Tuesday, March 03, 2020

အရှေ့တောင်အာရှတွင် မြန်မာ၊ လာအို၊ ဘရူနိုင်းနှင့် အရှေ့တီမောနိုင်ငံများသာ ကူးစက်ခံရမှုစာရင်းတွင် မပါဝင်သေး

Image may contain: 2 people, baby and closeup

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာ အနောက်ပိုင်းမှာနေထိုင်တဲ့ သားအမိနှစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတာတွေ့ရှိရတယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက သတင်းထုတ်ပြန်လိုက်ပါတယ်။ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက အဆိုပါ လူနာနှစ်ဦးဟာ အင်ဒိုနီးရှားကို လာရောက်လည်ပတ်ခဲ့တဲ့ ဂျပန်နိုင်ငံသားတစ်ဦးဆီက ကူးစက်ခံခဲ့ရတာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

အသက် ၆၄ နှစ်ရှိ ဂျပန်အမျိုးသားဟာ အင်ဒိုနီးရှားကိုလာရောက်လည်ပတ်ခဲ့ပြီး မလေးရှားကို အရောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူအဖြစ် စမ်းသပ်တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ၎င်းနဲ့နီးစပ်ခဲ့သူတွေကို နောက်ကြောင်းပြန်လိုက်ချိန်မှာ အင်ဒိုနီးရှားက သားအမိနှစ်ဦးမှာ ရောဂါကူးစက်ခံထားရတာတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
"အင်ဒိုနီးရှား ရောဂါရှာဖွေဖော်ထုတ်ရေးအဖွဲ့ဟာ ဂျပန်အမျိုးသားသွားရောက်လည်ပတ်ခဲ့တဲ့နေရာတွေကို ပြန်လည်စစ်ဆေးတဲ့အခါ ၎င်းသွား‌ရောက်လည်ပတ်ခဲ့တဲ့အိမ်က သားအမိနှစ်ဦးမှာ ရောဂါကူးစက်ခံထားရတာတွေ့ခဲ့ရတာဖြစ်တယ်" လို့ အင်ဒိုနီးရှား သမ္မတက သတင်းထောက်တွေပြောကြားခဲ့ပါတယ်။ အဲ့ဒီအတွက် အရှေ့တောင်အာရှဒေသမှာ မြန်မာ၊ လာအို၊ ဘရူနိုင်းနှင့် အရှေ့တီမောနိုင်ငံများသာ ကူးစက်ခံရမှုစာရင်းမှာ မပါဝင်သေးတဲ့ နိုင်ငံတွေအဖြစ် ကျန်ရှိပါတော့တယ်။
မြန်မာနဲ့ လာအိုနိုင်ငံတို့ဆိုရင် တရုတ်နဲ့ နပ်နိမိတ်ချင်းထိစပ်နေတဲ့နိုင်ငံတွေဖြစ်တဲ့အပြင် အဲ့ဒီနှစ်နိုင်ငံအပါ အဝင် ဘရူနိုင်းနဲ့ အရှေ့တီမောတို့ဆိုရင်လည်း စီးပွားရေး၊ ခရီးသွားလာမှုနဲ့ အခြားကဏ္ဍတွေ အားလုံးမှာ တရုတ်နဲ့ ဆက်စပ်မှုအရှိဆုံးနိုင်ငံတွေဖြစ်ပေမယ့် ရောဂါကူးစက်ခံရမှုမတွေ့ရသေးတာဟာ ထူးခြားနေတဲ့အကြောင်း ကျွမ်းကျင်သူတွေက ဝေဖန်ကြတယ်လို့ Time သတင်းစာက ဝေဖန်ရေးသားထားပါတယ်။
ယနေ့မှာတော့ မြန်မာနိုင်ငံက ရန်ကုန်မှာရှိတဲ့ သီလဝါဆိပ်ကမ်းကို ဆိုက်ကပ်မဲ့ ကမ္ဘာလှည့်ခရီးသည်နဲ့ အမှုထမ်း ၈၀၀ ကျော်ပါတဲ့ ကမ္ဘာလှည့်သင်္ဘာကို ရောဂါကူးစက်မှုစိုးရိမ်တဲ့အတွက် ဆိုက်ကပ်ခွင့် မပြုခဲ့ဘူးလို့ ကျမ်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မနေ့ကလည်း မြန်မာနိုင်ငံမှာ လာမယ့် မတ်လ၂၇ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနာကို ခေတ္တဆိုင်းငံထားမှာ ဖြစ်ကြောင်းနှင့် WHOနဲ့ နိုင်ငံတကာက COVID-19 ကူးစက်မြန်ရောဂါ ထိန်းချုပ်နိုင်မှုနနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်မှသာ စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကျင်းပနိုင်ရေး ဆက်လက်စီမံဆောင်ရွက်သွားဖို လျာထားတယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
Image may contain: 1 person, standing
Image may contain: one or more people and outdoor
Ref ; Myanmar Harp
<zawgyi>
အရှေ့တောင်အာရှတွင် မြန်မာ၊ လာအို၊ ဘရူနိုင်းနှင့် အရှေ့တီမောနိုင်ငံများသာ ကူးစက်ခံရမှုစာရင်းတွင် မပါဝင်သေး
Tuesday , March 3 , 2020

