Thursday, March 05, 2020

ဗစ်တိုးရီးယားနာမည်ထုတ်ပြောသော ရဲမှူးချုပ်၁ ဦး၊ ရဲမှူးကြီး၂ ဦးနှင့် ရဲဇာနည် Facebook Pageကို ပုဒ်မ ၃ ခုဖြင့်ယခုလ တရားစွဲမည်၊ မူလအမှုလည်းပြန်ဖွင့်မည်


Image may contain: 3 people, people on stage and people standing
နေပြည်တော်တွင် ဖြစ်ပွားခဲ့သော ဗစ်တိုးရီးယားအမှုသည် တရားခံဟု သံသယဖြစ်ဖွယ်ရှိသော အောင်ကြီးကို တရားရုံးက လွှတ်ပေးလိုက်ပြီးနောက် လမ်းဆုံးသွားပြီဖြစ်ရာ အမှုမှန်ပေါ်ပေါက်ရေးမှာ ဝေဝါးနေသည်။ အမှုမှန်ဖော်ထုတ်ပေးနိုင်ခြင်းမရှိသော်လည်း ဗစ်တိုးရီးယား နာမည်ထုတ်ပြောခဲ့သော ရဲမှူးချုပ် ၁ ဦး၊ ရဲမှူးကြီး ၂ ဦးနှင့် ရဲဇာနည် Facebook Page ကို ပုဒ်မ ၃ ခုဖြင့် တရားစွဲရန်ရှိနေပြီး ဗစ်တိုးရီးယား အမှုကိစ္စ အမှုမှန် ပေါ်ပေါက်ရေးကိုလည်း ဆက်လက် ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ သမ္မတရုံးက ဗစ်တိုးရီးယားအမည် ထုတ်ပြောခဲ့တဲ့သူတွေကို တရားစွဲဖို့ ဘယ်နေ့က ခွင့်ပြုခဲ့တာလဲ။

ဖြေ။ ။ ပြီးခဲ့တဲ့အပတ်က သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ ကျွန်တော်တို့ ဆီခွင့်ပြုထားတာမဟုတ်ဘူး။ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးထုတ်ပြောသွားတာ သမ္မတကြီးက ပြစ်မူကျုးလွန်တဲ့ ဝန်ထမ်းတွေကို အရေးယူဆောင်ရွက်ဖို့ ညွှန်ကြားချက်ထုတ်တယ်လို့ပြောတယ်။ သက်ဆိုင်ရာ ကိုခေါ်ပြောတော့ ပြည်ထဲရေးတို့ဘာတို့ အဲဒီမှာပြောသွားတာလေ တရားစွဲဖို့။

မေး။ ။ဘယ်ရုံးမှာတရားစွဲမှာလဲ။

ဖြေ။ ။ ဗစ်တိုးရီးယားနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော်တို့ နှစ်ခုလုပ်ဖို့ရှိတာပေါ့နော်။ ဗစ်တိုးရီးယားရဲ့မူလအမူကိုြပန်ဖွင့်ဖို့ မူလအမှုကို ပြန်တိုင်ချက်ဖွင့်မယ်။ မူလအမှုကိုပြန်တိုင်ချက်ဖွင့်ဖို့က အမှုတစ်ခု နောက်တစ်ခုကရဲမှူးသုံးယောက်ကို တရားစွဲဖို့အတွက် ကျွန်တော်မူလ စီစဉ်ထားတာတော့ မတ်လ ပထမအပတ်ထဲမှာ ကျွန်တော်တို့စီစဉ်ထားတာပေါ့။
နည်းနည်းလေးအခက်အခဲရှိနေတာက တရားစွဲတဲ့အခါမှာ ဦးဆောင်ဦးရွက်မယ့် Independent Lawyers’ Association of Myanmar (ILAM) အဖွဲ့ကြီးက မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း ကျွန်တော်တို့ အသင်းပေါ့။ ကျွန်တော်တို့က ဆရာထင်လင်းဦးတို့ရဲ့ ဗစ်တိုးရီးယားအမှန်တရားကော်မတီရဲ့ ဥပဒေအဖွဲ့ကျွန်တော်တို့က မကြာခင်မှာ ညီလာခံ ကျင်းပဖို့ရှိတယ်။ ရွေးကောက်ပွဲနှင့်ရွေးကောက်ပွဲ ကန့် ကွက်လွှာအဲဒါလေ ကျွန်တော်တို့ နည်းနည်းအလုပ်ရှုပ်နေတော့ စွဲဖို့က Ready ဖြစ်နေပြီ။

