထွက်ပစ္စည်းကို အပူပေးပြီး အငွေ့ရှူသောပစ္စည်း (Heated Tobacco Product or Heat-not-burn-product) နှင့် ဆေးရွက်ကြီးနှင့် ဆက်စပ် ပစ္စည်းများကို ရောနှောထည့်သွင်းရှူသုံးရသည့် ရေပြောင်း (Water Pipe) များကို ထိန်းချုပ်တားဆီးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုဖြစ်သည်။

ကိုမင်း/Myanmar Harp

1 comment:

  1. According to Stanford Medical, It's really the ONLY reason women in this country live 10 years longer and weigh an average of 19 KG lighter than we do.

    (And actually, it has absolutely NOTHING to do with genetics or some hard exercise and really, EVERYTHING to do with "HOW" they are eating.)

    BTW, I said "HOW", not "what"...

    Click on this link to discover if this little questionnaire can help you release your true weight loss possibility

    ReplyDelete

My Blog List