Tuesday, March 03, 2020

ဝန်ကြီး ဦးဇော်အေးမောင်ကို ANP က ၁၅ ရက်အတွင်း အရေးယူမည်

Image may contain: 1 person
ရခိုင်အမျိုးသားပါတီ ANP ခွင့်ပြုချက်မယူဘဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကို ပါတီအနေနဲ့ ၁၅ ရက်အတွင်း အရေးယူဖို့ စီစဉ်နေပါတယ်။

ပါတီ စုံစမ်းစစ်ရေးကော်မရှင်က စုံစမ်းတာတွေ လုပ်ပြီးပြီလို့ ရခိုင်အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောပါတယ်။
အရေးယူမှုအပိုင်းက ဘယ်လိုပုံစံဖြစ်နိုင်မယ်ဆိုတာကိုတော့ ANP ခေါင်းဆောင်တွေက တိတိကျကျ ပြောဆိုတာမရှိပါဘူး။
ဝန်ကြီး ဦးဇော်အေးမောင် ဦးဆောင်တဲ့ စစ်တွေ ရပ်မိရပ်ဖတွေဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က နေပြည်တော်မှာ ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်အရာရှိတချို့ကို ပါတီခွင့်ပြုချက်မယူဘဲ သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ ဒေသတည်ငြိမ်ရေးတွေကို ဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
ဝန်ကြီး ဦးဇော်အေးမောင်ကတော့ ပါတီကို စာနဲ့ရော နှုတ်နဲ့ပါ ဖြေရှင်းချက်ပေးပြီး သွားပြီဖြစ်ကြောင်းသာပြောဆိုပြီး တစ်စုံတစ်ရာ ပြောဆိုဖို့ မရှိကြောင်း RFA ကို ဒီနေ့ပြောပါတယ်။
RFA

Unicode


ဝန်ကြီး ဦးဇော်အေးမောင်ကို ANP က ၁၅ ရက်အတွင်း အရေးယူမည်

ရခိုင်အမျိုးသားပါတီ ANP ခွင့်ပြုချက်မယူဘဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကို ပါတီအနေနဲ့ ၁၅ ရက်အတွင်း အရေးယူဖို့ စီစဉ်နေပါတယ်။

ပါတီ စုံစမ်းစစ်ရေးကော်မရှင်က စုံစမ်းတာတွေ လုပ်ပြီးပြီလို့ ရခိုင်အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောပါတယ်။
အရေးယူမှုအပိုင်းက ဘယ်လိုပုံစံဖြစ်နိုင်မယ်ဆိုတာကိုတော့ ANP ခေါင်းဆောင်တွေက တိတိကျကျ ပြောဆိုတာမရှိပါဘူး။
ဝန်ကြီး ဦးဇော်အေးမောင် ဦးဆောင်တဲ့ စစ်တွေ ရပ်မိရပ်ဖတွေဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က နေပြည်တော်မှာ ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်အရာရှိတချို့ကို ပါတီခွင့်ပြုချက်မယူဘဲသွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ ဒေသတည်ငြိမ်ရေးတွေကို ဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
ဝန်ကြီး ဦးဇော်အေးမောင်ကတော့ ပါတီကို စာနဲ့ရော နှုတ်နဲ့ပါ ဖြေရှင်းချက်ပေးပြီး သွားပြီဖြစ်ကြောင်းသာပြောဆိုပြီး တစ်စုံတစ်ရာ ပြောဆိုဖို့ မရှိကြောင်း RFA ကို ဒီနေ့ပြောပါတယ်။
- Zawgyi
~~~~~~~~~~~~~~~

(ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် ကို တွေ့ရစဉ်)

No comments:

Post a Comment

My Blog List