Friday, February 28, 2020

၂၀၁၉-၂၀၂၀ ဘဏ္ဍနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး၏ ခန့်မှန်းအသုံးစရိတ် ကျပ်သန်းပေါင်း ၇ သိန်း ၇ သောင်း ကျော်ရှိ

Image may contain: 6 people, people standing and indoor
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး၏ ခန့်မှန်း အသုံးစရိတ်မှာ ကျပ်သန်းပေါင်း ၇၇၂,၀၄၇ ရှိကြောင်း ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်) ချက်ထရီယမ်ဟိုတယ်၌ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး၏ ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များစာစောင် မိတ်ဆက်ရှင်းလင်းပွဲတွင် သိရသည်။

ယင်းအသုံးစရိတ် စုစုပေါင်းတွင် သာမန်အသုံးစရိတ် ၂၆ ရာခိုင်နှုန်း (ကျပ်သန်းပေါင်း ၂၀၃,၁၂၂) နှင့် ငွေလုံးငွေရင်းအသုံးစရိတ် ၇၄ ရာခိုင်နှုန်း (ကျပ်သန်းပေါင်း ၅၆၈,၉၂၅) ပါဝင်ပြီး ရန်ကုန်တိုင်းဒေသကြီး၏ ငွေလုံးငွေရင်းအသုံးစရိတ်မှာ (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ်မှ စ၍တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လျက်ရှိသည်။
ငွေလုံးငွေရင်း အသုံးစရိတ်အများဆုံးသုံးစွဲသည့် ဌာန ၅ ခုမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၅၆ ရာခိုင်နှုန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၁၅ ရာခိုင်နှုန်း၊ တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၁၅ ရာခိုင်နှုန်း၊ တိုင်းဒေသကြီး လမ်းဦးစီးဌာန ၅ ရာခိုင်နှုန်းနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များမှ ၄ ရာခိုင်နှုန်းတို့ဖြစ်သည်။
"ရန်ကုန်တိုင်းဒေသကြီးအစိုးရက နိုင်ငံသားဘတ်ဂျက်စာစောင်ကို နှစ်စဉ်တစိုက်မတ်မတ်ထုတ်ဝေတာက ပွင့်လင်းမြင်သာတဲ့ ပြည်သူ့ ဘဏ္ဍာ စီမံခန့်ခွဲမှုကို ဖော်ဆောင်နေတဲ့ အလေ့အကျင့်ကောင်း တစ်ခုဖြစ်တယ်။ အစိုးရအနေနဲ့လည်း သူတို့ရဲ့ ဦးစားပေး ဘတ်ဂျက်သုံးစွဲမှုကို ပြည်သူလူထု နားလည်လာဖို့၊ ရှင်းပြဖို့ အခွင့်အရေးရပြီး ပြည်သူအနေနဲ့လည်း အစိုးရကိုမေးခွန်းမေးမြန်းဖို့ အခွင့်အရေးရလာပါတယ်'' ဟု နည်းပညာပိုင်းကူညီပံ့ပိုးပေးသည့် အာရှဖောင်ဒေးရှင်းမြန်မာ၏ အုပ်ချုပ်မှုဆိုင်ရာ အစီအစဉ် ညွှန်ကြားရေး မန်နေဂျာ Mr. Peter Yates ကပြောသည်။
ယခုဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုဘတ်ဂျက်မှ ရန်ကုန်တိုင်းဒေသကြီး၏ ကျန်းမာရေးကဏ္ဍအတွက် အသုံးစရိတ်မှာ ကျပ်သန်းပေါင်း ၁၃၄,၅၈၇ နှင့် ပညာရေးကဏ္ဍအတွက် အသုံးစရိတ်မှာ ၃၇၀,၃၂၅ ရှိကြောင်းသိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး၏ GDP မှာ ကျပ်သန်းပေါင်း ၃၁,၀၄၂,၃၆၁ ရှိမည်ဟု ခန့်မှန်းထားပြီး ယင်းပမာဏသည် ပုံမှန်စျေးနှုန်းအရ ယခင်နှစ်ထက် ၈.၉ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်းသိရသည်။
Image may contain: one or more people and flower
Image may contain: 1 person, suit
No photo description available.
