Friday, March 06, 2020

'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနအဆင့်မြင့်အရာရှိကြီးအဖွဲ့ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်

Image may contain: 4 people, people standing, tree, plant, outdoor and nature

မြန်မာ-တရုတ် နယ်နိမိတ်မှတ်တိုင်များအား နိုင်ငံခြားရေးဝန်ကြီးဌာနအဆင့်မြင့်အရာရှိကြီးအဖွဲ့ ၅ရက်ကြာဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

သတင်းထုတ်ပြန်ချက်ထဲ "ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ နမ့်တစ်မြို့ (“ဝ” အထူး ဒေသ-၂)အတွင်းရှိ နယ်နိမိတ်မှတ်တိုင် ၁၄၅(၁)အနီး နမ့်တိန်ချောင်းအတွင်းသို့ တရုတ်ဘက်မှ ကျောက်တုံးကြီးများချ၍ တိုးချဲ့မြေဖို့ကာ မြေထိန်းနံရံ တည်ဆောက်ခြင်း၊ လမ်းဖောက်လုပ် ခြင်းနှင့် နယ်နိမိတ်မှတ်တိုင် ၁၅၈(၁) အနီး နမ့်ကွန်ချောင်းနှင့် ချောင်းလက်တက်ဖြစ်သည့် နမ့်အစ်ချောင်းအတွင်း မြေထိန်းနံရံ တည်ဆောက်ခြင်းတို့ကြောင့် မြန်မာဘက်ကမ်းပါးများ ရေတိုက်စားခံရပြီး ပြိုကျပျက်စီးခြင်းမှ ကာကွယ်နိုင်ရေးအတွက် မြေထိန်းနံရံတည်ဆောက်မည့် နေရာများနှင့် မြေပြင်အခြေအနေတို့ကို သိရှိနိုင်ရန် ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံ ဦးဆောင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှ မတ်လ ၄ ရက်နေ့အထိ သက်ဆိုင်ရာနယ်မြေသို့ သွားရောက်ကွင်း ဆင်းစစ်ဆေးခဲ့ပါသည်။ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့၊ ဥက္ကဋ္ဌ ဦးခွန်ထွန်းလူနှင့် လည်းကောင်း၊ နမ့်တစ်မြို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလျူကော်ရှင်းနှင့် လည်းကောင်းတွေ့ဆုံ၍ နယ်နိမိတ်ကိစ္စအပါအဝင် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် တရုတ်နယ်ခြားစောင့် တပ်ဖွဲ့မှ နယ်နိမိတ်မှတ်တိုင် ၁၄၄-၃ နှင့် ၁၄၄-၄ အကြား မြန်မာဘက်က စိုက်ထူထားသော နိုင်ငံတော်အလံအား ဖျက်ဆီးခဲ့သည့် နေရာသို့လည်း သွားရောက်ကြည့်ရှုခဲ့ပါသည်။ ထို့နောက် ကွင်းဆင်းအဖွဲ့သည် လောက်ကိုင်မြို့၌ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်နှင့်တွေ့ဆုံ၍ ကိုးကန့် ဒေသတွင် အကောင်အထည်ဖော်ရန်ရှိသည့် နယ်စပ်စီးပွားရေးဇုန်ကိစ္စနှင့် နယ်နိမိတ်မှတ်တိုင်များ ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။"ဟု ဖော်ပြပါရှိသည်ကိုတွေ့ရှိရသည်။
Image may contain: one or more people, people standing, outdoor and nature
Image may contain: one or more people, people standing, plant, tree, outdoor and nature
No photo description available.
Myanmar Harp

No comments:

Post a Comment

My Blog List