Friday, March 06, 2020

အကူအညီပေးဖို့ ကမ်းသည့် လက်ကို ဒုက္ခပေးသည့် လက်လို့ ထင်ခဲ့တဲ့သူဟာ စောလူးမင်းအပြင် နောက်ထပ်မရှိစေချင်တော့ ဟု တပ်ကိုယ်စားလှယ် ပြော


Image may contain: 2 people, people sitting
အကူအညီပေးဖို့ ကမ်းသည့်လက်ကို ဒုက္ခပေးဖို့ကမ်းတဲ့လက်လို့ ထင်ခဲ့သူဟာ မြန်မာ့သမိုင်းတွင် စောလူးမင်းအပြင် နောက် ထပ်မရှိစေချင်တော့ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီး ဒေါ်အေးသဉ္ဇာကျော် ကပြောသည်။
ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေ ခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ပုဒ်မခွဲများဆွေးနွေးရာတွင်ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
"အကူအညီပေးဖို့ ကမ်းတဲ့ လက်ကို ဒုက္ခပေးဖို့ ကမ်းတဲ့ လက်လို့ ထင်ခဲ့သူဟာ မြန်မာ သမိုင်းတွင် စောလူးမင်းအပြင် နောက်ထပ်မရှိစေချင်တော့ပါဘူး။ မီးစင်ကတော့ အားလုံးလင်းပါစေတော့ အမြင်ရှင်းပါစေတော့ အမှောင်ခွင်းပါစေတော့ဆိုပြိး ထွန်းလင်းပေးလိုက်တာပါ။ဒါကို မီးစင်ကြည့်က နေရပါတယ်။မလွတ်လပ်ဘူး။မမျှတဘူး။မတရားဘူးထင်နေကြရင်ဖြင့် မီးစင်ကို အထူးအခွင့်အရေးရတယ်လို့ ထင်နေပြောနေကြမှာပဲ"ဟု ဗိုလ်ကြီး ဒေါ်အေးသဉ္ဇာကျော်ကပြောသည်။
ထို့ပြင် မည်မျှ ပင် အသက် သွေး ချွေး ရင်းနှီးပေးဆပ်ကာ စေတနာထား လုပ်ပေးသော်လည်း Negative View ဖြင့်ကြည့်ပါက ဘယ်တော့မှ အကောင်းမြင်နိုင်မည် မဟုတ်ကြောင်းလည်း ထောက်ပြပြောဆိုခဲ့သည်။
ပုဒ်မ ၄၄၁ သည် သမိုင်းအဖြစ်တည်ရှိရမည့် ပုဒ်မ ဖြစ်သလို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ၏ မှတ်တိုင်တခုဖြစ်သည့်အတွက် မဖြစ်မနေ ထားရှိရမည့် ပုဒ်မဖြစ်သည့်အတွက် ပယ်ဖျက်ခြင်းကိုလည်း ကန့်ကွက်ကြောင်း ပြောဆိုခဲ့သည်။
ဗိုလ်ကြီးအေးသဉ္ဇာကျော်၏ ပြောကြားချက်အပေါ် NLD ကိုယ်စားတဦးက "ဥပဒေ နဲ့ ဆွေးနွေးတာကိုတော့ လက်ခံနိုင်ပေမဲ့ ဘယ်လောက်ပဲ စေတနာ ထားထားဆိုပြီး စောလူးမင်းဥပမာနဲ့ ဆွေးနွေးသွားတာတွေကတော့ လက်ရှိဆွးနွေးနေတဲ့ အခြေခံဥပဒေနဲ့ မဆိုင်တဲ့ အတွက် ဒါတွေကို ပြည်ထောင်စုလွှတ်တော် မည်းဥပဒေ ၁၉ နဲပ မညီတဲ့ အတွက် ဒါတွေကို ပယ်ဖျက်ပေးပါလို့ ကန့်ကွက်အပ်ပါတယ်"ဟု ပြောဆိုခဲ့သည်။
ထိုသို့ ကန့်ကွက်ခဲ့မှုအပေါ် နာယက ဦးတီခွန်မြတ် က လုံးကောက်ကို ပြန်လည်ဖော်ထုတ်ပြီးမှသာ မှတ်တမ်းက ပယ်ဖျက်ပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

( Zawgyi )

