Thursday, March 05, 2020

ဖေ့စ်ဘွတ်ခ်ဝန်ထမ်း တစ်ဦး ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

Image may contain: one or more people, screen and indoor, text that says 'facebook'
ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦးအား ပထမဆုံး ရောဂါ ကူးစက်ခံခဲ့ရကြောင်း ဖေ့စ်ဘွတ်ခ်က ယနေ့ မတ်လ ၅ ရက်တွင် အတည်ပြု ပြောကြားလိုက်သည်။

ကန်ထရိုက်တာ တစ်ဦးဖြစ်သူ ဖေ့စ်ဘွတ်ခ် ဝန်ထမ်းသည် ဖေဖော်ဝါရီ ၂၁ ရက်က ဝါရှင်တန် Seattle ရှိ Facebook ရုံးခန်းတွင် နောက်ဆုံး ရှိနေခဲ့သည်။
Seattle ရှိ ရုံးခန်းကိုလည်း မတ်လ ၉ ရက်အထိ ပိတ်ထားမည် ဖြစ်ကြောင်း ဝန်ထမ်းများကို ကုမ္ပဏီက ဗုဒ္ဓဟူးနေ့ညတွင် အသိပေးခဲ့ပြီး ဝန်ထမ်းများ အနေနှင့်လည်း လကုန်အထိ အိမ်မှသာ အလုပ်လုပ်ကြရန် တိုက်တွန်းထားသည်။
“ကျွန်တော်တို့ရဲ့အရှေ့ဘက်ရုံးခန်းမှာ အခြေစိုက်တဲ့ ကန်ထရိုက်တာ တစ်ယောက်ကို COVID-19 ရောဂါရှာဖွေ တွေ့ရှိထားပါတယ်” ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။
လူတိုင်း ကျန်းမာရေးနဲ့ ဘေးကင်းရေးအတွက် ဦးစားပေးပြီး ပြန်သူ့ကျန်းမာရေး ဌာနများရဲ့ အကြံပြုချက်တွေကို လိုက်နာရန်လည်း ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေကို အသိပေးထားပါတယ်” ဟု ၄င်းက ဆိုသည်။
တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုသည် ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် ကမ္ဘာ့တစ်ဝှမ်း ဖြစ်ပွားလာခဲ့သည်။
ရောဂါတိုက်ဖျက်ရေးအတွက် ရံပုံငွေ ရ.၈ ဘီလီယံ သုံးစွဲရန် အောက်လွှတ်တော်က မီးစိမ်းပြခဲ့ပြီးနောက် လူဦးရေ အများဆုံး ဖြစ်သော ကယ်လီဖိုးနီးယား ပြည်နယ်တွင် အရေးပေါ် အခြေအနေကို ကြေညာခဲ့သည်။
အမေဇုံကုမ္ပဏီကလည်း ယခုအပတ်အတွင်း Seattle ရှိ South Lake Union ရုံး အဆောက်အအုံတွင် လုပ်သားများအကြား ပထမဆုံး ရောဂါ ကူးစက်ခံထားရသော အမှုများကို ဝန်ထမ်းများအား အသိပေးခဲ့သလို အီတလီနိုင်ငံတွင်လည်း အမေဇုံကုမ္ပဏီ ဝန်ထမ်း နှစ်ဦး ကူးစက်ခံရကြောင်းလည်း ယခင်က အတည်ပြုခဲ့သည်။
AS
Ref; bloomberg
Isee Media

1 comment:

  1. Do this hack to drop 2lb of fat in 8 hours

    At least 160000 men and women are trying a easy and SECRET "water hack" to burn 1-2 lbs each night while they sleep.

    It is scientific and works with everybody.

    Here's how you can do it yourself:

    1) Go get a glass and fill it half the way

    2) And now do this proven HACK

    and you'll be 1-2 lbs thinner when you wake up!

    ReplyDelete

My Blog List