Tuesday, March 03, 2020

သင်္ကြန်တွင်ဖျော်ဖြေမည့် သံချပ်အဖွဲ့များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများတွေ့ဆုံ


Image may contain: 8 people, people sitting, text that says 'one NEWS'
သင်္ကြန်ကာလမှာ သံချပ်လှည့်လည်ဖျော်ဖြေမယ့် သံချပ်အဖွဲ့တွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက ခေါ်ယူတွေ့ဆုံပြီး ပြုလုပ်မယ့်အစီအစဉ်တွေကို ညှိနှိုင်းတာမျိုးရှိလာတယ်လို့ ပြည်သူ့မော်ကွန်း သံချပ် အသင်းကို ဦးဆောင်သူ ဦးစိန်ဝင်းက ပြောပါတယ်။ 
မတ်(၂)ရက်က ကျောက်တံတားမြို့နယ်၊ (၃၅)လမ်းထဲ က ဓမ္မရံသီဓမ္မာရုံမှာ သင်္ကြန်ချစ်သူတွေပြုလုပ်တဲ့ သင်္ကြန်သံချပ်သူရဲကောင်းများ ဂါရဝပြုတွေ့ဆုံပွဲမှာ ဦးစိန်ဝင်း ကပြောကြားခဲ့တာပါ။ “ ဒီ(၃)လပိုင်းလောက်ဆိုရင်တော့ သက်ဆိုင်ရာဝန်ကြီးအဖွဲ့တွေနဲ့ လွှတ်တော်အဆောက်အဦမှာ ကျွန်တော်တို့တွေ့မယ်။ တွေ့ပြီးတော့ ကျွန်တော်တို့ ဘာလုပ်မယ်ဆိုတာ ပြောခွင့်ရှိတယ်။ 

အဲဒါတွေကတော့ အရင်နဲ့ ကွာသွားတယ်။ အရင်တုန်းကတော့ ကျွန်တော်တို့ကို စာရင်း မရှိဘူး” လို့ဆိုပါတယ်။ တချို့နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုတွေ ဖြစ်ပွားနေတဲ့အတွက် လူစုလူဝေးနေရာတွေရှောင်ကြဉ်ဖို့ ပွဲတော်တွေကိုမလုပ်ဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပေမယ့် သင်္ကြန်ပွဲတော်ကို ထိခိုက်နိုင်ခြေမရှိဘူးလို့လည်း ဦးစိန်ဝင်းက သုံးသပ်ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ သင်္ကြန်ပွဲတော်ကို မှီခိုပြီး ရှာဖွေစားသောက်နေရတဲ့ အခြေခံလူတန်းစားတွေရှိတဲ့အပြင် ပွဲတော်ကျင်းပတဲ့သူတွေနဲ့ ပါဝင်ဆင်နွှဲ သူတွေက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲတော်ကိုရှောင်ကြမှာမဟုတ်ဘူးလို့လည်း ဂါရဝပြုပွဲကို တက်ရောက် လာတဲ့ မမေအောင်လင်း ကပြောပါတယ်။ “မြန်မာလူမျိုးတိုင်း မြန်မာသင်္ကြန်ကို ပါဝင် ကျင်းပကြတာပါပဲ။ ကျန်းမာရေးကြောင့် ရှောင်တယ်ဆိုတာမျိုး မြန်မာလူမျိုးတွေအနေနဲ့ကတော့ ရှားပါတယ်” လို့ မှတ်ချက်ပြုပြောပါတယ်။

သင်္ကြန်သံချပ်သူရဲကောင်းများ ဂါရဝပြုတွေ့ဆုံပွဲကိုတော့ တစ်ပါတီခေတ်ကတည်းက သံချပ်ထိုးလာကြတဲ့ သံချပ်ချစ်သူတွေ၊ လက်ဆင့်ကမ်းသင်ကြားပေးလာြကတဲ့သူတွေ၊ သံချပ်တိုင်ဆရာတွေ၊ သံချပ်ရေးသားသူ တွေအပြင် မျိုးဆက်သစ်သံချပ်အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။ 
Image may contain: 1 person
Image may contain: 1 person
Image may contain: 3 people
သတင်း- ဖြိုးဝေလင်း

No comments:

Post a Comment

My Blog List