Wednesday, March 04, 2020

ရခိုင်တိုင်းရင်းသားရေးရာ၀န်ကြီး ဦးဇော်အေးမောင်အား ရခိုင်အမျိုးသားပါတီဗဟိုမှ စစ်ဆေးမှုများ ပြုလုပ်မည်

Image may contain: 1 person, text that says 'one'
ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ၀န်ကြီး ဦးဇော်အေးမောင်ကို ရခိုင်အမျိုးသားပါတီဗဟိုဌာနချုပ်က စစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ ရခိုင်အမျိုးသားပါတီက တာဝန်ရှိသူက ပြောပါတယ်၊၊ 
၀န်ကြီး ဦးဇော်အေးမောင်ဟာ ဖေဖော်ဝါရီလ(၁၃)ရက်က စစ်တွေမြို့ဒေသခံ ရပ်မိရပ်ဖတွေနဲ့ အတူ နေပြည်တော်မှာ ကာကွယ်ရေးဉီးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအ၀င် တပ်မတာ်အရာရှိတွေနဲ့ တွေ့ဆုံခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဦးဇော်အေးမောင်အနေနဲ့ ပါတီရဲ့ခွင့်ပြုချက်ကို မတောင်းခံဘဲတွေ့ဆုံခဲ့တာဖြစ်တဲ့အတွက် ပါတီရဲ့စည်းကမ်းထိန်းသိမ်းရေး ကော်မတီက စစ်ဆေးမှုတွေပြုလုပ်သွားမှာ ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ၊ ပါတီနိုင်ငံရေးမူဝါဒ ဦးဆောင်ကော်မတီ၀င် ဦးထွန်းအောင်ကျော်က ပြောပါတယ်၊၊
“ ပါတီဝင် တစ်ယောက်ဟာ ပါတီက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ လိုက်နာဖို့ လိုပါတယ်။ အဓိက တာဝန်ကြီးကြီးမားမား ယူထားတဲ့ သူက ပိုပြီးတော့ လေးစားလိုက်နာဖို့ လိုပါတယ်” လို့ ပြောကြားခဲပါတယ်။
ပါတီကတော့ ဦးဇော်အေးမောင်ကို ဘာကြောင့်တွေ့ဆုံရတာလည်းဆိုတဲ့အကြောင်း မေးမြန်းဖို့ရှိတယ်ဆိုပြီး စာပို့ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်၊၊ ဒီလိုတွေ့ဆုံတာနဲ့ပတ်သက်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း သတင်းထုတ်ပြန်ထားပြီး ရခိုင်ပြည်နယ်ရဲ့ဖွဲဖြိုးတိုးတက်ရေး၊ ပညာရေး ၊ကျန်းမာရေး၊ စီးပွားရေးနဲ့ လူမှုဘ၀ဖွံဖြိုးတိုးတက်ရေးနဲ့ ဒေသငြိမ်းချမ်းရေးစတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်၊၊ ရခိုင်အမျိုးသားပါတီအနေနဲ့ စုံစမ်းစစ်ဆေးအရေးယူတာထက် စည်းကမ်းလိုက်နာဖို့ တည့်မတ်ပေးချင်တာကြောင့် အခုလို လုပ်ဆောင်တာဖြစ်တယ်လို့ ဦးထွန်းအောင်ကျော်က ပြောပါတယ်၊၊
“ ပါတီအနေနဲ့ အရေးယူရင် အဆင့်လေးဆင့်နဲ့ အရေးယူပါတယ်” လို့ ပြောကြားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ဟာ ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးရဲ့ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးအဖြစ် အစိုးရနှစ်ဆက်တိုင် တာ၀န်ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်၊၊


သတင်း- ကျော်လွင်

No comments:

Post a Comment

My Blog List