Thursday, March 05, 2020

ဖားကန့်၌ မြေကမ်းပါးယံပြိုကျ အမျိုးသားတစ်ဦး သေဆုံး


Image may contain: one or more people and outdoor, text that says 'one'
ကချင်ပြည်နယ် ဖားကန့်မြို့မှာ မတ် ၅ ရက် မနက်ပိုင်းက ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ မြေစာပုံပြိုကျပြီး မြေတူးယာဉ်နဲ့အတူ အမျိုးသားတစ်ဦး မြေစာဖုံး သေဆုံးခဲ့တယ်လို့ ဖားကန့်မြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ 
ဖြစ်စဉ်မှာ မတ် ၅ ရက် မနက် ၁ နာရီခွဲက ဖားကန့်မြို့ ဆွတ်ငိုင်ယန်ကျေးရွာက ယူနတီကုမ္ပဏီလုပ်ကွက်မှာ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းလုပ်ဆောင်နေစဉ် အမြင့်ပေ ၄၀၀ ခန့် ကမ်းပါးယံ မြေစာတွေပြိုကျခဲ့တာကြောင့် ကုမ္ပဏီ မြေတူးယာဉ် မောင်းနှင်သူ ဦးစိုးနိုင် နဲ့ VOLVOL–700 အမျိုးအစား မြေတူးယာဉ် မြေစာတွေဖုံးပြီး ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ပျောက်ဆုံးနေတာကြောင့် ဖားကန့်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေ ယူနတီကျောက်မျက်တူးဖော်ရေးကုမ္ပဏီ ဝန်ထမ်းတွေက ရှာဖွေခဲ့ရာ မနက် ၉ နာရီခန့်မှာ ဦးစိုးနိုင်ရဲ့ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ ရုပ်အလောင်းကို ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံကိုပို့ဆောင်ကာ ဖားကန့်မြို့မရဲစခန်းက ရဲဆေးစာမှတ်တမ်းတွေ ရယူထားတယ်လို့ သိရပါတယ်။

သတင်း- ဝင်းနိုင်(ကချင်မြေ)

No comments:

Post a Comment

My Blog List