
မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး)က လတ်တလောကမ္ဘာတစ်ဝန်းကူးစက် ပျံနှံ့နေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး ကျန်း မာရေး အသိပညာပေးလုပ်ငန်းများကို မတ်လ(၄)ရက် နံနက်ပိုင်းက ရန်ကုန်မြို့လယ် မြို့တော်ခန်းမဝန်းကျင်နှင့် မြို့နယ်၂၂မြို့နယ်ရှိ လူစည်ကားရာနေရာများတွင် တစ်ပြိုင်တည်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျန်းမာရေးအသိပညာပေး လုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်းမှ အသင်းသား ၅၀၀ ခန့်နှင့် စေတနာလုပ်အားပေး ၁၀၀ ကျော်တို့က Young Insurance (ယမ်း အာမခံ )၏ ပံပိုးကူညီပူးပေါင်းဆောင်ရွက်မှုဖြင့် နှာခေါင်းစည်းMask) ၂၃၅၀၀၊ရောဂါကာကွယ်ရေး တစ်ဦးချင်းလိုက်နာဆောင် ရွက်သင့်သည့်အချက်များပါဝင်သော လက်ကမ်းစာ စောင် ၂၃၅၀၀ ဝေငှခြင်း နှင့်နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ရေး သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံသတင်းစာဆရာအသင်းအနေဖြင့် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှုကာကွယ်ရေး ပြည်သူလူထုအတွင်း အသိပညာပေးရေးလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်း မြို့နယ်များအားလုံးတွင် တစ်ပြိုင်တည်းလှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုလုပ်ငန်းစီမံချက်တွင် ပံ့ပိုးကူညီ ပူးပေါင်း ဆောင်ရွက်ခဲ့သည် Young Insuranceသည် မြန်မာနိုင်ငံစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့် ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော အသက်အာမခံနှင့် အထွေထွေအာမခံ ကုမ္ပဏီကြီးဖြစ်ပြီး၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုကာကွယ်ရေး အသိပညာ ရရှိရေးနှင့် ရောဂါကာကွယ်ရေးအတွက် ၂၀၂ဝခုနှစ် ဇန်နဝါရီလဆန်းမှစ၍ နှာခေါင်းစည်း Mask တစ်သိန်း၊ ပညာပေးလက်ကမ်းစာစောင်များနှင့်လက်ဆေးရည်ဗူးများကို အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာများသို့ ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။






Source: MJA
Photo: MJA
(Zawgyi)
မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး) ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး မြို့နယ်များတွင်တစ်ပြိုင်တည်းဆောင်ရွက်
ရန်ကုန်၊ မတ် ၅
မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး)က လတ်တလောကမ္ဘာတစ်ဝန်းကူးစက် ပျံနှံ့နေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး ကျန်း မာရေး အသိပညာပေးလုပ်ငန်းများကို မတ်လ(၄)ရက် နံနက်ပိုင်းက ရန်ကုန်မြို့လယ် မြို့တော်ခန်းမဝန်းကျင်နှင့် မြို့နယ်၂၂မြို့နယ်ရှိ လူစည်ကားရာနေရာများတွင် တစ်ပြိုင်တည်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျန်းမာရေးအသိပညာပေး လုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်းမှ အသင်းသား ၅၀၀ ခန့်နှင့် စေတနာရှင် လုပ်အားပေး ၁၀၀ ကျော်တို့က Young Insurance (ယမ်း အာမခံ )၏ ပံပိုးကူညီပူးပေါင်းဆောင်ရွက်မှုဖြင့် နှာခေါင်းစည်းMask) ၂၃၅၀၀၊ရောဂါကာကွယ်ရေး တစ်ဦးချင်းလိုက်နာဆောင် ရွက်သင့်သည့်အချက်များပါဝင်သော လက်ကမ်းစာ စောင် ၂၃၅၀၀ ဝေငှခြင်း နှင့်နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ရေး သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံသတင်းစာဆရာအသင်းအနေဖြင့် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှုကာကွယ်ရေး ပြည်သူလူထုအတွင်း အသိပညာပေးရေးလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်း မြို့နယ်များအားလုံးတွင် တစ်ပြိုင်တည်းလှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုလုပ်ငန်းစီမံချက်တွင် ပံ့ပိုးကူညီ ပူးပေါင်း ဆောင်ရွက်ခဲ့သည် Young Insuranceသည် မြန်မာနိုင်ငံစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့် ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော အသက်အာမခံနှင့် အထွေထွေအာမခံ ကုမ္ပဏီကြီးဖြစ်ပြီး၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုကာကွယ်ရေး အသိပညာ ရရှိရေးနှင့် ရောဂါကာကွယ်ရေးအတွက် ၂၀၂၀ခုနှစ် ဇန်နဝါရီလဆန်းမှစ၍ နှာခေါင်းစည်း Mask တစ်သိန်း၊ ပညာပေးလက်ကမ်းစာစောင်များနှင့်လက်ဆေးရည်ဗူးများကို အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာများသို့ ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Source: MJA
Photo: MJA
No comments:
Post a Comment