Thursday, March 05, 2020

ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်သည့်အနေဖြင့် တပ်မတော်သားအားလုံး Maskတပ်ထားခြင်းဖြစ်ဟု ဗိုလ်မှူးချုပ်မောင်မောင်ပြော

Image may contain: 1 person

ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်သည့်အနေဖြင့် တပ်မတော်သားအားလုံး Mask တပ်ထားခြင်းဖြစ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်ကပြောသည်။

မတ်လ ၄ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော် ခေတ္တရပ်နားစဉ်တွင် ဗိုလ်မှူးချုပ်မောင်မောင်က သတင်းထောက်များ၏မေးမြန်းမှုကို ထိုသို့‌ဖြေဆိုခဲ့ခြင်းဖြစ်သည်။
၎င်းက"ကျန်းမာရေးဝန်ကြီးဌာနကိုယ်တိုင် ကြေညာချက်ထုတ်ပြန်ထားတယ်။ သက်ဆိုင်ရာ တချို့ အခမ်းအနားတွေမှာလည်း တခြားဝန်ကြီးဌာနတွေကရော တခြားလူတွေတပ်နေတာရှိတာပဲ။ ကျွန်တော်တို့က ဒီလိုတပ်တာ ဘာမှထူးခြားပြီး ညွှန်ကြားချက်တွေဘာတွေ ဘာမှပြောစရာအကြောင်းမရှိပါဘူး"ဟုဆိုသည်။
ယနေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အားလုံးက Maskတပ်၍ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
တပ်မတော်အနေဖြင့် လာမည့် မတ်လ ၂၇ရက်နေ့တွင် ကျင်းပမည့် စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနားနှင့်ပတ်သတ်၍ ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သော COVID-19ကို ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် ယခုကာလအတွင်း လူစုလူဝေးများပြားရာနေရာများနှင့် ပွဲလမ်းသဘင်များရှိရာနေရာများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး ကျန်းမာရေး အသိပညာပေးနှိုးဆော်ချက်များကိုလည်း တိကျစွာစနစ်တကျ လိုက်နာဆောင်ရွက်ကြရန် အသိပေးထားသည်။
ဖူးအောင်

No comments:

Post a Comment

My Blog List