Thursday, March 05, 2020

တပ်အပါအဝင်ကိုယ်စားလှယ် ၄ဦး၏ စကားရပ်အချို့မှတ်တမ်းမှနုတ်ပယ်

Image may contain: 4 people, people sitting
တပ်အပါအဝင်ကိုယ်စားလှယ် ၄ဦး၏ စကားရပ်အချို့မှတ်တမ်းမှနုတ်ပယ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက က ယနေ့ကြေညာသည်။

ယမန်နေ့က ဆွေးနွေးသွားခဲ့သော ကိုယ်စားလှယ်များထဲမှ ၄ဦး၏ ဆွေးနွေးချက်အချို့ကိုသာ မှတ်တမ်းမှ နုတ်ပယ်ခြင်းဖြစ်ကာ အခြားသော ကန့်ကွက်မှုများကို နုတ်ပယ်ခြင်းမပြုဟု နာယကက ထည့်သွင်းပြောဆိုခဲ့သည်။

ဆွေးနွေးချက်အချို့ မှတ်တမ်းမှနုတ်ပယ်ခံရသည့် ကိုယ်စားလှယ်၄ဦးမှာ ဦးမျိုးဝင်း၊ဦးဇော်မင်းလတ်၊ဦးလမာနော်အောင်၊ဗိုလ်မှူးကြီးတင်ထွန်းဦးတို့ဖြစ်ကာ ဦးမျိုးဝင်းဆွေးနွေးချက်ထဲမှ "ဆွေးနွေးချက် ရိုးသားမှုရှိဖို့လို၊သန္ဓေမမှန်သည့်"၊ဦးဇော်မင်းလတ် ဆွေးနွေးချက်ထဲမှ "အကျိုးဆက်-----လျှော့ရဲ"၊ဦးလမာနော်အောင်ဆွေးနွေးချက်ထဲမှ "တပ်-----ပြဌာန်းချက်"၊ဗိုလ်မှူးကြီးတင်ထွန်းဦးဆွေးနွေးချက်ထဲမှ "ပါတီအလိုကျပြင်ဆင်မှု"တို့ဖြစ်သည်ဟုသိရသည်။

ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List