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာ အနောက်ပိုင်းမှာနေထိုင်တဲ့ သားအမိနှစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတာတွေ့ရှိရတယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက သတင်းထုတ်ပြန်လိုက်ပါတယ်။ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက အဆိုပါ လူနာနှစ်ဦးဟာ အင်ဒိုနီးရှားကို လာရောက်လည်ပတ်ခဲ့တဲ့ ဂျပန်နိုင်ငံသားတစ်ဦးဆီက ကူးစက်ခံခဲ့ရတာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
အသက် ၆၄ နှစ်ရှိ ဂျပန်အမျိုးသားဟာ အင်ဒိုနီးရှားကိုလာရောက်လည်ပတ်ခဲ့ပြီး မလေးရှားကို အရောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူအဖြစ် စမ်းသပ်တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ၎င်းနဲ့နီးစပ်ခဲ့သူတွေကို နောက်ကြောင်းပြန်လိုက်ချိန်မှာ အင်ဒိုနီးရှားက သားအမိနှစ်ဦးမှာ ရောဂါကူးစက်ခံထားရတာတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
"အင်ဒိုနီးရှား ရောဂါရှာဖွေဖော်ထုတ်ရေးအဖွဲ့ဟာ ဂျပန်အမျိုးသားသွားရောက်လည်ပတ်ခဲ့တဲ့နေရာတွေကို ပြန်လည်စစ်ဆေးတဲ့အခါ ၎င်းသွား‌ရောက်လည်ပတ်ခဲ့တဲ့အိမ်က သားအမိနှစ်ဦးမှာ ရောဂါကူးစက်ခံထားရတာတွေ့ခဲ့ရတာဖြစ်တယ်" လို့ အင်ဒိုနီးရှား သမ္မတက သတင်းထောက်တွေပြောကြားခဲ့ပါတယ်။ အဲ့ဒီအတွက် အရှေ့တောင်အာရှဒေသမှာ မြန်မာ၊ လာအို၊ ဘရူနိုင်းနှင့် အရှေ့တီမောနိုင်ငံများသာ ကူးစက်ခံရမှုစာရင်းမှာ မပါဝင်သေးတဲ့ နိုင်ငံတွေအဖြစ် ကျန်ရှိပါတော့တယ်။
မြန်မာနဲ့ လာအိုနိုင်ငံတို့ဆိုရင် တရုတ်နဲ့ နပ်နိမိတ်ချင်းထိစပ်နေတဲ့နိုင်ငံတွေဖြစ်တဲ့အပြင် အဲ့ဒီနှစ်နိုင်ငံအပါ အဝင် ဘရူနိုင်းနဲ့ အရှေ့တီမောတို့ဆိုရင်လည်း စီးပွားရေး၊ ခရီးသွားလာမှုနဲ့ အခြားကဏ္ဍတွေ အားလုံးမှာ တရုတ်နဲ့ ဆက်စပ်မှုအရှိဆုံးနိုင်ငံတွေဖြစ်ပေမယ့် ရောဂါကူးစက်ခံရမှုမတွေ့ရသေးတာဟာ ထူးခြားနေတဲ့အကြောင်း ကျွမ်းကျင်သူတွေက ဝေဖန်ကြတယ်လို့ Time သတင်းစာက ဝေဖန်ရေးသားထားပါတယ်။
ယနေ့မှာတော့ မြန်မာနိုင်ငံက ရန်ကုန်မှာရှိတဲ့ သီလဝါဆိပ်ကမ်းကို ဆိုက်ကပ်မဲ့ ကမ္ဘာလှည့်ခရီးသည်နဲ့ အမှုထမ်း ၈၀၀ ကျော်ပါတဲ့ ကမ္ဘာလှည့်သင်္ဘာကို ရောဂါကူးစက်မှုစိုးရိမ်တဲ့အတွက် ဆိုက်ကပ်ခွင့် မပြုခဲ့ဘူးလို့ ကျမ်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မနေ့ကလည်း မြန်မာနိုင်ငံမှာ လာမယ့် မတ်လ၂၇ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနာကို ခေတ္တဆိုင်းငံထားမှာ ဖြစ်ကြောင်းနှင့် WHOနဲ့ နိုင်ငံတကာက COVID-19 ကူးစက်မြန်ရောဂါ ထိန်းချုပ်နိုင်မှုနနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်မှသာ စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကျင်းပနိုင်ရေး ဆက်လက်စီမံဆောင်ရွက်သွားဖို လျာထားတယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။



Ref ; Myanmar Harp

No comments:

Post a Comment

My Blog List