အကူအညီပေးဖို့ ကမ်းသည့် လက်ကို ဒုက္ခပေးသည့် လက်လို့ ထင်ခဲ့တဲ့သူဟာ စောလူးမင်းအပြင် နောက်ထပ်မရှိစေချင်တော့ ဟု တပ်ကိုယ်စားလှယ် ပြော
ယဉ်ကေနွယ်
အကူအညီပေးဖို့ ကမ်းသည့် လက်ကို ဒုက္ခပေးဖို့ ကမ်းတဲ့ လက်လို့ ထင်ခဲ့သူဟာ မြန်မာ့ သမိုင်းတွင် စောလူးမင်းအပြင် နောက်ထပ်မရှိစေချင်တော့ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီး ဒေါ်အေးသဥ္ဇာကျော် ကပြောသည်။

ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေ ခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ပုဒ်မခွဲများဆွေးနွေးရာတွင်ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းြဖစ်သည်။
"အကူအညီပေးဖို့ ကမ်းတဲ့ လက်ကို ဒုက္ခပေးဖို့ ကမ်းတဲ့ လက်လို့ ထင်ခဲ့သူဟာ မြန်မာ သမိုင်းတွင် စောလူးမင်းအပြင် နောက်ထပ်မရှိစေချင်တော့ပါဘူး။ မီးစင်ကတော့ အားလုံးလင်းပါစေတော့ အမြင်ရှင်းပါစေတော့ အမှောင်ခွင်းပါစေတော့ဆိုပြိး ထွန်းလင်းပေးလိုက်တာပါ။ဒါကို မီးစင်ကြည့်က နေရပါတယ်။မလွတ်လပ်ဘူး။မမျှတဘူး။မတရားဘူးထင်နေကြရင်ဖြင့် မီးစင်ကို အထူးအခွင့်အရေးရတယ်လို့ ထင်နေပြောနေကြမှာပဲ"ဟု ဗိုလ်ကြီး ဒေါ်အေးသဥ္ဇာကျော်ကပြောသည်။
ထို့ပြင် မည်မျှ ပင် အသက် သွေး ချွေး ရင်းနှီးပေးဆပ်ကာ စေတနာထား လုပ်ပေးသော်လည်း Negative View ဖြင့်ကြည့်ပါက ဘယ်တော့မှ အကောင်းမြင်နိုင်မည် မဟုတ်ကြောင်းလည်း ထောက်ပြပြောဆိုခဲ့သည်။
ပုဒ်မ ၄၄၁ သည် သမိုင်းအဖြစ်တည်ရှိရမည့် ပုဒ်မ ဖြစ်သလို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ၏ မှတ်တိုင်တခုဖြစ်သည့်အတွက် မဖြစ်မနေ ထားရှိရမည့် ပုဒ်မဖြစ်သည့်အတွက် ပယ်ဖျက်ခြင်းကိုလည်း ကန့်ကွက်ကြောင်း ပြောဆိုခဲ့သည်။
ဗိုလ်ကြီးအေးသဥ္ဇာကျော်၏ ပြောကြားချက်အပေါ် NLD ကိုယ်စားတဦးက "ဥပဒေ နဲ့ ဆွေးနွေးတာကိုတော့ လက်ခံနိုင်ပေမဲ့ ဘယ်လောက်ပဲ စေတနာ ထားထားဆိုပြီး စောလူးမင်းဥပမာနဲ့ ဆွေးနွေးသွားတာတွေကတော့ လက်ရှိဆွးနွေးနေတဲ့ အခြေခံဥပဒေနဲ့ မဆိုင်တဲ့ အတွက် ဒါတွေကို ပြည်ထောင်စုလွှတ်တော် မည်းဥပဒေ ၁၉ နဲပ မညီတဲ့ အတွက် ဒါတွေကို ပယ်ဖျက်ပေးပါလို့ ကန့်ကွက်အပ်ပါတယ်"ဟု ပြောဆိုခဲ့သည်။
ထိုသို့ ကန့်ကွက်ခဲ့မှုအပေါ် နာယက ဦးတီခွန်မြတ် က လုံးကောက်ကို ပြန်လည်ဖော်ထုတ်ပြီးမှသာ မှတ်တမ်းက ပယ်ဖျက်ပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

No comments:

Post a Comment

My Blog List