Wednesday, March 04, 2020

ဩစတြေးလျနိုင်ငံ၌အမျိုးသားသုံးကွန်ဒုံးကိုဗိုင်းရပ်စ်ကာကွယ်ရန် အလုအယက်ဝယ်ယူလျှက်ရှိ

No photo description available.
ဩစတြေးလျနိုင်ငံ၌အမျိုးသားကွန်ဒုံးကိုကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရာတွင်အထောက်အကူဖြစ် သည်ဟုဆိုကာအလုအယက်ဝယ်ယူနေကြရာ စူပါမားကတ်များတွင် ပစ္စည်းပြတ်လပ်သည် အထိဖြစ်နေကြောင်းဒေးလီးမေးလ်သတင်းတစ်ရပ်ကဖော်ပြသည်။

ဆစ်ဒနီမြို့တွင်နေထိုင်သည့်အမျိုးသမီးတစ်ဦးကDurexအမှတ်တံဆိပ် ကွန်ဒုံးရောင်းချသည့် ကောင်တာတွင်ပစ္စည်းပြတ် လပ်နေသည့်ဓာတ်ပုံတစ်ပုံကိုလူမှုကွန်ရက်တွင်မျှဝေခဲ့သည်။
“ဘာတွေဖြစ်ပျက်နေလဲဆိုတာကျွန်မကိုတစ်ယောက်ယောက်ရှင်းပြနိုင်မလား”ဟု၎င်းကရေးသားထားသည်။
ဆိုရှယ်မီဒီယာများ၌ဗိုင်းရပ်စ်ကူးစက်မှုအတွက်ကွန်ဒုံးများကို၎င်းတို့လက်ချောင်းများ၏အကာအကွယ်အနေနှင့်အသုံးပြုရန်တိုက်တွန်းသူများရှိလာပြီးနောက်ယခုကဲ့သို့စိုးရိမ်တစ်ကြီးဝယ်ယူကြခြင်းဖြစ်ကြောင်း အခြားအိမ်ထောင်သည်အမျိုးသမီးများက ၎င်းကိုပြောကြသည်။
“ မိုက်မဲလှတဲ့အချို့ဖော်ပြချက်တွေကကွန်ဒုံးတွေကိုလက်မှာစွပ်ဖို့လူတွေကိုပြောနေကြတယ်” ဆိုရှယ်မီဒီယာသုံးသူတစ်ဦးကပြောသည်။
“ဒါကဟာသမဟုတ်တော့ဘူး” အခြားဆိုရှယ်မီဒီယာ အသုံးပြုသူ တစ်ဦးကပြောသည်။
ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် အစားအစာပြတ်လပ်မည်ကိုစိုးရိမ်နေ သောဩစတြေးလျ နိုင်ငံသားအများအပြားကစားနပ်ရိက္ခာဆိုင်များ တွင်အစားအသောက်များကိုအလုအယက်ဝယ်ယူနေကြသည်။
ဩစတြေးလျနိုင်ငံရှိကိုးလ် နှင့်ဝူးလ်ဝါ့သ်ကဲ့သို့ ကုန်တိုက်ကြီးများတွင်လူအများက အစားသောက်များသို လှောင်စုဆောင်းရန် အတွက်အလုအယက်ဝယ်ယူနေကြပြီး မီဒီယာများတွင်ထွက်ပေါ်လာသည့်ဓာတ်ပုံများတွင်ပစ္စည်းများကို လှည်းများနှင့်တန်းစီဝယ်ယူနေပုံနှင့်ကောင်တာအလွတ်များ၏ပုံများကိုတွေ့ရသည်။
လူအများအနေနှင့်သီတင်းပတ်နှစ်ပတ်စာအစားအသောက်များရှိထားသင့်ကြောင်းကွင်းစလန်တက္ကသိုလ်မှကူးစက်ရောဂါဆိုင်ရာပါမောက္ခအီယန်မက်ကေးကပြောထားသော်လည်းတည်တည်ငြိမ်ငြိမ်ဝယ်ယူရန်လည်းအရေးကြီးသည်ဟုဆိုသည်။
လက်ရှိတွင်အခြေခံလူသုံးကုန်များပစ္စည်းများပြတ်လပ်မည်ကိုစိုးရိမ်ကြောက်လန့်မှုများကြောင့်လူအများအပြေးအလွှားဝယ်ယူနေကြပြီးကုန်တိုက်များတွင်တရက်လျှင်အိမ်သာသုံးစက္ကူလိပ်လေးသေတ္တာသာချထားရန်တိုက်တွန်းထားသည်။
No photo description available.
သတင်း - နေသွေးဈာန်
Ref;Daily Mail