ဒါပေမယ့် ဆရာ ထင်လင်းဦးနဲ့ပြန်ညှိရအုံးမယ်။ ညှိပြီးတော့ သတ်မှတ်ရက်အတိုင်းဆက်သွားမလား။ သို့တည်းမဟုတ် ကျွန်တော်တို့ ညီလာခံကတော့ ၈ရက်နေ့ ၉ရက်ပြီးရင်ပြီးပြီဆိုတော့ ဒုတိယ အပတ်ထဲကို ရွေ့သွားမလား။ မပြောနိုင်သေးဘူး။ မနက်ဖြန်ကျရင် ကျွန်တော်ဆရာထင်လင်းဦးနဲ့ ကျွန်တော်တွေ့ရမယ်။ ပထမအပတ်မတိုင်ခင်စွဲဖို့ ပြင်ထားတာ ကျန်ပါသေးတယ်။ ဒီနေ့ ၄ရက်ဆိုတော့ ၃ ရက်ကျန်ပါသေးတယ်။ ဒါပေမယ့် အခက်အခဲလေးကဖြစ်နေတာ ကျွန်တော်တို့ဘက်ကအခက်အခဲပါ။ကျန်တာ ဘာမှမခက်ခဲဘူး။ ကော်မတီနဲ့ ညှိရမှာပေါ့။ ကျွန်တော်တို့ သတင်းစာ ရှင်းလင်းပွဲလုပ်တဲ့မြို့နယ်ပေါ့နော် အဲဒီမှာစွဲမှာ။

မေး။ ။ ဘယ်သူတွေကို တရားစွဲမှာလဲ။

ဖြေ။ ။ ဗစ်တိုးရီးယားပင်မအမှုကတော့ ဒီလိုလုပ်ခံရတယ်ဆိုပြီးတော့ ဗစ်တိုးရီးယား ဘက်ကနေပြီး အမှုပြန်ဖွင့်တဲ့သဘောဖြစ်ပါတယ်။ ဒုတိယဟာကတော့ တရားခံကတော့ ရဲစုံစမ်းစစ်ဆေးရေးက ဘယ်သူဘယ်ဟာဖြစ်တယ်လို့ စွဲတင်တော့မှ အမှုပေါ်လာမှာပေါ့။ နောက်ဆုံးတစ်ချက်ကတော့ ရဲမှူးကြီး ၃ယောက် သူနဲ့ပတ်သက်ပြီးတော့ တရားစွဲဖို့ စီစဉ်ထားပါတယ်။

မေး။ ။ နာမည်ထုတ်ပြောသွားတဲ့ ရဲမှူးကြီးတွေလား။ ရဲဇာနည် Pageကိုကော စွဲမှာလား။

ဖြေ။ ။ ဟုတ်ပါတယ်။ ရဲဇာနည် Facebook Pageကောပါပါတယ်။

မေး။ ။ သူတို့ကို တရားစွဲမယ်ဆိုရင် ဘယ်ဥပဒေပုဒ်မ တရားစွဲမှာလဲ။

ဖြေ။ ။ ကျွန်တော်တို့က စွဲစရာတွေအများကြီးပဲဗျာ ၃ခုလောက်စွဲလို့ရတယ်။ နံပါတ်တစ်ကတော့ ၂၀၁၉ ကလေးသူငယ်အက်ဥပဒေနဲ့ စွဲလို့ရတယ်။ နောက်တစ်ခုကတော့ ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) နဲ့စွဲလို့ရတယ်။ နောက်တစ်ခုက ပုဒ်မ ၅ဝဝ (အသရေဖျက်မှု) နဲ့ စွဲလို့ရတယ်။

မေး။ ။ ဒီလို တရားစွဲတာ တရားရုံးတွေလက်ခံနိုင်မယ့် အနေအထားမျိုးရှိလား။

ဖြေ။ ။ ရှေ့နေကတော့ သူ့ဘာသူလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ရှေ့နေအလုပ်က အမှုဖွင့်မယ်။ တရားစွဲဆို ဆောင်ရွက်မယ်။ ဒီတရားစွဲခွင့်မပေးဘူးဆိုရင် တစ်ရုံးစီတစ်ရုံးစီတက်မယ်။ လက်ခံတယ် လက်မခံဘူးလားဆိုတာ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားပေါ်မှာပဲတည်တယ်။

မေး။ ။ ဒီအမှုပေါ်ကိုကော ဆရာ့အမြင်ဘယ်လိုရှိလဲ။

ဖြေ။ ။ ဒီမိုကရေစီ လိုလားတဲ့ အမှန်ပေါ်ပေါက်အောင်ဆောင်ရွက်တဲ့ တရားစီစဉ်ရေးစနစ်တစ်ခုလုံးကို စိန်ခေါ်နေတာ တရားစီရင်ရေးကို မှန်မှန်ကန်ကန်စီရင်ရေးနဲ့ ပြည်သူတွေနဲ့ နောက်ကွယ်က တရားစီရင်ရေးကို ချုပ်ကိုင်နေတဲ့လက်မဲကြီးအုပ်စုတွေပေါ့နော်။ အဲဒီပြည်သူနဲ့ ကြားထဲမှာဖြစ်တဲ့ပြဿနာအဲဒါေကြာင့် ကျွန်တော်ဝင်ပါတာဖြစ်တယ်။

By ရန်ကုန်ခေတ်သစ်

No comments:

Post a Comment

My Blog List