No photo description available.
Image may contain: indoor
သတင်း၊ ဓာတ်ပုံ - စွမ်းရည်တိုး/စံတော်ချိန်
(Zawgyi Version)
#LatestNews
၂၀၁၉-၂၀၂၀ ဘဏ္ဍနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး၏ ခန့်မှန်းအသုံးစရိတ် ကျပ်သန်းပေါင်း ၇ သိန်း ၇ သောင်း ကျော်ရှိ
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး၏ ခန့်မှန်း အသုံးစရိတ်မှာ ကျပ်သန်းပေါင်း ၇၇၂,၀၄၇ ရှိကြောင်း ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်) ချက်ထရီယမ်ဟိုတယ်၌ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး၏ ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များစာစောင် မိတ်ဆက်ရှင်းလင်းပွဲတွင် သိရသည်။
ယင်းအသုံးစရိတ် စုစုပေါင်းတွင် သာမန်အသုံးစရိတ် ၂၆ ရာခိုင်နှုန်း (ကျပ်သန်းပေါင်း ၂၀၃,၁၂၂) နှင့် ငွေလုံးငွေရင်းအသုံးစရိတ် ၇၄ ရာခိုင်နှုန်း (ကျပ်သန်းပေါင်း ၅၆၈,၉၂၅) ပါဝင်ပြီး ရန်ကုန်တိုင်းဒေသကြီး၏ ငွေလုံးငွေရင်းအသုံးစရိတ်မှာ (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ်မှ စ၍တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လျက်ရှိသည်။
ငွေလုံးငွေရင်း အသုံးစရိတ်အများဆုံးသုံးစွဲသည့် ဌာန ၅ ခုမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၅၆ ရာခိုင်နှုန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၁၅ ရာခိုင်နှုန်း၊ တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၁၅ ရာခိုင်နှုန်း၊ တိုင်းဒေသကြီး လမ်းဦးစီးဌာန ၅ ရာခိုင်နှုန်းနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များမှ ၄ ရာခိုင်နှုန်းတို့ဖြစ်သည်။
"ရန်ကုန်တိုင်းဒေသကြီးအစိုးရက နိုင်ငံသားဘတ်ဂျက်စာစောင်ကို နှစ်စဉ်တစိုက်မတ်မတ်ထုတ်ဝေတာက ပွင့်လင်းမြင်သာတဲ့ ပြည်သူ့ ဘဏ္ဍာ စီမံခန့်ခွဲမှုကို ဖော်ဆောင်နေတဲ့ အလေ့အကျင့်ကောင်း တစ်ခုဖြစ်တယ်။ အစိုးရအနေနဲ့လည်း သူတို့ရဲ့ ဦးစားပေး ဘတ်ဂျက်သုံးစွဲမှုကို ပြည်သူလူထု နားလည်လာဖို့၊ ရှင်းပြဖို့ အခွင့်အရေးရပြီး ပြည်သူအနေနဲ့လည်း အစိုးရကိုမေးခွန်းမေးမြန်းဖို့ အခွင့်အရေးရလာပါတယ်'' ဟု နည်းပညာပိုင်းကူညီပံ့ပိုးပေးသည့် အာရှဖောင်ဒေးရှင်းမြန်မာ၏ အုပ်ချုပ်မှုဆိုင်ရာ အစီအစဉ် ညွှန်ကြားရေး မန်နေဂျာ Mr. Peter Yates ကပြောသည်။
ယခုဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုဘတ်ဂျက်မှ ရန်ကုန်တိုင်းဒေသကြီး၏ ကျန်းမာရေးကဏ္ဍအတွက် အသုံးစရိတ်မှာ ကျပ်သန်းပေါင်း ၁၃၄,၅၈၇ နှင့် ပညာရေးကဏ္ဍအတွက် အသုံးစရိတ်မှာ ၃၇၀,၃၂၅ ရှိကြောင်းသိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး၏ GDP မှာ ကျပ်သန်းပေါင်း ၃၁,၀၄၂,၃၆၁ ရှိမည်ဟု ခန့်မှန်းထားပြီး ယင်းပမာဏသည် ပုံမှန်စျေးနှုန်းအရ ယခင်နှစ်ထက် ၈.၉ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်းသိရသည်။
သတင်း၊ ဓာတ်ပုံ - စွမ်းရည်တိုး/စံတော်ချိန်

No comments:

Post a Comment

My Blog List