(Zawgyi Version)
ဩစတြေးလျနိုင်ငံ၌အမျိုးသားသုံးကွန်ဒုံးကိုဗိုင်းရပ်စ်ကာကွယ်ရန် အလုအယက်ဝယ်ယူလျှက်ရှိ
ဩစတြေးလျနိုင်ငံ၌အမျိုးသားကွန်ဒုံးကိုကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရာတွင်အထောက်အကူဖြစ် သည်ဟုဆိုကာအလုအယက်ဝယ်ယူနေကြရာ စူပါမားကတ်များတွင်
ပစ္စည်းပြတ်လပ်သည် အထိဖြစ်နေကြောင်းဒေးလီးမေးလ်သတင်းတစ်ရပ်ကဖော်ပြသည်။

ဆစ်ဒနီမြို့တွင်နေထိုင်သည့်အမျိုးသမီးတစ်ဦးကDurexအမှတ်တံဆိပ်
ကွန်ဒုံးရောင်းချ သည့် ကောင်တာတွင်ပစ္စည်းပြတ်လပ်နေသည့်ဓာတ်ပုံတစ်ပုံကို
လူမှုကွန်ရက်တွင်မျှဝေခဲ့သည်။

“ဘာတွေဖြစ်ပျက်နေလဲဆိုတာကျွန်မကိုတစ်ယောက်ယောက်ရှင်းပြနိုင်မလား”ဟု၎င်းကရေးသားထားသည်။
ဆိုရှယ်မီဒီယာများ၌ဗိုင်းရပ်စ်ကူးစက်မှုအတွက်ကွန်ဒုံးများကို၎င်းတို့လက်ချောင်းများ၏အကာအကွယ်အနေနှင့်အသုံးပြုရန်တိုက်တွန်းသူများရှိလာပြီးနောက်ယခုကဲ့သို့စိုးရိမ်တစ်ကြီးဝယ်ယူကြခြင်းဖြစ်ကြောင်း အခြားအိမ်ထောင်သည်အမျိုးသမီးများက ၎င်းကိုပြောကြသည်။
“ မိုက်မဲလှတဲ့အချို့ဖော်ပြချက်တွေကကွန်ဒုံးတွေကိုလက်မှာစွပ်ဖို့လူတွေကိုပြောနေကြတယ်” ဆိုရှယ်မီဒီယာသုံးသူတစ်ဦးကပြောသည်။
“ဒါကဟာသမဟုတ်တော့ဘူး” အခြားဆိုရှယ်မီဒီယာ အသုံးပြုသူ တစ်ဦးကပြောသည်။
ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် အစားအစာပြတ်လပ်မည်ကိုစိုးရိမ်နေ သောဩစတြေးလျ နိုင်ငံသားအများအပြားကစားနပ်ရိက္ခာဆိုင်များ တွင်အစားအသောက်များကိုအလုအယက်ဝယ်ယူနေကြသည်။
ဩစတြေးလျနိုင်ငံရှိကိုးလ် နှင့်ဝူးလ်ဝါ့သ်ကဲ့သို့ ကုန်တိုက်ကြီးများတွင်လူအများက အစားသောက်များသို လှောင်စုဆောင်းရန် အတွက်အလုအယက်ဝယ်ယူနေကြပြီး မီဒီယာများတွင်ထွက်ပေါ်လာသည့်ဓာတ်ပုံများတွင်ပစ္စည်းများကို လှည်းများနှင့်တန်းစီဝယ်ယူနေပုံနှင့်ကောင်တာအလွတ်များ၏ပုံများကိုတွေ့ရသည်။
လူအများအနေနှင့်သီတင်းပတ်နှစ်ပတ်စာအစားအသောက်များရှိထားသင့်ကြောင်းကွင်းစလန်တက္ကသိုလ်မှကူးစက်ရောဂါဆိုင်ရာပါမောက္ခအီယန်မက်ကေးကပြောထားသော်လည်းတည်တည်ငြိမ်ငြိမ်ဝယ်ယူရန်လည်းအရေးကြီးသည်ဟုဆိုသည်။
လက်ရှိတွင်အခြေခံလူသုံးကုန်များပစ္စည်းများပြတ်လပ်မည်ကိုစိုးရိမ်ကြောက်လန့်မှုများကြောင့်လူအများအပြေးအလွှားဝယ်ယူနေကြပြီးကုန်တိုက်များတွင်တရက်လျှင်အိမ်သာသုံးစက္ကူလိပ်လေးသေတ္တာသာချထားရန်တိုက်တွန်းထားသည်။
သတင်း - နေသွေးဈာန်
Ref;Daily Mail

No comments:

Post a Comment

My Blog List